မနက်လင်းတော့
ငါရှိနေသေးတယ်
မနေ့ညကအိပ်ရာဝင်တဲ့အထိ
ငါအကောင်းကြီးပါပဲ
ငါအိပ်နေတဲ့ရှစ်နာရီကိုးနာရီအတွင်းမှာ
လေသင်တုန်းဖြတ်ပြီးတော့လည်းသေနိုင်တယ်
နှလုံးသွေးကြောပြတ်ပြီးလည်းသေနိုင်တယ်
အိပ်ရာထဲအဆိပ်ပြင်းတဲ့မြွေဝင်ကိုက်လို့လည်းသေနိုင်တယ်
ငလျှင်လူပ်ပြီးအိမ်ပြိုကျလို့လည်းသေနိုင်တယ်
ဆူနာမီရေကြီးလို့လည်းသေနိုင်တယ်
လုပ်ကြံသတ်ဖြတ်ခံရလို့လည်းသေနိုင်တယ်
ဘာကြောင့်မှန်းသေချာမသိပဲလည်းသေနိုင်တယ်
သေရမှာကြောက်လို့တော့မဟုတ်ဘူး
သီတင်းလေးပတ်အတွင်းမှာငါသိတဲ့လူတွေလက်ငါးချောင်းစာလောက်သေသွားတယ်
ငါမသိတဲ့လူတွေလည်းစက္ကန့်တိုင်းမိနစ်တိုင်းသေနေတာပဲ
အခုတော့ငါလက်ခံလိုက်ပြီ
ငါလည်းအချိန်မရွေးသေနိုင်တယ်။
ငြိမ်းချမ်းအောင်
အေပရာယ် ၃၊ ၂၀၁၁
19 April, 2011
ငါသေဆုံးမဲ့နေ့
Labels:
My poem
Subscribe to:
Post Comments (Atom)
2 comments:
ဟုတ်တယ်... မနက်ဖြန်မပြောနဲ့ နောက်ထပ်တစ်မိနစ် အတွင်းလေးမှာပဲ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်တယ်။ အဲလိုတွေးမိရင် လက်ရှိအချိန်က တန်ဖိုးအရှိဆုံးပဲလို့ နားလည်လာတယ်။ တစ်ခါတလေ နောက်ဖြစ်မှာတွေ တွေးပြီး ပူနေမယ့်အစား လုပ်ချင်တာတွေ စိတ်ရှိလက်ရှိလုပ်ပြီး ပျော်ပျော်ပဲ နေလိုက်ချင်တယ်။
ဟုတ်တယ် ဇက်ရေ.. ပြီးခဲ့တဲ့ ရက်တွေမှာ သူငယ်ချင်းမိတ်ဆွေ သုံးယောက်၊ တူမလိုဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်၊ ပြီးတော့ မြန်မာပြည်က ဦးလေးတစ်ယောက် သီတင်းသုံးလေးပတ်အတွင်း ကွယ်လွန်ကုန်ကြတယ်။ တချို့က အကောင်းပကတိကနေ ရုတ်တရက်သေသွားကြတာ။
Post a Comment