သူ့လက်ဖျံမှာထိုးတဲ့ဆေးမင်ကြောင်ကအောင်ဆန်းစုကြည်
သူ့မဟာမိတ်ကမင်းကိုနိုင်နဲ့သူရဲကောင်းများ
သူ့ရင်ဘတ်ထဲမှာပြည်သူသာအမိပြည်သူသာအဖ
သူရင်းနှီးမြှုပ်နှံထားတာတိုင်းချစ်ပြည်ချစ်စိတ်ဓါတ်
သူ့ပန်ကြားလွှာမှာမတရားတဲ့အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြ
သူကိုးကွယ်တဲ့ဘာသာကအမှန်တရားကိုချစ်မြတ်နိုးခြင်း
သူကျွမ်းကျင်တတ်မြောက်တာဗြဟ္မစိုရ်တရားလေးပါး
သူမေ့လို့မရတာ ၉၀-ရွေးကောက်ပွဲရလာဒ်
သူကြွေးကြော်လိုက်တာ နွေဦးဟာခူးဆွတ်ရဲသူအတွက်သာဖြစ်တယ်။ ။
ငြိမ်းချမ်းအောင်
23 March, 2009
အန်အယ်လ်ဒီ
Labels:
My poem,
ရေးသူအကြိုက်
Subscribe to:
Post Comments (Atom)
3 comments:
ဒီကြွေးကြော်သံတွေအောက်မှာပဲ လမ်းလျှောက်ကြတာပေါ့။ ကိုင်ထားတဲ့ မီး မငြိမ်းသရွေ့ လက်ဆင့်ကမ်းလို့လည်းဖြစ်ပါတယ်။
အားခွန်အပြည့်နဲ့ မာန်ပါတဲ့ကဗျာတပုဒ်ပါပဲ...
ဆက်လက်တိုက်ပွဲဝင်ကြပါစို့ ကဗျာဆရာရေ
တိုက်ပွဲတွေနဲ့အတူ အောင်ပွဲတွေ ဆွတ်ခူးနိုင်ပါစေ။
Post a Comment