မစားသင့်တဲ့သစ်သီးတစ်လုံး..
မနမ်းသင့်တဲ့ပန်းတစ်ပွင့်..
မပြောသင့်တဲ့စကားတစ်ခွန်း..
မလှမ်းသင့်တဲ့ခြေတစ်လှမ်း..
မချစ်သင့်တဲ့ချစ်သူတစ်ယောက်..
လောကမှာ တကယ်ရှိခဲ့တယ်..။
အဲဒီသစ်သီးကို မစားသင့်တာ
မချိုမြိန်လို့မဟုတ်ဘူး..
အဲဒီပန်းကို မနမ်းသင့်တာ
မမွှေးမြလို့မဟုတ်ဘူး..
အဲဒီစကားကို မပြောသင့်တာ
မပြောချင်လို့မဟုတ်ဘူး..
အဲဒီခြေလှမ်းကို မလှမ်းသင့်တာ
မလှမ်းချင်လို့မဟုတ်ဘူး..
အဲဒီချစ်သူကို မချစ်သင့်တာ
မချစ်ခဲ့လို့မဟုတ်ဘူး..
လောကမှာ လုပ်ချင်လျှက်ကယ်နဲ့
မလုပ်ပဲနေလိုက်ရတဲ့ အဖြစ်တွေရှိခဲ့တယ်..။
ငြိမ်းချမ်းအောင်
10 April, 2011
အလွမ်း
Labels:
My poem
Subscribe to:
Post Comments (Atom)
2 comments:
"လောကမှာ လုပ်ချင်လျှက်ကယ်နဲ့
မလုပ်ပဲနေလိုက်ရတဲ့ အဖြစ်တွေရှိခဲ့တယ်..။"
အဲဒါဘ၀ပဲပေါ့ ကဗျာဆရာရယ်..မလုပ်ချင်တာကို ကို လုပ်ရ.. လုပ်ချင်လျှက်ကယ်နဲ့ မလုပ်ရတာတွေလေ..
လောကမှာ မဖြစ်ချင်တာ မလုပ်ချင်တာ မဖြစ်သင့်တာ မလုပ်သင့်တာတွေကတော့ အများကြီးပဲ။ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောဏ်တစ်လုံးရှိပေမယ့် တစ်ခါတစ်လေမှာ စိတ်ရဲ့ အလိုကိုတော့ လိုက်မိသွားကြတာပဲလေနော်။ :)
Post a Comment