အိုဘားမားကိုဘုရားလိုကိုးကွယ်ချင်သူတွေရှိတယ်
ဘင်လာဒင်ကိုသူရဲကောင်းလိုထင်နေသူတွေရှိတယ်
အကြမ်းဖက်မူကိုနှိမ်နင်းဖို့အကြမ်းဖက်သမားတွေရှိတယ်
အကြမ်းဖက်သမားကိုနှိမ်နင်းဖို့အကြမ်းဖက်မူတွေရှိတယ်
အခြေအနေတွေပိုမိုရှင်းလင်းလာ
အင်အားဟာအမှန်တရားဖြစ်လာ
ခွန်အားကြီးမှရှင်သန်နိုင်တဲ့အခြေအနေတွေရှိလာ
ခေတ်ကိုကမကောင်းတာပါလို့
ဒီလိုပဲကျနော်ကကိုယ်အသုံးမကျတာနဲ့
ခေတ်ကိုအပြစ်ပုံချနေကျ
ပလီစိချောက်ချက်လျှောက်ပြောနေကျ
ဒို့များနိုင်ငံတော်သမိုင်းမှာတော့
အတိုက်အခံကမကြာမကြာကွဲတယ်
စစ်တပ်ကွဲမဲ့နေ့ကိုလူထုပရိသတ်ကြီးစောင့်နေတယ်
ဖွတ်တွေမိကျောင်းဖြစ်တော့ဘာဖြစ်လဲ
ကင်းလိပ်ချောတွေဂေါ်ဇီလာဖြစ်တော့ကောဘာဖြစ်သေးလဲ
ခြေလှမ်းတိုင်းဟာပန်းတိုင်မဟုတ်မှန်းသိခဲ့ပြီ
လှေကားထစ်တိုင်းအတက်မဟုတ်တာသိခဲ့ပြီ
မိန်းမလှလေးတွေပြောတိုင်းယုံကြည်လို့မရတာသိခဲ့ပြီ
နိုင်ငံရေးကိစ္စတွေခဏထားလိုက်
ကဗျာဆရာတွေညီညွတ်တဲ့နေ့
တိုင်းပြည်သစ်တစ်ခုအုတ်မြစ်ချကြတာပေါ့၊
ညိုချောရေ..
အနောက်တောင်ထောင့်မှာမိုးတွေညို့မှဖြင့်မျက်ရည်မစို့နဲ့ဦး
အချစ်တလင်းပြင်မှာစစ်မခင်းချင်ဘူးကွယ်
တောင်းယူလို့မရ၊ တိုက်ယူလို့မရတာ
အချစ်ပါပဲ၊ နောက်ထပ်ဘာကျန်သေးလဲ?
ငြိမ်းချမ်းအောင်
07 May, 2011
ကျနော်နှင့် ပလီစိချောက်ချက်များ
Labels:
My poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment