မုန်တိုင်းကတော့ စဲပြီ
အလောင်း ဒုက္ခသည် နဲ့
ကပ်ရောဂါ ပိုးမွှားတွေသာ ချန်ထားရစ်ခဲ့
ဟောဒီမှာ
ပင်လယ်လိုကြီးသော အပူမီးများ
ကောင်းကင်လိုကျယ်သော ဒုက္ခများ
အဆုံးအစမဲ့ သောကများ
ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို အတိအကျရေးပြနိုင်ဖို့
စကားလုံးတွေ ချို့တဲ့နေဆဲ
ဒုက္ခသည်တွေကို ကယ်တင်ဖို့
ကမ္ဘာကြီးဟာ နှေးကွေးလေးလံနေဆဲ။
နာဂစ်ရေ..
နေပြည်တော်ကို မှန်အောင်ပစ်ပါ
နာဂစ်ရေ..
နေပြည်တော်ကို ထိအောင်ပစ်ပါ
မုန်တိုင်းမှာ မျက်စိမပါတော့ ပစ်မှတ်ဟာ လွဲချော်သွားခဲ့
စက်ကွင်းမလွတ်တဲ့
သူဆင်းရဲတွေသာ
သေဒဏ်အစီရင်ခံခဲ့ရရှာတယ်
အလွမ်းများ မျက်ရည်များ ရင်နာကြေကွဲဖွယ်ရာများ
ဖြေလို့ မပြေတဲ့ အပူမီးများ
“မုန်တိုင်းမှာလည်း အောက်ဆီဂျင်ရှိတယ်” ဆိုတဲ့
ငတိနဲ့တွေ့ချင်တယ်
သူ့ဆီမှာ အောက်ဆီဂျင်နည်းနည်းလောက် တောင်းမလို့
ပြီးတော့ “ဒုက္ခက ပျားရည်စက်လိုချိုသတဲ့”
သွေးရူးသွေးတမ်းစကား
ဘယ်ငနဲကများ ပြောသွားခဲ့တာလဲ
အပြောလွယ်သလောက် အလုပ်ခက်တဲ့ လောကကြီး
လုပ်လို့ဖြစ်တဲ့ အလုပ်ကို ငါတို့က မလုပ်ခဲ့လေတော့
အခုတော့ သေကြေကြ ပျက်စီးကြ ဆုံးရူံးကြရ။
ဂျော့ဒဘလျူဘွတ်ရေ..
နေပြည်တော်ကို နူကလီးယားဗုံးကြဲပါ
မိစ္ဆာအရိုင်းအစိုင်းကောင်တွေကို သုတ်သင်ရှင်းလင်းပါ
R2P နဲ့ Airlift လုပ်ပါ
နေတိုးတပ်တွေလွှတ်ပေးပါ
ကုလသမဂ္ဂကြီးရေ..
ငြိမ်းချမ်းရေးတပ်တွေ အမြန်ဆုံးလွှတ်ပေးပါ
လုံခြုံရေးကောင်စီမှာ ဖြစ်တဲ့နည်းနဲ့ အတည်ပြုချက် ရယူပါ
မြို့တော်သန့်ရှင်းရေးအတွက် လမ်းပေါ်ကခွေးလေခွေးလွင့်တွေကို သုတ်သင်ရသလို
ကမ္ဘာမြေ သန့်ရှင်းရေးအတွက်
နေပြည်တော်က ခွေးဝဲစားတွေကို သုတ်သင်ရှင်းလင်းပါ
နေပြည်တော်က တရားခံတွေကို အသေပစ်ပါ
မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရအောင်ဝင်ပါ
တခြားနည်းလမ်းမရှိတော့လို့
ငါတို့ မှာ နောက်ထပ်သေဆုံးစရာ အသက်တွေ မရှိတော့လို့
ငါတို့ တိုက်ပွဲမှာ ပင်ပမ်းနွမ်းနယ်နေပြီမို့
ငါတို့ တော်လှန်ရေး ခရီးပမ်းနေပြီမို့
ငါတို့ ပြည်သူတွေကို အချိန်မီ ကယ်တင်နိုင်ဖို့
ငါတို့ ပြည်သူတွေမှာ ဘီလူးသဘက်တွေကို ဆန့်ကျင်ဖို့ ခွန်အားမရှိတော့လို့
နေပြည်တော်ကို အမြန်ဆုံး သိမ်းပိုက်ပါ
နေပြည်တော်ကို အမြန်ဆုံး ၀င်တိုက်ပါ
ငါတို့ ပြည်သူတွေရဲ့ အဖြစ်ချင်ဆုံး ရင်ထဲက ဆန္ဒပါ
နေပြည်တော်ကို အမြန်ဆုံးသာပစ်ပါ
ငါတို့ ပြည်သူတွေရဲ့ လိုလားတောင့်တချက်ပါ
မင်းဆိုးကို မိုးကြိုးပစ်ပါ
အကြမ်းဖက်သမားတွေကို သေအောင်သတ်ပါ။
မုန်တိုင်းစဲတဲ့အခါ လေပြေလာမှာလား
ခိုးဝှက်ထားတဲ့ နိုင်ငံတကာအကူအညီတွေနဲ့
နအဖ ဒေါက်တိုင်တွေ ကြွယ်ဝချမ်းသာလာမှာလား
ဒေါသထွက်နေတဲ့ အနောက်ကမ္ဘာက နေပြည်တော်ကို တကယ် ပစ်တော့မလား
ကူးစက်ရောဂါပိုးမွှားတွေနဲ့…
မျှော်လင့်ချက်တွေနဲ့…
နာကျည်းမှုတွေနဲ့…
တောက်ခေါက်သံတွေနဲ့…
ဒေါသတွေနဲ့…
စိတ်လျှော့လိုက်တဲ့ သက်ပြင်းချသံတွေနဲ့…
ငိုကြွေးသံတွေနဲ့…
အပြင်ဘက်မှာတော့ နာဂစ် မုန်တိုင်းကစဲသွားပြီ
ငါတို့ ရင်ထဲမှာ သောက မုန်တိုင်းတွေ အပြင်းထန်ဆုံး တိုက်ခတ်နေဆဲ။
ငြိမ်းချမ်းအောင်
14 May, 2008
နေပြည်တော်ကို ထိအောင်ပစ်
Labels:
My poem
Subscribe to:
Post Comments (Atom)
3 comments:
အင်းငါတို့ပြည်သူတွေ မောတော့မောတာပေါ့။ ကြမ်းတမ်းတဲ့ ဘ၀ခရီးနဲ့ ပြည်သူတွေရဲ့ ဦးနှောက်ကို ဘာမှ မစဉ်းစားချင်လောက်အောင်ဆေးကြောပစ်ချင်နေတဲ့ အစိုးရလက်အောက်မှာ နေရတာ ငရဲပြည်မှာ နေတာထက်ဆိုးပါတယ်။ ဒါပေမယ့်လည်း တယောက်လက်တယောက်တွဲက အောင်ပွဲရတဲ့ထိ ဆက်သွားနေရအုံးမှာပဲမဟုတ်လား။ စိတ်ဓာတ်မကျပဲ ဆက်သွားကျပါစို့လားနော်။
I heard a bid explosion WOW..
နိုင်ငံတကာကရတဲ့ အလှူငွေတွေကမနည်းပါလား။ ပြည်တွင်းမှာလည်း တစ်မြို့ ကိုသိန်း
ဘယ်လောက်လှူရမယ်ဆိုပြီး တွက်ချက်ပြီးကောက်နေတာကွ…။
ဒါနဲ့ စာတွေက ဖောင့်မပေါ်ဘူးနော်။ word ထဲကိုကူးပြီးမှ ဇော်ဂျီနဲ့ ဖတ်ရတယ်။အဆင်ပြေ
ပါစေ။
Post a Comment