ညီမလေးရဲ့ချစ်မေတ္တာနဲ့ပွင့်လာတဲ့ပိတောက်ဝါတွေ
ကျနော့်ရင်ခုန်သံနရီစီလိုင်းတွေနဲ့သင်းထုံဂုဏ်မောက်လို့နေခဲ့တယ်
နေကိုအန်တုလို့
နွေလေပူထဲမှာ
ပိတောက်နဲ့ငုဝါတွေ
ငွားစွံ့
ကြွားဝံ့
အပွင့်ရဲလိုက်ကြတာ
အသက်ကြီးလည်း
မပျက်စီးဆဲမေတ္တာစစ်နဲ့ချစ်ခဲ့တယ်
နီးနီးဝေးဝေး
ဝေးဝေးလှမ်းလှမ်း
အချစ်စစ်ဆိုတာ
သစ္စာနဲ့ပွင့်ပြီး
မေတ္တာကြောင့်တင့်ခဲ့တယ်
ညီမလေးရယ်
အရာအားလုံးကိုခေတ္တမေ့
သင်္ကြန်လေပြေရဲရဲပွေ့ပါ
မင်းပန်ဖို့ပိတောက်ဝါ
နိုင်ငံရေးသဘောထားမပါဘူး
အငြင်းအခုံအနိုင်အရူံးမပါဘူး
မြတ်နိုးတွယ်တာချစ်မေတ္တာရေစင်ဖျန်း
ဒီနွေဦးဟာ.. လန်းဆန်းရမယ်
ညီမလေးရယ်
မိုးလောက်ကြီးချစ်ပါတယ်
မြေလောက်ကြီးချစ်ပါတယ်
ပင်လယ်လောက်ကြီးချစ်ပါတယ်
ချစ်ချစ်ရဲ့ကြည်နူးပျော်ရွှင်မူနဲ့
ပိတောက်တွေရွှေရည်လူးခဲ့တယ်
သစ္စာမြဲရင်
နွယ်မြက်သစ်ပင်ဆေးဖက်ဝင်သတဲ့
သူရဲကောင်းတို့ရှိတဲ့မြေမှာ
သစ္စာတရားမြဲမြံစေ
ငုဝါတို့လန်းဖြန်းဝေ
၂၀၁၀ ကားလိပ်ဖွင့်တော့
ငါ့ပြည်ငါ့ရွာမှာ
စစ်ဖိနပ်နဲ့နင်းခြေမွ
ပိတောက်ဝါတွေကြေမွလို့နေခဲ့တယ်…
ငြိမ်းချမ်းအောင်
10 April, 2010
ဇင်းမယ်မှာ ညီမလေးပန်ဖို့ ပိတောက်တွေ ၀ါဝါထိန်တောက်လို့နေခဲ့တယ်
Labels:
My poem
Subscribe to:
Post Comments (Atom)
1 comment:
'၂၀၁၀ ကားလိပ်ဖွင့်တော့
ငါ့ပြည်ငါ့ရွာမှာ
စစ်ဖိနပ်နဲ့နင်းခြေမွ
ပိတောက်ဝါတွေကြေမွလို့နေခဲ့တယ်…"
အခုမှ ဒီကဗျာလေးဖတ်ဖြစ်တယ်..ကြိုက်တယ်
Post a Comment