16 May, 2012

ဆီမီးခုန်ရွာသို့.. တပေါင်းလ ခရီး



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

အာဏာပိုင်များမှ ဖြေရှင်းရန်ပျက်ကွက်နေဆဲ ကျူးကျော်နေထိုင်သူများ အရေး



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

21 April, 2012

ဟင်းလင်းပွင့် တောအုပ်

ကမ္ဘာသစ်ကိုမှီဖို့မသေချာဘူး
ကမ္ဘာဟောင်းမှာရှင်ဖို့မသေချာဘူး

ဟစ်တလာသေသွားတာသေချာတယ်
ကားလ်မာခ်ပြောခဲ့တာသေချာတယ်
ဗုဒ္ဓဟောခဲ့တာလည်းသေချာတယ်
သေချာတယ်ဆိုတာမသေချာဘူးဆိုတာသေချာတယ်

အလတ်ဆတ်ဆုံးလေကိုရှူရိုက်ဖို့
အခက်ခဲဆုံးတောင်ကုန်းကိုတက်ခဲ့တယ်

အခန့်ငြားဆုံးစီးဆင်းဖို့
အကြမ်းတမ်းဆုံးမြစ်မှာဆန်ခဲ့တယ်

ဒီလိုနဲ့
သခင်စိုးနဲ့မောင်ချောနွယ်ကိုလည်း
စိန်ခေါ်ရဲခဲ့ပြီ

ဒီလိုနဲ့
မြာပွေတဲ့မာယာကော့စကီးကိုလည်း
စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီ

ဒီလိုနဲ့
အိမ်ထောင်ဆက်များတဲ့
မော်စီတုန်းကိုလည်း
အကြည်ညိုပျက်ခဲ့ပြီ

ဒီလိုနဲ့
ကိုဗဟိန်းပြတင်းဝမှာသာတဲ့
လရောင်ကိုလည်းခံစားတတ်ခဲ့ပြီ

ပန်းပွင့်တွေနဲ့စကားပြောရင်း
ငှက်အော်သံတွေမှာအဓိပ္ပါယ်ရှာရင်း
နေပူထဲမီးပွိုင့်မိနေတဲ့လမ်းမှာ
ဖိနပ်ပေါက်ကိုစီးရင်း
အခမ်းနားဆုံးခရီးကိုဆက်ခဲ့တယ်

မြန်မာပြည်ကိုပခုံးနဲ့ထမ်းတင်မယ်ဆိုရင်
သမ္မတဦးသိန်းစိန်ကိုလည်းထောက်ခံမယ်

ချစ်သူကိုပျော်တော်ဆက်နိုင်ရင်
ဗေလုဝကိုလဲကျေးဇူးတင်တယ်

ဒီလိုနဲ့
ဟိုချီမင်းနဲ့ဦးဝင်းတင်တို့ရဲ့အထီးကျန်ရဲရဲတောက်
စိတ်ဓါတ်ကိုလေးစားရင်း

အကြမ်းတမ်းဆုံးနေ့တွေကို
အခမ်းနားဆုံးဖြတ်သန်းရင်း

ရှင်ဖို့အတွက်သေခဲ့ပြီ..။…။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၈၊ ၂၀၁၂)

Read More...

14 April, 2012

ပန်းချီကား

ဒီလိုနဲ့ကျနော်ရေးဆွဲနေတဲ့
ပန်းချီကားလေး
အချောမသတ်နိုင်သေးဘူး ။

ကျနော်ကရီရယ်လစ်ဇင်ပန်းချီဆရာပါ
စုတ်ချက်ကြမ်းကြမ်းတွေနဲ့ရေးဆွဲတတ်တယ်
ကင်းဗတ်စကိုတဗြန်းဗြန်းပုတ်ခတ်ပြီးဆွဲတတ်တယ်
ဒီ..ပန်းချီကားမှာတော့အဲလိုမဟုတ်တော့ဘူးဗျ
ပင်ကိုယ်ရှိတဲ့စိတ်ရိုင်းစိတ်ကြမ်းတွေမပါဘူး
နူးညံ့တဲ့ဝိညာဉ်ပူးကပ်ပြီးရေးဆွဲဖြစ်ပါတယ် ။

တကယ်တော့ကျနော်အခုဆွဲနေတာ
လက်နဲ့မဟုတ်ဘူး
နှလုံးသားနဲ့ရေးဆွဲနေတာပါ
ပြီးတော့ကင်းဗတ်စပေါ်မှာရေးဆွဲနေတာလည်းမဟုတ်ဘူး
အရေပြားပေါ်မှာရေးဆွဲနေတာ ။
ကျနော့်ရာဇ၀င် သမိုင်းကြောင်းပေါ်မှာ ရေးဆွဲနေတာ ။

ဒီပန်းချီကားထဲမှာ
ချစ်ခင်မြတ်နိုးခြင်း
နားလည်ခြင်းနဲ့သီးခံခွင့်လွှတ်ခြင်း
ယုယကြင်နာမြတ်နိုးခြင်း
ပြီးတော့ဘ၀ဆိုတဲ့ အရောင်တွေသုံးထားတယ် ။
တသက်လုံးဆေးသားပျက်ပြယ်မသွားအောင်
ခံနိုင်ရည်အားကောင်းတဲ့
အနီရောင်ရင့်ရင့်တွေလည်းသုံးချင်ပါတယ် ။

ရှူမျှော်ခင်းတွေလည်းထည့်ချင်တယ်
ကျယ်ပြောတဲ့ကောင်းကင်ပြာပြာကြီးနောက်ခံနဲ့
ပန်းခြံတွေ..
ကလေးကစားကွင်းတွေ..
လူမှုရေးဂေဟာတွေ..
ဘာသာရေးအဆောက်အုံတွေလည်းထည့်ချင်တယ် ။

ကျနော့်ပန်းချီကားထဲမှာ
ဇာတ်လိုက်ကလူသားနှစ်ယောက်ထဲပါ
သူတို့ကအဓိကသရုပ်ဆောင်တွေပေါ့
ဆုံးဖြတ်ချက်ချသူတွေလည်းဖြစ်တယ်
ပြောရေးဆိုခွင့်ရှိသူတွေလည်းဖြစ်တယ်
ဒီထဲမှာဇာတ်ပို့ဇာတ်ရံတွေမပါဘူး
အကြံပေးတွေလည်းငှားမထားဘူး
လူကြမ်းတွေလည်းသုံးမထားဘူး ။

ဒီပန်းချီကားဟာ
ကျနော့်အတ္တုပ္ပတ္တိလည်းဖြစ်တယ်
ကျနော့်အနာဂတ်လို့လည်းပြောလို့ရတယ်
ကျနော့်အတွက်အစလည်းဖြစ်တယ်…
အဆုံးလည်းဖြစ်နိုင်တယ်…

ကျနော်ကစိတ်ပါလက်ပါရေးဆွဲနေပေမဲ့
အချောသတ်ဖို့ခက်နေတယ် ။

ဆက်တင်ဆောက်ထားတဲ့
ရာသီဥတုကိုကျနော်မကြိုက်ဘူး။

ပတ်ဝန်းကျင်က
ကျနော်မကြိုက်တဲ့ပတ်ဝန်းကျင်
လေပြင်းတွေတိုးတယ်
မိုးတွေရွာချတယ်
နွေခေါင်ခေါင်နှင်းတွေတောင်ကျပြနေသေးတယ်။

ကျနော့်မော်ဒယ်လေးခမြာ
ဆိုးရွားတဲ့ရာသီဥတုဒဏ်ကို
အလူးအလိမ့်ခံနေရရှာတယ်
သူကနုနယ်ငယ်ရွယ်တယ်
သူဟန်ချက်တွေမကြာခဏပျက်တယ်
ကျနော်ကလည်း နေရာကချက်ခြင်းထ
သူရှိရာဆီသွားပြီးထိတွေ့ကိုင်တွယ်
ဟန်ချက်ပြင်မပေးနိုင်သေးဘူး ။

ဒီလိုနဲ့
ကျနော့်ပန်းချီကားလေး
အောင်မြင်စွာအဆုံးသတ်နိုင်မလား
လေပြင်းတွေတိုက်
မိုးတွေစိုရွှဲပြီးပျက်စီးသွားမလား
မရေရာတဲ့အခြေအနေမှာ
ကျနော်ကတော့ကြိုးစားရေးဆွဲနေတုံးပါပဲ ။….။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၂၊ ၂၀၁၂)

Read More...

12 April, 2012

အင်တာနက်ပေါ်က ဆရာတွတ်ပီများနှင့် ညီမလေးအတွက် ရေကြည်ချမ်းမြ (ကဗျာ)

ညီမလေးရေ..
ဝိုင်ယာမဲ့နည်းပညာမြင့်
ကမ္ဘာကြီးကိုဖြတ်သန်းတဲ့အခါ
ကျည်ကာအင်္ကျီဝတ်ပါ။

ကိုယ်ခံအားကောင်းအောင်
လေ့ကျင့်ပါ။
တိုက်ပွဲတွေမှာ
ခံစစ်ကိုသတိထားပါ။

တခါတခါ
အင်တာနက်ဆိုတာ
အင်ထုထားတဲ့တွင်းနက်နက်ကြီးပါကွယ်
ဖေ့ဘွတ်စ်ကတော့မာယာများတဲ့တောပေါ့
မက်ဆင်ဂျာစကိုင်းပိတွေနဲ့လိုင်းငြိနေသူတွေလည်းရှိတယ်

ညီမလေးရေ..
၂၀ ရာစုမြေခွေး ရုပ်ရှင်ကားတွေကြည့်ရင်း
၂၁ ရာစုဝံပုလွေတွေအကြောင်းစဉ်းစားရတာစိတ်ဝင်စားဖို့ကောင်းပါတယ်။
အိုဘားမားကတော့ဗမာပြည်ဟာသူ့အောင်မြေလို့ကြွေးကြော်နေလေရဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလည်းယတြာချေဖို့ကြံနေတယ်
သင်္ကြန်စာမှာတော့ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်အကြောင်းမပါဘူး
တိဘက်တွေသနားပါတယ် ညီမလေးရယ်
ပေါက်ဖော်ကြီးတို့လူပါးဝလွန်းတယ်

အသစ်စက်စက်မြန်မာပြည်မှာတော့
ဖောင်ဒေးရှင်းတွေပေါတယ်။
ရပ်ကွက်ထဲမှာတော့
ဆင်းရဲသားတွေပေါတယ်။
ဖေ့ဘွတ်စ်မှာတော့
သူရဲကောင်းတွေပေါတယ်။
အီးမေးထဲမှာတတ်ယောင်ကားတွေပေါတယ်။
ရုပ်ကြမ်းဝါဒီလူမိုက်တွေလည်းရှိရဲ့။
ဗမာပြည်ကိုကယ်တင်မယ်လို့ပြောတယ်။
ဆရာတွတ်ပီလိုပဲ
အမှောင်ခေတ်မှာ လူညံ့တွေပေါလွန်းလှချေရဲ့ကွယ်။

အကိုကတော့
ကွန်ပြူတာထဲ ဗိုင်းရပ်ပ်စ်ပိုးတွေမ၀င်အောင်
ကြိုးစားကာကွယ်နေရတယ်။
ဦးဏှောက်ကို လေစိမ်းတွေအတိုက်မခံရအောင်
မနည်းကာကွယ်နေရတယ်။
နှလုံးသားတွေအေးခဲမသွားအောင်
အချစ်စိတ်များများမွေးမြူနေရတယ်..

ညီမလေးရေ..
စာဆိုတိုင်းလည်းသွားမဖတ်လေနဲ့
လင့်ခ်တွေ့တိုင်းလည်းမကလစ်မိစေနဲ့
အမြင်မတော်တိုင်းလည်းဝင်မပြောနဲ့
ဓါတ်ပုံမြင်တိုင်းလည်း Like မလုပ်နဲ့
အုပ်စုတိုင်းမှာလဲဆွဲအထည့်မခံနဲ့
သူငယ်ချင်းလက်ခံတာလည်းသတိထား
အရာရာချင့်ချိန်ပါ၊ စဉ်းစားပါကွယ်။

အမှိုက်တွေလာတင်ရင်ဖယ်ထုတ်လိုက်ပါ။
ပတ်ဝန်းကျင်က
အသုံးမ၀င်တဲ့ပစ္စည်းတွေပေးရင်လည်း
အသုံးဝင်တဲ့ပစ္စည်းတွေပဲ
ပတ်ဝန်းကျင်ကိုပြန်ပေးလိုက်ပါ။
ကမ္ဘာမြေကို..
ချစ်ခြင်းမေတ္တာပဲပေးပါ
ချစ်ခြင်းမေတ္တာပဲယူပါ။

ဘာပဲဖြစ်ဖြစ်..
ဘယ်လိုပဲဖြစ်ဖြစ်..
အပြုံးပဲဖြစ်ဖြစ်..
အမုန်းပဲဖြစ်ဖြစ်..

ညီမလေးရေ..

ဟင်းလင်းပွင့်ကောင်းကင်အောက်မှာ
ပိတောက်တွေပွင့်ပြီကွယ်။
ဖေ့ဘွတ်စ်ပေါ်ထိန်ထိန်တောက်လို့
ပွင့်ပြီကွယ်။
ဘလော့တွေမှာလည်း…သင်္ကြန်ကျနေပြီ။
အင်တာနက်ပေါ်..ရေတွေစိုစိုရွှဲ။
အီးမေးတွေမှာလည်း..ဗွက်ထနေပြီ။

မနက်ဖြန်ခါဘာဖြစ်ဖြစ်ပါ..
နောင်နှစ်ခါဘာဖြစ်ဖြစ်ပါ..
မေတ္တာရေစင်အေးတစ်ခွက်ကို
ယုယကြင်နာဖျန်းပက်လိုက်ပါတယ်။
ကြည်နူးဖွယ်နှစ်သစ်ကူးပါ။
မင်္ဂလာဖြိုးဝေ..
အလှကျက်သရေတိုးပါစေကွယ်။….။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၁၊ ၂၀၁၂)

Read More...

11 April, 2012

ဂီတ၊ ရုပ်ရှင်၊ ဂုဏ်ပြုညစာ


Read More...

02 April, 2012

အန်အယ်ဒီ (၂)

ဖွတ်နဲ့ပေါင်းတာမဟုတ်
ခွပ်ဖို့ချောင်းတာ။

ကောင်းဖို့ရှေ့တိုး
ဒေါင်းမျိုးဟေ့။
ပြည်သူ့ဒီမိုကရေစီ
မုချအောင်ရမည် ။..။

ငြိမ်းချမ်းအောင်
ဧပြီ ၁၊ ၂၀၁၂

Read More...

ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှုအတွက် အောင်ပွဲခံနေသော အန်အယ်ဒီနှင့်ပြည်သူများ



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

31 March, 2012

Artists NLD Vote Campaign


Read More...

VOTE NLD - Singer Lin Lin


Read More...

VOTE NLD - Singer Kabyar Bwe Mhuu


Read More...

VOTE NLD - Singer Chit Thu Wai


Read More...

30 March, 2012

VOTE NLD - Singer Saung Oo Hlaing


Read More...