တောအုပ်ရဲ့အထီးကျန်မူမှာ
မေပယ်လ်ပင်တွေမျက်နှာမရကြဘူး
မှိုင်းမှိုင်းညို့ညိုတောင်တန်းနံဘေး
မြစ်မင်းရစ်ခွေစီးဖြာအပြာ
ဆောင်းဦးပေါက်မှာငွေ့ရည်ဖွဲ့သော
နှင်းတို့ရောက်ချိန်များဆိုရင်
သစ်တောဟာသူ့အပေါ်လွာဝတ်ရုံကိုတစ်လွှာချင်းခါချတယ်
နီကျင်ကျင်ဝါဖျော့ဖျော့ရွှေအိုရောင်အဆင်း
ရွက်ကြွေတို့တဖျောဖျောတသောသော
ကြည်စင်ရှင်းသန့်လို့ဝင်းပ
ကောင်းကင်ဟာဒုတ်ထိတိုးလျိုးပေါက်
အဝေးကွင်းပြင်အဆုံး
ဖြူလွလွတိမ်လွှာတို့ရဲ့အောက်
အနီရောင်သုတ်သစ်လုံးအိမ်ကလေး
တိမ်နဲ့တောင်ချစ်တင်းနှောရောယှက်
ဆောင်းဦးပေါက်ချိန်။
Nov 3, 2009
ငြိမ်းချမ်းအောင်
03 December, 2009
ဆောင်းဦးပေါက်ချိန်
Labels:
My poem
Subscribe to:
Posts (Atom)