အထီးကျန်လွန်းလို့
အဖော်ရှာမယ်စိတ်ကူးနဲ့
နှလုံးသားအင်ဂျင်ကို နှိုးကြည့်မိတယ်
လူပျိုပေါက်အရွယ်ကလို တက်ကြွမြူးထူးမှုမရှိတဲ့ ၀ိညာဉ်ဟာ
လတ်ဆတ်စွင့်ကားတဲ့ ပန်းပွင့်လေးတွေဆီ
ဝတ်မူန်ကူးဖို့ ထွက်သွားလေရဲ့
လူပျိုပေါက်အရွယ်တုံးက ပန်းပွင့်တွေရဲ့အလှကိုသာ
စိတ်ဝင်စားတတ်ခဲ့တဲ့ ၀ိညာဉ်ဟာ
အခုတော့ ပင်စည်ရဲ့ကြံ့ခိုင်မှုကို
ပိုမိုအလေးထားတတ်လာခဲ့
ပန်းပွင့်တွေ အရောင်စုံ အသွေးစုံ ဆိုက်စုံ ဂိုက်စုံ
ပွင့်အာခါစ အဖွံ့ထွားဆုံး အလှပဆုံး ပန်းကလေးတစ်ပွင့်မှာ
ဝိညာဉ်ဟာ ခိုနားလိုက်တယ်
မိတ်ဖွဲ့တယ်
ပန်းကလေးက အပြုံးနဲ့တုံ့ပြန်တယ်
ဝတ်ရည်ချိုမြနဲ့ ဧည့်ဝတ်ပြုရှာရဲ့
ပန်းကလေးရဲ့ နှစ်လိုလိုက်လျှောမှုမှာ
နှစ်ပေါင်းများစွာ အိပ်မောကျနေရရှာတဲ့ဝိညာဉ်ဟာ
ကြေနပ်သွားတယ်
ဆတ်ကနဲလည်း တစ်ချက်တုန်သွားရဲ့
နှစ်ပေါင်းများစွာကရှာနေခဲ့တဲ့ ပန်းကလေးကိုတွေ့ရပြီ
ဝိညာဉ်ဟာ
ဝမ်းသာအားရ ဆုံးဖြတ်ချက်ချလိုက်တယ်
ဝိညာဉ်ဟာ
ဝတ်မှုန်ကူးဖို့ အသင့်ဖြစ်ပြီဖြစ်ကြောင်း
နှလုံးသားကို မက်ဆေ့ခ်ျလှမ်းပို့တယ်
ပြီးတော့ မပြောဖြစ်တာကြာပြီဖြစ်တဲ့ စကားတစ်ခွန်း
ဝိညာဉ်ရဲ့ နှုတ်ဖျားကထွက်ကျလာခဲ့
အားသွန်ခွန်စိုက် ပြောချလိုက်တဲ့စကားက
“ပန်းကလေးကို ချစ်တယ်” တဲ့
ပန်းခင်းကြီးတစ်ခုလုံး ငြိမ်သက်သွားတော့တယ်
ဒါပေမဲ့....
ရင်တစ်ချက် ခုန်လှုပ်အပြီးမှာ
နှလုံးသားဟာ ပြန်လည်ငြိမ်သက်သွားခဲ့
အဲဒီ အခိုက်အတန့်ကလေးမှာပဲ သိလိုက်ရတာက
ဝိညာဉ်နဲ့ နှလုံးသား အချိတ်အဆက်ကင်းမဲ့
ဝိညာဉ်က ပို့လိုက်တဲ့ မက်ဆေ့ခ်ျဟာ
နှလုံးသားကို ရောက်မလာခဲ့တော့
အထိတ်တလန့်နဲ့ပဲ လက်ခံလိုက်ရတယ်
နှလုံးသားဟာ သေဆုံးသွားခဲ့ပြီ
အနိန္ဓာရုံတွေ ရင့်ရော်ခက်ထန် ကြမ်းတမ်းမှုတွေရဲ့ ကြားမှာ
နူးညံ့လွန်းတဲ့ နှလုံးသားဟာ တကယ်သေဆုံးသွားခဲ့ပါပြီ
သိက္ခာရှိတဲ့ ၀ိညာဉ်ဟာ
ပန်းပွင့်လေးကို နှုတ်လွန်သွားတဲ့ ကတိစကားကြောင့်
လူသားမဆန်တော့တဲ့ ခန္ဒာကိုယ်ကနေ
အဝေးကို အပြီးတိုင်ထွက်ခွာသွားခဲ့
နောက်ဆုံးတော့..
သေဆုံးသွားပြီဖြစ်တဲ့ နှလုံးသားရယ်
စဉ်းစားတွေးတောဖို့အတွက်သာ အသုံးချတတ်တဲ့ဦးနှောက်ရယ်
သွေးသားဆန္ဒလိုအပ်ချက်ပဲရှိတော့တဲ့ ခန္ဒာကိုယ်တစ်ခုဟာ
အထီးကျန်စွာ ကျန်ရစ်ခဲ့တော့တယ်။
ငြိမ်းချမ်းအောင်
12 February, 2008
အချစ်မဲ့ လိပ်ပြာ
Labels:
My poem,
ရေးသူအကြိုက်
Subscribe to:
Post Comments (Atom)
5 comments:
လတ်ဆတ်စွင့်ကားတဲ့ ပန်းပွင့်လေးတွေဆီ
ဝတ်မူန်ကူးဖို့ ထွက်သွားလေရဲ့
လူပျိုပေါက်အရွယ်တုံးက ပန်းပွင့်တွေရဲ့အလှကိုသာ
စိတ်ဝင်စားတတ်ခဲ့တဲ့ ၀ိညာဉ်ဟာ
အခုတော့ ပင်စည်ရဲ့ ကြံ့ခိုင်မှုကို
ပိုမို အလေးထားတတ် လာခဲ့
ပန်းပွင့်တွေ အရောင်စုံ အသွေးစုံ ဆိုက်စုံ ဂိုက်စုံ
ပွင့်ပြီးခါစ အဖွံ့ထွားဆုံး အလှပဆုံး ပန်းကလေးတစ်ပွင့်မှာ
ဝိညာဉ်ဟာ ခိုနားလိုက်တယ်
မိတ်ဖွဲ့တယ်
ပန်းကလေးက အပြုံးနဲ့ တုံ့ပြန်တယ်
ဝတ်ရည်ချိုမြနဲ့ ဧည့်ဝတ်ပြုရှာရဲ့
ပန်းကလေးရဲ့ နှစ်လို လိုက်လျှောမှုမှာ
နှစ်ပေါင်းများစွာ အိပ်မောကျနေရရှာတဲ့ ၀ိညာဉ်ဟာ
ကြေနပ်သွားတယ်
ဆတ်ကနဲလည်း တစ်ချက်တုန်သွားရဲ့
နှစ်ပေါင်းများစွာက ရှာနေခဲ့တဲ့ ပန်းကလေးကို တွေ့ရပြီ
ဝိညာဉ်ဟာ
ဝမ်းသာအားရ ဆုံးဖြတ်ချက်ချ လိုက်တယ်
ဝိညာဉ်ဟာ
ဝတ်မှုန်ကူးဖို့ အသင့်ဖြစ်ပြီ ဖြစ်ကြောင်း
နှလုံးသားကို မက်ဆေ့ခ်ျ လှမ်းပို့တယ်
ပြီးတော့ မပြောဖြစ်တာ ကြာပြီဖြစ်တဲ့ စကားတစ်ခွန်း
ဝိညာဉ်ရဲ့ နှုတ်ဖျားက ထွက်ကျလာခဲ့
အားသွန်ခွန်စိုက် ပြောချလိုက်တဲ့ စကားက
“ပန်းကလေးကို ချစ်တယ်” တဲ့
ပန်းခင်းကြီးတစ်ခုလုံး ငြိမ်သက်သွားတော့တယ်
သရုပ်ဖော်ထားတာလေး မိုက်တယ်ဗျာ။
ဒါပေမဲ့....
ရင်တစ်ချက် ခုန်လှုပ်အပြီးမှာ
နှလုံးသားဟာ ပြန်လည်ငြိမ်သက်သွားခဲ့
အဲဒီ အခိုက်အတန့်ကလေးမှာပဲ သိလိုက်ရတာက
ဝိညာဉ်နဲ့ နှလုံးသား အချိတ်အဆက် ကင်းမဲ့
ဝိညာဉ်က ပို့လိုက်တဲ့ မက်ဆေ့ခ်ျဟာ
နှလုံးသားကို ရောက်မလာခဲ့တော့
အထိတ်တလန့်နဲ့ပဲ လက်ခံလိုက်ရတယ်
နှလုံးသားဟာ သေဆုံးသွားခဲ့ပြီ
အနိန္ဓာရုံတွေ ရင့်ရော်ခက်ထန် ကြမ်းတမ်းမှုတွေရဲ့ ကြားမှာ
နူးညံ့လွန်းတဲ့ နှလုံးသားဟာ တကယ် သေဆုံးသွားခဲ့ပါပြီ
သိက္ခာရှိတဲ့ ၀ိညာဉ်ဟာ
ပန်းပွင့်လေးကို နှုတ်လွန်သွားတဲ့ ကတိစကားကြောင့်
လူသားမဆန်တော့တဲ့ ခန္ဒာကိုယ်ကနေ
အဝေးကို အပြီးတိုင် ထွက်ခွာသွားခဲ့
နောက်ဆုံးတော့..
သေဆုံးသွားပြီဖြစ်တဲ့ နှလုံးသားရယ်
စဉ်းစားတွေးတောဖို့ အတွက်သာ အသုံးချတတ်တဲ့ ဦးနှောက်ရယ်
သွေးသားဆန္ဒ လိုအပ်ချက်ပဲ ရှိတော့တဲ့ ခန္ဒာကိုယ်တစ်ခုဟာ
အထီးကျန်စွာ ကျန်ရစ်ခဲ့တော့တယ်။
ကျနော်ဒီကဗျာလေးကိုတော်တော်လေးကိုကြိုက်တယ်
အဓိပ္ပာယ်ရှိလွန်းလို့ပါ...အသက်အရွယ်ကစကားပြောတယ်နော်..
ဒီကဗျာကိုရေးပြီး လက်ခံနိုင်မဲ့သူ တစ်ယောက်လောက်မှ ရှိပါ့မလားလို့...။ ကိုဆောင်းယွန်းလက ခံစားလို့ ရတယ်ဆိုလို့ ကျနော် ကြေနပ်မိတယ်။ ကျနော့်ကဗျာတစ်ပုဒ်ကို လူတစ်ယောက်လောက်က ကျနော်နဲ့ အတူ လက်ခံ ပေးနိုင်တယ်ဆိုရင် ကြေနပ်ပါပြီ..။ ကွန်းမန့်ရေးပေးတဲ့ ကောင်းကင်ကိုလည်း ကျေးဇူးပါ ညီ။
ကဗျာလေးကောင်းတယ်အစ်ကို။ ပန်းလေးရယ် ၀ိညာဉ်ရယ် နှလုံးသားရယ် သူ့ဟာသူ နေရာတကျနဲ့လှပနေတာပဲ။
အရမ်းကောင်းတယ်။
ျအစကနေ အဆုံးကို ကျနော်လိုက်ခံစားလို့ ရနေတယ်။ အဲ့ဒါက ကျနော့်ရဲ့ ရင်ဝှက်လိပ်ပြာပါပဲ။
Post a Comment