မနက်လင်းတော့
ငါရှိနေသေးတယ်
မနေ့ညကအိပ်ရာဝင်တဲ့အထိ
ငါအကောင်းကြီးပါပဲ
ငါအိပ်နေတဲ့ရှစ်နာရီကိုးနာရီအတွင်းမှာ
လေသင်တုန်းဖြတ်ပြီးတော့လည်းသေနိုင်တယ်
နှလုံးသွေးကြောပြတ်ပြီးလည်းသေနိုင်တယ်
အိပ်ရာထဲအဆိပ်ပြင်းတဲ့မြွေဝင်ကိုက်လို့လည်းသေနိုင်တယ်
ငလျှင်လူပ်ပြီးအိမ်ပြိုကျလို့လည်းသေနိုင်တယ်
ဆူနာမီရေကြီးလို့လည်းသေနိုင်တယ်
လုပ်ကြံသတ်ဖြတ်ခံရလို့လည်းသေနိုင်တယ်
ဘာကြောင့်မှန်းသေချာမသိပဲလည်းသေနိုင်တယ်
သေရမှာကြောက်လို့တော့မဟုတ်ဘူး
သီတင်းလေးပတ်အတွင်းမှာငါသိတဲ့လူတွေလက်ငါးချောင်းစာလောက်သေသွားတယ်
ငါမသိတဲ့လူတွေလည်းစက္ကန့်တိုင်းမိနစ်တိုင်းသေနေတာပဲ
အခုတော့ငါလက်ခံလိုက်ပြီ
ငါလည်းအချိန်မရွေးသေနိုင်တယ်။
ငြိမ်းချမ်းအောင်
အေပရာယ် ၃၊ ၂၀၁၁
19 April, 2011
ငါသေဆုံးမဲ့နေ့
Labels:
My poem
10 April, 2011
အလွမ်း
မစားသင့်တဲ့သစ်သီးတစ်လုံး..
မနမ်းသင့်တဲ့ပန်းတစ်ပွင့်..
မပြောသင့်တဲ့စကားတစ်ခွန်း..
မလှမ်းသင့်တဲ့ခြေတစ်လှမ်း..
မချစ်သင့်တဲ့ချစ်သူတစ်ယောက်..
လောကမှာ တကယ်ရှိခဲ့တယ်..။
အဲဒီသစ်သီးကို မစားသင့်တာ
မချိုမြိန်လို့မဟုတ်ဘူး..
အဲဒီပန်းကို မနမ်းသင့်တာ
မမွှေးမြလို့မဟုတ်ဘူး..
အဲဒီစကားကို မပြောသင့်တာ
မပြောချင်လို့မဟုတ်ဘူး..
အဲဒီခြေလှမ်းကို မလှမ်းသင့်တာ
မလှမ်းချင်လို့မဟုတ်ဘူး..
အဲဒီချစ်သူကို မချစ်သင့်တာ
မချစ်ခဲ့လို့မဟုတ်ဘူး..
လောကမှာ လုပ်ချင်လျှက်ကယ်နဲ့
မလုပ်ပဲနေလိုက်ရတဲ့ အဖြစ်တွေရှိခဲ့တယ်..။
ငြိမ်းချမ်းအောင်
Labels:
My poem
Subscribe to:
Posts (Atom)