21 November, 2012

Obama's Public Speech in Rangoon University



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

10 November, 2012

Romney's Complete Concession Speech: Romney's Loses the 2012 Election



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Obama's Complete Victory Speech: Obama Wins the 2012 Election



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

03 October, 2012

Daw Aung San Suu Kyi in Los Angeles



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi Speech at San Francisco



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi at Queens College in New York City - Part.4



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi at Queens College in New York City - Part.3



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi Speech at Queens College in New York City Part 2



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi at Queens College in New York City - Part.1



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi Meeting With New York Burmese Community



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

25 September, 2012

Aung San Suu Kyi Addresses Asia Society in Washington D.C.



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

22 September, 2012

DASSK Meets Washington D.C Burmese Families (Sept 20, 2012)



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

27 June, 2012

Burmese Democracy Leader Arrive in France



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

22 June, 2012

Burmese democracy leader addresses to Britain's both houses of parliamnet (June 21, 2012)



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

21 June, 2012

U2 - Walk On



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Oxford honours Burma's Suu Kyi



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Aung San Suu Kyi honoured by Oxford University with honorary degree



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

လရောင် ငြိမ်းချမ်းရေး စင်ကြယ်ခြင်းတေးကဗျာ

လွတ်မြောက်ရေးချိုးဖြူငှက်
လမိုက်ညရဲ့ ပိုးစုန်းကြူး
အကြမ်းမဲ့တိုက်ပွဲများရဲ့ သေနာပတိ
ခွပ်ဒေါင်းအပေါင်းရဲ့ မြတ်မိခင်။

နိုက်တင်ဂေးလ်ရဲ့တမန်တော်
ကမ္ဘာမြေတည်တံ့ခြင်းတေး
ငြိမ်းချမ်းရေးချစ်ခြင်းကဗျာ။

ဓမ္မကိုဆုပ်ကိုင်ရင်း
အဓမ္မတွေကြုံခဲ့ရ။

နွံထဲမှာပွင့်တဲ့ကြာ
အနိဌာရုံတွေထဲမှာ
သာတဲ့လမင်း။
ခေတ်တွေလင်းဖို့
အချစ်တွေခင်းခဲ့တယ်။

အန်တီ…
အမှောင်ခွင်းမဲ့အလင်းရောင်
သန့်စင်ကြည်လင်သော..
စင်ကြယ်မြင့်မြတ်သော..
ဖြောင့်မတ်တည်ကြည်သော..

အန်တီ..
လမ်းပျောက်သူတို့ရဲ့ ဓူဝံကြယ်
ရိုးသားဖြူစင်သော..
မဟာကရုဏာကြီးမားသော..
စွန့်လွှတ်ပေးဆပ်သော..

အန်တီ..
ခေတ်သစ် ရှင်စောပု..။
နှင်းဆီဖြူတစ်ပွင့်လိုလှတယ်
ကျောက်ဆောင်ကျောက်သားလို ခိုင်မာမြဲမြံတယ်
သီလလုံပြီး သမာဓိတည်တယ်…

အန်တီ..
ကမ္ဘာသူကမ္ဘာသားအပေါင်းက ချစ်ခင်နှစ်သက်သောအန်တီ..
ဆိတ်ကွယ်ရာ အရပ်မှာတောင် မကောင်းမှုကို မကျူးလွန်သော အန်တီ..
မှန်သောစကားကိုဆိုပြီး.. မှန်သော အကျင့်ကိုကျင့်သော အန်တီ..

အန်တီ..
သင့် စင်ကြယ်မှုအား ညစ်ထေးမှုတို့သည် မဖုံးလွှမ်းနိုင်
သင့် ရိုးဖြောင့်မှုအား ကောက်ကျစ်မှုတို့သည် မကျော်လွှားနိုင်
သင့် မှန်ကန်မှုတွင်မမှန်ကန်မှုတို့ ဒူးထောက်ရပေသည်
သင့်တည်ငြိမ်မှုတွင် မတည်ငြိမ်မှုတို့ ကျဆုံးရသည်
သင့် ဓမ္မတွင် အဓမ္မတို့ အညံ့ခံရသည်
သင့်ကိုယ်ကျင့်သိက္ခာကား ကြီးကျယ်လှပါသည်
သင့် ရဲရင့်မှုကား ထည်ဝါလှပါသည်
သင့် ဂုဏ်သတင်းကား မွှေးမြလှပါတော့သည်

အန်တီ..
သင့်အပြုံးသည် ကျွန်ုပ်တို့အတွက် လမ်းပြမြေပုံ ဖြစ်ပါသည်
သင့် စင်ကြယ်မှုသည် ကျွန်ုပ်တို့အတွက် လုံခြုံငြိမ်းချမ်းလှပါသည်
သင့်အားပိုင်ဆိုင်ခွင့် ရသော ကမ္ဘာမြေသည် ကြီးကျယ် ခမ်းနားလှပါသည်
သင့်အား မွေးထုတ်ခဲ့သော ခေတ်သည် ထည်ဝါခန့်ညားလှပါတော့သည်

အန်တီ..
သင်နှင့်တစ်နိုင်ငံတည်းသား..
တစ်မြေတည်းနေ..
တစ်ရေတည်းသောက်..
တစ်လမ်းတည်းလျှောက်..
တစ်ခရီးတည်းသွားရတာဂုဏ်ယူပါသည်။

သင်သည် ကျွန်ုပ်တို့ အတွက်
ကမ္ဘာမြေက ချီးမှောက်သော
အမွန်မြတ်ဆုံးသော လက်ဆောင် ဖြစ်ပါသည်..

Happy Birthday Aunty!!!!

မြန်မာပြည်လွတ်မြောက်ပါစေ!!!
ကမ္ဘာမြေငြိမ်းချမ်းပါစေ!!!
သင့် လိုအင်ဆန္ဒများပြည့်ဝပါစေသား!!!!

To Suu’s 67th Birthday falls on June 19th, 2012..

ငြိမ်းချမ်းအောင်
(ဇွန် ၂၀၊ ၂၀၁၂)

Read More...

DASSK Speech @ Oxford - June 20, 2012



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

DASSK @ LSE - June 19, 2012



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

DASSK @ Bergans - June 17, 2012



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Nobel Peace Prize - (re-upload)



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

DVB Interview with DASSK



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Oslo Forum - June 18, 2012



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

16 June, 2012

Daw Aung San Suu Kyi's Nobel Prize Acceptance Speech in Oslo, Norway (June 16, 2012)



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

15 June, 2012

Daw Aung San Suu Kyi Speechs to International Labour Conference 2012 (English)



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

09 June, 2012

လတ်တလော ဖြစ်ပေါ်နေသည့် ရိုဟင်ဂျာ ကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်၏ သဘောထား ရှင်းလင်းချက်



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

02 June, 2012

Interview with Thura U Shwe Mahn



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

East Asia 2012 - A Conversation with Daw Aung San Suu Kyi



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

East Asia 2012 - Press Conference with Daw Aung San Suu Kyi



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

M.W.D.C Factories' Workers Strike for Better Working Condition.



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Hi-Mo workers demand rights



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

16 May, 2012

ဆီမီးခုန်ရွာသို့.. တပေါင်းလ ခရီး



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

အာဏာပိုင်များမှ ဖြေရှင်းရန်ပျက်ကွက်နေဆဲ ကျူးကျော်နေထိုင်သူများ အရေး



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

21 April, 2012

ဟင်းလင်းပွင့် တောအုပ်

ကမ္ဘာသစ်ကိုမှီဖို့မသေချာဘူး
ကမ္ဘာဟောင်းမှာရှင်ဖို့မသေချာဘူး

ဟစ်တလာသေသွားတာသေချာတယ်
ကားလ်မာခ်ပြောခဲ့တာသေချာတယ်
ဗုဒ္ဓဟောခဲ့တာလည်းသေချာတယ်
သေချာတယ်ဆိုတာမသေချာဘူးဆိုတာသေချာတယ်

အလတ်ဆတ်ဆုံးလေကိုရှူရိုက်ဖို့
အခက်ခဲဆုံးတောင်ကုန်းကိုတက်ခဲ့တယ်

အခန့်ငြားဆုံးစီးဆင်းဖို့
အကြမ်းတမ်းဆုံးမြစ်မှာဆန်ခဲ့တယ်

ဒီလိုနဲ့
သခင်စိုးနဲ့မောင်ချောနွယ်ကိုလည်း
စိန်ခေါ်ရဲခဲ့ပြီ

ဒီလိုနဲ့
မြာပွေတဲ့မာယာကော့စကီးကိုလည်း
စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီ

ဒီလိုနဲ့
အိမ်ထောင်ဆက်များတဲ့
မော်စီတုန်းကိုလည်း
အကြည်ညိုပျက်ခဲ့ပြီ

ဒီလိုနဲ့
ကိုဗဟိန်းပြတင်းဝမှာသာတဲ့
လရောင်ကိုလည်းခံစားတတ်ခဲ့ပြီ

ပန်းပွင့်တွေနဲ့စကားပြောရင်း
ငှက်အော်သံတွေမှာအဓိပ္ပါယ်ရှာရင်း
နေပူထဲမီးပွိုင့်မိနေတဲ့လမ်းမှာ
ဖိနပ်ပေါက်ကိုစီးရင်း
အခမ်းနားဆုံးခရီးကိုဆက်ခဲ့တယ်

မြန်မာပြည်ကိုပခုံးနဲ့ထမ်းတင်မယ်ဆိုရင်
သမ္မတဦးသိန်းစိန်ကိုလည်းထောက်ခံမယ်

ချစ်သူကိုပျော်တော်ဆက်နိုင်ရင်
ဗေလုဝကိုလဲကျေးဇူးတင်တယ်

ဒီလိုနဲ့
ဟိုချီမင်းနဲ့ဦးဝင်းတင်တို့ရဲ့အထီးကျန်ရဲရဲတောက်
စိတ်ဓါတ်ကိုလေးစားရင်း

အကြမ်းတမ်းဆုံးနေ့တွေကို
အခမ်းနားဆုံးဖြတ်သန်းရင်း

ရှင်ဖို့အတွက်သေခဲ့ပြီ..။…။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၈၊ ၂၀၁၂)

Read More...

14 April, 2012

ပန်းချီကား

ဒီလိုနဲ့ကျနော်ရေးဆွဲနေတဲ့
ပန်းချီကားလေး
အချောမသတ်နိုင်သေးဘူး ။

ကျနော်ကရီရယ်လစ်ဇင်ပန်းချီဆရာပါ
စုတ်ချက်ကြမ်းကြမ်းတွေနဲ့ရေးဆွဲတတ်တယ်
ကင်းဗတ်စကိုတဗြန်းဗြန်းပုတ်ခတ်ပြီးဆွဲတတ်တယ်
ဒီ..ပန်းချီကားမှာတော့အဲလိုမဟုတ်တော့ဘူးဗျ
ပင်ကိုယ်ရှိတဲ့စိတ်ရိုင်းစိတ်ကြမ်းတွေမပါဘူး
နူးညံ့တဲ့ဝိညာဉ်ပူးကပ်ပြီးရေးဆွဲဖြစ်ပါတယ် ။

တကယ်တော့ကျနော်အခုဆွဲနေတာ
လက်နဲ့မဟုတ်ဘူး
နှလုံးသားနဲ့ရေးဆွဲနေတာပါ
ပြီးတော့ကင်းဗတ်စပေါ်မှာရေးဆွဲနေတာလည်းမဟုတ်ဘူး
အရေပြားပေါ်မှာရေးဆွဲနေတာ ။
ကျနော့်ရာဇ၀င် သမိုင်းကြောင်းပေါ်မှာ ရေးဆွဲနေတာ ။

ဒီပန်းချီကားထဲမှာ
ချစ်ခင်မြတ်နိုးခြင်း
နားလည်ခြင်းနဲ့သီးခံခွင့်လွှတ်ခြင်း
ယုယကြင်နာမြတ်နိုးခြင်း
ပြီးတော့ဘ၀ဆိုတဲ့ အရောင်တွေသုံးထားတယ် ။
တသက်လုံးဆေးသားပျက်ပြယ်မသွားအောင်
ခံနိုင်ရည်အားကောင်းတဲ့
အနီရောင်ရင့်ရင့်တွေလည်းသုံးချင်ပါတယ် ။

ရှူမျှော်ခင်းတွေလည်းထည့်ချင်တယ်
ကျယ်ပြောတဲ့ကောင်းကင်ပြာပြာကြီးနောက်ခံနဲ့
ပန်းခြံတွေ..
ကလေးကစားကွင်းတွေ..
လူမှုရေးဂေဟာတွေ..
ဘာသာရေးအဆောက်အုံတွေလည်းထည့်ချင်တယ် ။

ကျနော့်ပန်းချီကားထဲမှာ
ဇာတ်လိုက်ကလူသားနှစ်ယောက်ထဲပါ
သူတို့ကအဓိကသရုပ်ဆောင်တွေပေါ့
ဆုံးဖြတ်ချက်ချသူတွေလည်းဖြစ်တယ်
ပြောရေးဆိုခွင့်ရှိသူတွေလည်းဖြစ်တယ်
ဒီထဲမှာဇာတ်ပို့ဇာတ်ရံတွေမပါဘူး
အကြံပေးတွေလည်းငှားမထားဘူး
လူကြမ်းတွေလည်းသုံးမထားဘူး ။

ဒီပန်းချီကားဟာ
ကျနော့်အတ္တုပ္ပတ္တိလည်းဖြစ်တယ်
ကျနော့်အနာဂတ်လို့လည်းပြောလို့ရတယ်
ကျနော့်အတွက်အစလည်းဖြစ်တယ်…
အဆုံးလည်းဖြစ်နိုင်တယ်…

ကျနော်ကစိတ်ပါလက်ပါရေးဆွဲနေပေမဲ့
အချောသတ်ဖို့ခက်နေတယ် ။

ဆက်တင်ဆောက်ထားတဲ့
ရာသီဥတုကိုကျနော်မကြိုက်ဘူး။

ပတ်ဝန်းကျင်က
ကျနော်မကြိုက်တဲ့ပတ်ဝန်းကျင်
လေပြင်းတွေတိုးတယ်
မိုးတွေရွာချတယ်
နွေခေါင်ခေါင်နှင်းတွေတောင်ကျပြနေသေးတယ်။

ကျနော့်မော်ဒယ်လေးခမြာ
ဆိုးရွားတဲ့ရာသီဥတုဒဏ်ကို
အလူးအလိမ့်ခံနေရရှာတယ်
သူကနုနယ်ငယ်ရွယ်တယ်
သူဟန်ချက်တွေမကြာခဏပျက်တယ်
ကျနော်ကလည်း နေရာကချက်ခြင်းထ
သူရှိရာဆီသွားပြီးထိတွေ့ကိုင်တွယ်
ဟန်ချက်ပြင်မပေးနိုင်သေးဘူး ။

ဒီလိုနဲ့
ကျနော့်ပန်းချီကားလေး
အောင်မြင်စွာအဆုံးသတ်နိုင်မလား
လေပြင်းတွေတိုက်
မိုးတွေစိုရွှဲပြီးပျက်စီးသွားမလား
မရေရာတဲ့အခြေအနေမှာ
ကျနော်ကတော့ကြိုးစားရေးဆွဲနေတုံးပါပဲ ။….။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၂၊ ၂၀၁၂)

Read More...

12 April, 2012

အင်တာနက်ပေါ်က ဆရာတွတ်ပီများနှင့် ညီမလေးအတွက် ရေကြည်ချမ်းမြ (ကဗျာ)

ညီမလေးရေ..
ဝိုင်ယာမဲ့နည်းပညာမြင့်
ကမ္ဘာကြီးကိုဖြတ်သန်းတဲ့အခါ
ကျည်ကာအင်္ကျီဝတ်ပါ။

ကိုယ်ခံအားကောင်းအောင်
လေ့ကျင့်ပါ။
တိုက်ပွဲတွေမှာ
ခံစစ်ကိုသတိထားပါ။

တခါတခါ
အင်တာနက်ဆိုတာ
အင်ထုထားတဲ့တွင်းနက်နက်ကြီးပါကွယ်
ဖေ့ဘွတ်စ်ကတော့မာယာများတဲ့တောပေါ့
မက်ဆင်ဂျာစကိုင်းပိတွေနဲ့လိုင်းငြိနေသူတွေလည်းရှိတယ်

ညီမလေးရေ..
၂၀ ရာစုမြေခွေး ရုပ်ရှင်ကားတွေကြည့်ရင်း
၂၁ ရာစုဝံပုလွေတွေအကြောင်းစဉ်းစားရတာစိတ်ဝင်စားဖို့ကောင်းပါတယ်။
အိုဘားမားကတော့ဗမာပြည်ဟာသူ့အောင်မြေလို့ကြွေးကြော်နေလေရဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလည်းယတြာချေဖို့ကြံနေတယ်
သင်္ကြန်စာမှာတော့ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်အကြောင်းမပါဘူး
တိဘက်တွေသနားပါတယ် ညီမလေးရယ်
ပေါက်ဖော်ကြီးတို့လူပါးဝလွန်းတယ်

အသစ်စက်စက်မြန်မာပြည်မှာတော့
ဖောင်ဒေးရှင်းတွေပေါတယ်။
ရပ်ကွက်ထဲမှာတော့
ဆင်းရဲသားတွေပေါတယ်။
ဖေ့ဘွတ်စ်မှာတော့
သူရဲကောင်းတွေပေါတယ်။
အီးမေးထဲမှာတတ်ယောင်ကားတွေပေါတယ်။
ရုပ်ကြမ်းဝါဒီလူမိုက်တွေလည်းရှိရဲ့။
ဗမာပြည်ကိုကယ်တင်မယ်လို့ပြောတယ်။
ဆရာတွတ်ပီလိုပဲ
အမှောင်ခေတ်မှာ လူညံ့တွေပေါလွန်းလှချေရဲ့ကွယ်။

အကိုကတော့
ကွန်ပြူတာထဲ ဗိုင်းရပ်ပ်စ်ပိုးတွေမ၀င်အောင်
ကြိုးစားကာကွယ်နေရတယ်။
ဦးဏှောက်ကို လေစိမ်းတွေအတိုက်မခံရအောင်
မနည်းကာကွယ်နေရတယ်။
နှလုံးသားတွေအေးခဲမသွားအောင်
အချစ်စိတ်များများမွေးမြူနေရတယ်..

ညီမလေးရေ..
စာဆိုတိုင်းလည်းသွားမဖတ်လေနဲ့
လင့်ခ်တွေ့တိုင်းလည်းမကလစ်မိစေနဲ့
အမြင်မတော်တိုင်းလည်းဝင်မပြောနဲ့
ဓါတ်ပုံမြင်တိုင်းလည်း Like မလုပ်နဲ့
အုပ်စုတိုင်းမှာလဲဆွဲအထည့်မခံနဲ့
သူငယ်ချင်းလက်ခံတာလည်းသတိထား
အရာရာချင့်ချိန်ပါ၊ စဉ်းစားပါကွယ်။

အမှိုက်တွေလာတင်ရင်ဖယ်ထုတ်လိုက်ပါ။
ပတ်ဝန်းကျင်က
အသုံးမ၀င်တဲ့ပစ္စည်းတွေပေးရင်လည်း
အသုံးဝင်တဲ့ပစ္စည်းတွေပဲ
ပတ်ဝန်းကျင်ကိုပြန်ပေးလိုက်ပါ။
ကမ္ဘာမြေကို..
ချစ်ခြင်းမေတ္တာပဲပေးပါ
ချစ်ခြင်းမေတ္တာပဲယူပါ။

ဘာပဲဖြစ်ဖြစ်..
ဘယ်လိုပဲဖြစ်ဖြစ်..
အပြုံးပဲဖြစ်ဖြစ်..
အမုန်းပဲဖြစ်ဖြစ်..

ညီမလေးရေ..

ဟင်းလင်းပွင့်ကောင်းကင်အောက်မှာ
ပိတောက်တွေပွင့်ပြီကွယ်။
ဖေ့ဘွတ်စ်ပေါ်ထိန်ထိန်တောက်လို့
ပွင့်ပြီကွယ်။
ဘလော့တွေမှာလည်း…သင်္ကြန်ကျနေပြီ။
အင်တာနက်ပေါ်..ရေတွေစိုစိုရွှဲ။
အီးမေးတွေမှာလည်း..ဗွက်ထနေပြီ။

မနက်ဖြန်ခါဘာဖြစ်ဖြစ်ပါ..
နောင်နှစ်ခါဘာဖြစ်ဖြစ်ပါ..
မေတ္တာရေစင်အေးတစ်ခွက်ကို
ယုယကြင်နာဖျန်းပက်လိုက်ပါတယ်။
ကြည်နူးဖွယ်နှစ်သစ်ကူးပါ။
မင်္ဂလာဖြိုးဝေ..
အလှကျက်သရေတိုးပါစေကွယ်။….။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၁၊ ၂၀၁၂)

Read More...

11 April, 2012

ဂီတ၊ ရုပ်ရှင်၊ ဂုဏ်ပြုညစာ


Read More...

02 April, 2012

အန်အယ်ဒီ (၂)

ဖွတ်နဲ့ပေါင်းတာမဟုတ်
ခွပ်ဖို့ချောင်းတာ။

ကောင်းဖို့ရှေ့တိုး
ဒေါင်းမျိုးဟေ့။
ပြည်သူ့ဒီမိုကရေစီ
မုချအောင်ရမည် ။..။

ငြိမ်းချမ်းအောင်
ဧပြီ ၁၊ ၂၀၁၂

Read More...

ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှုအတွက် အောင်ပွဲခံနေသော အန်အယ်ဒီနှင့်ပြည်သူများ



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

31 March, 2012

Artists NLD Vote Campaign


Read More...

VOTE NLD - Singer Lin Lin


Read More...

VOTE NLD - Singer Kabyar Bwe Mhuu


Read More...

VOTE NLD - Singer Chit Thu Wai


Read More...

30 March, 2012

VOTE NLD - Singer Saung Oo Hlaing


Read More...

VOTE NLD - Singer Maritza


Read More...

VOTE NLD - Than Thar Win


Read More...

VOTE NLD - Singer Annagga


Read More...

VOTE NLD - Singer R Zarni


Read More...

VOTE NLD - Artist Ye Taik


Read More...

VOTE NLD - Artist Wai lu Kyaw


Read More...

27 March, 2012

နွေဦးသစ်ကို ကြိုဆိုခြင်း

နယူးရော့မြို့ကြီးပေးမယ်ဆိုလဲ
ဒို့မန္တလေးနဲ့မလဲနိုင်ဘူး။
ဒေါ်လာထီလီယမ်တစ်ရာပေးရင်လဲ
ဧရာဝတီမြစ်ကြီးမရောင်းနိုင်ဘူး။
အနောက်ဖက်ကိုနေ၀င်သွားတာ
အရှေ့ဖက်ကပြန်ထွက်လာဖို့ဖြစ်တယ်။
လဲကျတာဟာပြန်ထဖို့ဖြစ်တယ်။
ဗမာစစ်ရင်ပြည်ချစ်တယ်။
အချစ်ရေ..
ပိတောက်ဟာတော်ဝင်အချစ်ပန်းဖြစ်တယ်။
မြို့မငြိမ်းနဲ့ငွေငန်းဟာမန္တလေးသားအစစ်ဖြစ်တယ်။
မန္တလေးကိုမရောင်းကြနဲ့။
ဧရာဝတီမြစ်ကြီးရောင်းမစားကြနဲ့။
အချစ်ရေ..
နရသီဟပတေ့လက်ထဲမှာတိုင်းပြည်ကိုမထားခဲ့ပါနဲ့။
ရာဇ၀င်မှာစောလူးဟာအကြိမ်ကြိမ်သေရတယ်။
မင်းကျန်စစ်ဟာအကြိမ်ကြိမ်ရှင်သန်ထမြောက်တယ်။
အချစ်ရေ..
အန်အယ်လ်ဒီကိုမဲပေးပါ။
အနာဂတ်ကိုရဲရဲတွေးပါ။
ဗမာပြည်ဟာရောင်းကုန်မဟုတ်ဘူး။

အချစ်ရေ
လက်ချင်းမြဲမြဲချိတ်ထား
လူချင်းမြဲမြဲတွဲထား
ဗမာပြည်ဟာရောင်းကုန်မဟုတ်ဘူး..။…..။

ငြိမ်းချမ်းအောင်
(မတ် ၂၆၊ ၂၀၁၂)

Read More...

23 March, 2012

ဒီလိုလေး ခြစ်တတ်ရင် ရပြီ!!!


Read More...

US Special Envoy Derek Mitchell Gives an Interview to VOA Burmese (English Version)


Read More...

24 February, 2012

ကိုကိုကြီး သရက်ခရီးစဉ်


Read More...

14 February, 2012

မဟူရာတမ်းချင်း (သို့မဟုတ်) ဆရီခွန်သို့ပေးစာ

(ဖေဖော်ဝါရီ ၁၄ အတွက်ရေးသည်)

“သို့ ချစ်သောဆရီခွန်”

ကြယ်တစ်လုံးကြွေတိုင်း
ကျောက်တုံးတစ်တုံးဖြစ်တဲ့ကမ္ဘာမြေမှာ
ကမ္ဘာဟောင်းတခုပျက်စီးတိုင်း
ကမ္ဘာသစ်တခုဖြစ်ပေါ်လာရိုးလား

အခုငါဖတ်နေတဲ့
ငါ့ဒိုင်ယာရီဟောင်းစာအုပ်ထဲမှာ
မင်းနာမည်ဟာ ၀င့်ဝင့်ကြွားကြွား
အခုငါရပ်နေတဲ့ကတ္တရာလမ်းကလေးပေါ်မှာ
ငါတို့အတိတ်ဟာ ထင်ထင်ရှားရှား။

ခွန်ဆရီခွန်..
လူတစ်ယောက်ဟာဘ၀မှာ
တကြိမ်တခါတော့အချစ်နဲ့တွေ့ဖူးကြမှာပဲ
မင်းဟာငါချစ်သော ငါ့ဆရီခွန်ဖြစ်တယ်။

“ဧပြီ ၁၄၊ ၁၉၉၇..”
လင်းထိန်တောက်ပစူးရှသောနေရောင်ခြည်အောက်မှာ
လူငယ်တစ်ယောက်
နုပျို၊ တက်ကြွ၊ ဖျတ်လတ်၊ လန်းဆန်း

အဖြူနဲ့အမဲ အချစ်နဲ့အမုန်းသာသိသောလူငယ်တစ်ယောက်..
ရေပက်ခံကားတွေကြား..
ရွှင်မြူးအော်ဟစ်ကခုန်နေတဲ့လူတွေကြား..
အ၀ါရောင်လေဟာနယ်ထဲမှာ..
နေ့ခင်းကြောင်တောင် လမင်းထိန်ထိန်သာတာမြင်ခဲ့ဘူးတယ်..

ရင်သပ်လှိုက်မောဖွယ်ရာမင်းအလှကိုမြင်မြင်ခြင်း
ကိုယ်ကျဆုံးသွားခဲ့တာဝန်ခံပါရစေ
ချစ်သောဆရီခွန်
လက်ထဲကရေခွက်ကိုပြပြီးမင်းကိုရေပက်ချင်တဲ့အကြောင်းငါခွင့်တောင်းတော့
ငါ့ရဲတင်းမှုကို အပြုံးနဲ့တုန့်ပြန်မှုက
နူးညံ့ငြင်သာလွန်းတယ်
ကားမှန်တံခါးကိုချ ငါကမ်းပေးတဲ့
စံပယ်ပန်းကုံးကိုလှမ်းယူလိုက်တဲ့
မင်းလက်ခြောင်းကလေးတွေဟာ လှပပြေပြစ်လိုက်တာ
“ဆ၀ါ့ဒီပီမိုင်းခ” တဲ့ မင်းနူတ်ခမ်းလှလှလေးကို အသက်မရှူမိဘဲ ငါဟာငေးမော
ငါတောင်းလို့ မင်းဖုန်းနံပါတ်ကို မင်းငွေစက္ကူ ၁၀၀ ချပ်ပေါ်
ကြည်ကြည်ဖြူဖြူချရေးပေးတော့
အဲဒီပိုက်ဆံလေး ကာလတော်တော်ကြာ ကိုယ်သိမ်းထားဖြစ်ခဲ့တယ်။

သင်္ကြန်အတက်နေ့
မင်းနဲ့ငါအတူတူလျှောက်လည်ဖြစ်ခဲ့တာကစလို့
ရက်မှလတွေကူးတဲ့အခါ
ကိုယ်တို့နှစ်ယောက်ဟာအချစ်အကြောင်းမပြောဖြစ်ကြပဲ
ချစ်သူဖြစ်ခဲ့ကြတယ်ဆိုပါစို့..

ဒီလိုနဲ့ဒီဇာတ်လမ်းမှာ
မြို့ရိုးဟောင်းကျုံးနံဘေးခုံတန်းလေးဟာမင်းသားဖြစ်
စင်ထရယ်အပေါ်ထပ်ကရုပ်ရှင်ရုံဟာအောင်သွယ်ဖြစ်
လမ်မောချောလမ်းမပေါ်ကနွားနို့ဆိုင်ကလေးဟာမင်းသမီးဖြစ်
စီအမ်လ်ယူကမ်းပတ်ထဲကကွေ့တီယိုဆိုင်ကလေးဟာသက်သေဖြစ်
ဒွိုင်ဆူထစ်တောင်ပေါ်ဘုရားရယ်..
နမ်မောချောလမ်းမကြီးပေါ်ကတနင်္ဂနွေဈေးတန်းကလေးရယ်..
မဲပင်းမြစ်နံဘေးကရွာကလေးတွေရယ်ဟာဇာတ်ပို့တွေအသီးသီးဖြစ်ခဲ့..။

ဆရီခွန်ရေ..
မြောက်ပိုင်းနှင်းဆီရဲ့
ဆောင်းချမ်းမြမြညတွေမှာ
တစ်ယောက်လက်တစ်ယောက်ဆွဲ
တစ်ယောက်ရင်ခွင်ထဲတစ်ယောက်တိုးဝင်ရင်း
လွိုင်ကထုံမီးမျှောပွဲကရောင်စုံမီးလုံးတွေလို
မင်းမျက်နှာမှာ ပန်းမျိုးတစ်ရာပွင့် လမင်းတစ်ရာသာခဲ့ဖူးတယ်…

ဘာအနှောင်အဖွဲ့မှမပါပဲ
ရင်ဖွင့်ပြီးဝင်လာတဲ့မင်းအချစ်က
မဟူရာထက်နက်နဲတဲ့အရာမျိုး
တခါတခါ
ငါ့အသားထဲအထိမင်းကိုယ်သင်းနံ့ဟာထဲထဲဝင်ဝင်
သကြားလုံးထက်မင်းနူတ်ခမ်းတွေကချိုမြိန်လို့
ငှက်တောင်မွေးလိုမင်းအရေပြားနူးညံ့ညက်ညောချောမွတ်
မင်းမျက်ဝန်းတွေအစဉ်အမြဲချိုကြည်လဲ့ချစ်ရည်ရွှန်း
ဆရီခွန်
မင်းနှလုံးသားက
နှင်းဆီစိုက်တဲ့မင်းလက်ဖ၀ါးတွေထက်ပိုမိုနူးညံ့
ကိုယ့်လောက်မင်းအပေါ်ဆိုးတဲ့လူရှိမှာမဟုတ်ဘူး
မင်းလောက်ကိုယ့်အပေါ်ကောင်းတဲ့လူမရှိဘူး

ဘ၀ဟာ
မင်းထင်သလောက်သာတောင့်သာယာမရှိခဲ့ဘူးခွန်ဆရီခွန်
မင်းကိုပြုံးပြနေခဲ့ပေမဲ့၊ ကိုယ့်ရင်ထဲမှာနုံးနေတယ်
စိုးရွံ့စိတ်က နာတာရှည်ရောဂါလို
ကိုယ့်ခန္ဒာကိုယ်မှာစွဲကပ်နေတဲ့ သေရာပါဒဏ်ရာ
အခုထိကိုယ့်ကိုနှိပ်စက်တယ်..

နှင်းဆီစိုက်ခင်းပိုင်ရှင်ဘွဲ့ရပြီးစမိန်းမပျိုတစ်ယောက်
ခြေသလုံးအိမ်တိုင်အိတ်ပ်ဇိုင်းတစ်ယောက်
နေ့နဲ့လရွှေနဲ့မြမဖြစ်ခဲ့ကြဘူး..

ကိုယ့်ထက်သာတဲ့ပတ်ဝန်းကျင်ကိုစွန့်ခွာပြီး
မင်းကိုယ့်အနားနေခဲ့တယ်
ကိုယ့်အရိုင်းဆန်မှုမှာ
မင်းပျော်ရွှင်မြူးတူးခဲ့တယ်..
ဒါပေမဲ့
မင်းကတိုယိုတာကားအသစ်ကိုစီးနင်းနေချိန်မှာ
ကိုယ့်မှာကိုယ်ပိုင်စက်ဘီးတစ်စီးမရှိခဲ့ဘူး
မင်းကဘတ်ငွေထောင်ကျော်တန်အင်္ကျီလှလှလေးတွေဝတ်ဆင်နေချိန်မှာ
ကိုယ်ကနိုင်ငံခြားကအလကားပေးပို့လာတဲ့
ဘေထုတ်ထည်တွေဆင်မြန်းလို့
ကိုယ်နဲ့အပြင်တွဲသွားတွဲလာ မင်းသိက္ခာကျခဲ့မှာ အမှန်ပဲ..

မုန့်စားတိုင်း..
ရုပ်ရှင်ကြည့်ဖြစ်တိုင်း..
လျှောက်လည်တိုင်း..
ကုန်ကုန်ပြောရရင်..ကုန်ကုန်ပြောရရင်
မင်းပိုက်ဆံပဲသုံးနေရတာကြာတော့
မင်းဖုန်းဆက်ပြီး အပြင်သွားဖို့ချိန်းမှာတောင်ကိုယ်ကြောက်လာခဲ့တယ်..

ဒါပေမဲ့ ကိုယ်က အဆံမရှိပေမဲ့ ဟန်တော့အပြည့်ပဲ
မင်းအလှမှာယစ်မူးခဲ့ပေမဲ့
မင်းရဲ့ချစ်ကြင်နာမြတ်နိုးမှုမှာအကြိမ်ကြိမ်လဲကျ
ရုန်းထွက်ရန်ခက်လှပေမဲ့
(အခြေအနေအရပ်ရပ်ကိုသိတဲ့အခါ)
ချစ်ရဲ့လားတဲ့ မေးတဲ့မင်းကို
ကိုယ်မင်းကိုမချစ်ဘူးလို့
တနေ့မှာခေါင်းမာမာနဲ့ပြောဖြစ်ခဲ့တယ်..

ကိုယ်ဟာ
စာနာထောက်ထားငဲ့ညှာသနားရမှန်းမသိသော
ဘာဆိုဘာမှမသိသော
တကိုယ်ကောင်းဆန်တဲ့လူမိုက်ပါကွယ်

၁၉၉၉၊ ဇူလိုင်မိုးမည်းသဲမဲစွာရွာသွန်း
ခန္ဒာကိုယ်မှာမိုးရေစက်တွေစိုရွှဲလို့
ဖွေးဖွေးဆွတ်အဖြူရောင်ရှပ်အင်္ကျီပါးလေးမင်းခန္ဒာကိုယ်ထဲစွဲဝင်လို့
မင်းတို့ရိုးရာလက်လုပ် ဆူဗီနီးယား ငှက်ရုပ်ကလေးနှစ်ရုပ်ကိုင်လို့
မင်းရောက်လာခဲ့တယ်
သစ်ကိုင်းပေါ်နားနေတဲ့ငှက်ကလေးတစ်ကောင်ကိုယ့်ကိုပေးတယ်
ကောင်းကင်ထဲထိုးတက်ပျံသန်းတော့မဲ့ ငှက်ကလေးကိုမင်းယူသွားတယ်။
ကိုယ်မသိဘူး။ အဲဒီနေ့ကကိုယ့်ဆီကမင်းအပြီး ထွက်ခွာသွားခဲ့ပြီဆိုတာ။

ဒီလိုနဲ့
ဒီဇာတ်လမ်းမှာ
ကိုယ်ဟာလူကြမ်းလုံးလုံးဖြစ်
ကိုယ့်သမိုင်းဟာအမဲစက်စွန်းထင်းရစ်ခဲ့ပြီ။

ဆရီခွန်ရေ..
ကိုယ်ဟာပြောင်းလဲခဲ့ပြီ။
ကိုယ်ဟာပြောင်းလဲခဲ့ပြီဆရီခွန်။
ပုဂံကိုချစ်သလို
ဇင်းမယ်ကိုလဲ ချစ်တတ်ခဲ့ပြီ
ဧရာဝတီကိုချစ်မိသလို
ချောက်ဖရားနဲ့မယ်ပင်းမြစ်တွေကိုလည်း
ကိုယ်ချစ်တတ်ခဲ့ပါပြီ။

ဗမာဘုရင်ဦးအောင်ဇေယျကိုလေးစားသလို
မင်းတို့မြေ၊ မင်းတို့ရေ၊ မင်းတို့အချုပ်အခြာအာဏာကိုလည်း
ကိုယ်အခုလေးစားတတ်ခဲ့ပါပြီ..ကွယ်။

ချစ်သော ဆရီခွန်ရေ
အရင်တုံးကလို
ကြွေကျလာတဲ့ကြယ်စင်တစ်လုံးကို မင်းပြုံးပြဖြစ်သေးလား
တမျှော်တခေါ်ကျယ်ဝန်းတဲ့မင်းနှင်းဆီခင်းအစပ်ကကွပ်ပစ်မှာထိုင်ပြီး
လရောင်ကိုမင်းငေးမောကြည့်ဖြစ်သေးရဲ့လား
မင်းထိုင်နေတဲ့ခုံတန်းစပ်နားအထိညွတ်ကျလာတတ်တဲ့
ညမွှေးပန်းရနံ့တွေကိုကောအားပါးတရ
မင်းနမ်းရိုက်ဖြစ်သေးရဲ့လား..။

အခုနေပြန်တွေ့ရင်
ကိုယ့်မျက်ဝန်းတွေကနေကိုယ့်ရင်ထဲမင်းမြင်အောင်ကြည့်လှည့်ပါ
ကိုယ့်အပြုအမူကနေ ကိုယ့်နှလုံးသားကိုရအောင်ဖတ်လှည့်ပါ
အမြဲတမ်းပြုံးနေတဲ့မင်းမျက်နှာမှာ ဒီထက်ထပ်ပြီးပြုံးပြစရာမလိုတော့အောင်
ကမ္ဘာမြေမှာမင်းအပြုံးတွေနဲ့လျှံကျနေခဲ့ပြီ..။
ချစ်တယ် ဆရီခွန်
မင်းတို့ပိုင်တဲ့မင်းတို့နိုင်ငံမြေသားစိုင်ကိုဆုပ်ကိုင်ပြီး
ငါပြောမယ်
မင်း စိတ်
မင်း နှလုံးသား
မင်းခန္ဒာကိုယ်
မင်း လုပ်နေတဲ့အလုပ်
အားလုံး..
အားလုံး..
အရာအားလုံးကို ကိုယ်ချစ်တယ်..။

ကိုယ်ဟာ
မြစ်အားလုံးကိုလှိုက်လှိုက်လှဲလှဲချစ်တတ်ခဲ့ပြီ
သစ်ပင်တိုင်းကိုကြင်ကြင်နာနာကြည့်တတ်ခဲ့ပြီ..။

ဟုတ်တယ် ဆရီခွန်
ညီရင်းအစ်ကိုစိတ်ဓါတ်နဲ့
ကြီးကျယ်မြင့်မြတ်တဲ့ မဲခေါင်ဟာ
ကမ္ဘာတည်သရွေ့ စီးဆင်းနေလိမ့်မယ်။
မင်းရိုးသားမှု
စင်ကြယ်မြင့်မြတ်တဲ့မင်းစိတ်ရင်းစေတနာ
ပြီးတော့ မင်းမေတ္တာတရား
မင်းခန္ဒာကိုယ်သွေးကြောမျှဉ်တွေစီးဆင်းနေသ၍
စီးဆင်းနေလိမ့်မယ် ကိုယ်ယုံကြည်တယ်။

သေဘာၤဥၾသသံဟာ
မြစ်ရဲ့ဆည်းလည်းသံပါ
မင်းသွားနေကျ မဲခေါင်မြစ်ကမ်းနံဘေးတစ်နေရာရာမှာ
မင်းရောက်နေခဲ့တယ်ဆိုရင်
ခေါင်တိုင်ကနေ ကောင်းကင်ပေါ်တက်သွားတဲ့
မီးခိုးငွေ့တွေ လေထုထဲပျောက်ကွယ်မသွားခင်
ကိုယ့်ကိုစကားတခွန်းပြောခွင့်ပေးပါ
ကိုယ့်စိတ်ရင်းနဲ့ပြောတဲ့တောင်းပန်စကား
မင်းရှိရာအရပ်ဒေသဆီရောက်နိုင်ပါစေသား...

ဆရီခွန်ရေ..
ဝါရွက်တွေနဲ့လမ်းကလေးပေါ်နင်းလျှောက်ရင်း
အခု
ကိုယ်မင်းကိုသတိရနေတယ်
ကြွေကျနေတဲ့သစ်ရွက်ဝါလေးတွေငေးကြည့်ရင်း
အနိစ္စ သဘောကိုကိုယ်ဆင်ခြင်နေခဲ့မိတယ်...

ကိုယ်ယုံကြည်တယ် ချစ်သောဆရီခွန်
အချစ်ဆိုတာ ရယူခြင်းလဲမဟုတ်ဘူး
ပေးဆပ်ခြင်းလဲမဟုတ်ဘူး
အချစ်ဆိုတာရှေးကုသိုလ်
စိတ်ကောင်းရှိရင်ပေါင်းရမယ်..။…။

ငြိမ်းချမ်းအောင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂

(ဧပြီ ၂၀၁၀ တွင် ချင်းမိုင်မြို့မှာရေးခဲ့၊ အဆုံးမသတ်ဖြစ်ခဲ့တဲ့ကဗျာပါ၊ အခု ၂၀၁၂ ချစ်သူများနေ့အတွက် ပြန်ရေးပါတယ်။)

Read More...

21 January, 2012

အန်အယ်လ်ဒီ

သူ့လက်ဖျံမှာထိုးတဲ့ဆေးမင်ကြောင်ကအောင်ဆန်းစုကြည်
သူ့မဟာမိတ်ကမင်းကိုနိုင်နဲ့သူရဲကောင်းများ
သူအုတ်မြစ်ချမှာပြည်သူ့ဒီမိုကရေစီ
သူရင်းနှီးမြှုပ်နှံထားတာတိုင်းချစ်ပြည်ချစ်စိတ်ဓါတ်
သူ့စုဖွဲ့မှုကလူထုလူတန်းစားအလွှာအသီးသီး
သူ့လမ်းပြမြေပုံကတိုက်ပွဲတရာအောင်ပွဲတရာ
သူ့ဥယာဉ်မှာပန်းတိုင်းပွင့်ရမယ်ပွင့်တိုင်းမွှေးရမယ်
သူ့တန်ဖိုးကဗြဟ္မစိုရ်တရားလေးပါး
သူချိတ်ထားတဲ့ဆိုင်းဘုတ်ကအမျိုးသားပြန်လည်သင့်မြတ်ရေး
သူ့မက်ဆေ့ခ်ျကတိုက်ပွဲမပြီးဆုံးသေးဘူး အောင်ပွဲဆီရှေ့သို့ချီ
သူ့ကြေငြာချက်ကလက်မမြှောက်ဘူး အရူံးမပေးဘူး တိုက်ပွဲဝင်နေတယ်
သူ့နည်းဗြူဟာက အခြေအနေကိုသိ အချိန်အခါကိုကြည့်
သူ့ပန်းတိုင်ကသမိုင်းသစ်တခုရေးထိုးခြင်း
သူ့နောက်ဆုံးစကားက ညီညွတ်ပါ ညီညွတ်ပါ ညီညွတ်ကြပါ
သူကြွေးကြော်လိုက်တာနွေဦးဟာခူးဆွတ်ရဲသူအတွက်ဖြစ်တယ်

ပြိုကျနေတဲ့အဆောက်အအုံကို ဖြိုချလို့ကောင်းရန်ပြင်ဖို့..
ဒေါင်းအလံကိုကိုင်ဆွဲ ကောင်းရန်အစဉ်ခိုင်မြဲစေဖို့..
မိစ္ဆာစနစ်မျိုး ခေတ်ဆိုးတွေချုပ်ငြိမ်းဖို့..

ပြည်သူ့ရင်ခွင်ဆီ အနက်ရိုင်းဆုံး ထိုးဖောက် ခရီးရှည်ချီ
အန်အယ်ဒီ ရောက်လာခဲ့ပြီ

ငြိမ်းချမ်းအောင်
(ဇန် ၁၉၊ ၂၀၁၂ တွင် ကဗျာဟောင်းကို ဖြည့်စွက်ရေးသားတယ်)

Read More...

14 January, 2012

U Khin Nyunt meets Press


Read More...

09 January, 2012

NLD membership application form

Read More...

01 January, 2012