31 December, 2011
30 December, 2011
29 December, 2011
18 December, 2011
ပြက်လုံး
လူယုတ်မာဆိုတာ
လက်သီးနဲ့ထိုးလို့မနာဘူး
ဓါးနဲ့ထိုးမှ နာတာ။
လိုအပ်ရင်လူထူတဲ့အခါလက်ညှိုးငေါက်ငေါက်ထိုးပြောဖို့လိုတယ်။
ပရိသတ်ကြီးခင်ဗျာ
ဒီကဗျာအဆုံးသတ်ပြီးရင်
ကျနော်သေလို့ရပါပြီ
ကျနော်ကဂျော်နီဒိထက်ရုပ်ပိုဖြောင့်ပေမဲ့
ဒီဘ၀မှာ မင်းသားဖြစ်ဖို့လည်းနောက်ကျခဲ့ပြီ
မင်းသမီးယောင်္ကျားဖြစ်ဖို့လည်းနောက်ကျခဲ့ပြီ
ချစ်သူများ မုန်းသူများ
ရန်သူများ မိတ်ဆွေများ
ဘ၀မှာ
ပျော်သလိုလည်းနေခဲ့ပြီ
တော်သလိုလည်းဖြေခဲ့ပြီ
ချစ်စွာသောဒီဇင်ဘာပန်းများ
အရည်ရွှမ်းသောသစ်သီးဝလံများ
အောင်မြင်ပျော်ရွှင်နေသူများ
နာရေးသတင်းတွေဖတ်ကြပါ
တယ်လီဗွီးရှင်းဖွင့်ပြီးမိုးလေ၀သသတင်းနားထောင်ပါ
ဝမ်းနည်းပူဆွေးနေသူများ
ဘုရားကျောင်းမှာ
ခေါင်းလောင်းထိုးပြီးဝတ်ပြုဆုတောင်းပါ
အပုတ်ကောင်ရုပ်ဆောင်ထားတဲ့ကမ္ဘာကြီး
၂၀၁၁ မှာ
ကဒါဖီအလောင်းမြေကျခဲ့ပြီ
၂၀၁၁ မှာ
ဘင်လာဒင်ခန္ဒာကိုယ်ကို ၀တ်ပြုမှုထုံးစံအရ
တရိုတသေ ဆေးကြောပြီး ရိုသေလေးစားစွာ ပင်လယ်ထဲ ချခဲ့ပြီ
၂၀၁၁ မှာ
အာရပ်နွေဦးဖူးပွင့်ခဲ့ပြီ
၂၀၁၁ မှာ
ကမ္ဘာဂြိုလ်ပေါ်လူသား သန်း ၇ ထောင် ပြည့်ခဲ့ပြီ
၂၀၁၁ မှာ
မြန်မာကဗျာဆရာလှသန်း
လမ်းခုလတ်မှာ ကျကျန်ရစ်ခဲ့ပြီ
၂၀၁၁ မှာ
ဗြိတိန်တော်ဝင်လက်ထပ်ပွဲမှသည်
အာဖဂန်နိုင်ငံသူ ရိုရှမ်းကဆမ်းဆိုတဲ့
၈-နှစ်သမီးလေး လက်ထပ်ပွဲအထိ
၂၀၁၁ မှာ
ဒုဗ္ဘိက္ခန္တရကပ်ဆိုး ဆိုက်ကပ်နေတဲ့ အာဖရိကဦးချိုဒေသ
ဒုက္ခသည်တွေမှသည်
တနာရီကို ဒေါ်လာနှစ်သိန်းကုန်ကျခံမောင်းနှင်ရတဲ့
အဲယားလ်ဖို့ဝမ်းအထိ
ကျနော်တို့ သတင်းတွေလည်းစားသုံးခဲ့ပြီ
ကမ္ဘာမှာ
အဖြစ်တွေလည်းစုံခဲ့ပြီ
အညစ်တွေလည်းပုံခဲ့ပြီ
မိုးတွေလည်းရွာခဲ့ပြီ
အညှိုးတွေလည်းကြာခဲ့ပြီ
ကမ္ဘာမှာ
အရိုင်းတွေလည်းမွှေခဲ့ပြီ
သမိုင်းတွေလည်းကြေခဲ့ပြီ
၂၀၁၁ မှာ
ကျနော်တို့
ရှေ့ကိုဆက်လျှောက်ဖို့
နောက်ကိုလည်းပြန်ဆုတ်ခဲ့ပြီ
၂၀၁၁ မှာ
ကျနော်တို့
ယူစရာရှိတာယူဖို့
(ရဖို့မသေချာ)
ပေးစရာရှိတာအားလုံးပေးခဲ့ပြီ
၂၀၁၁ မှာ
အလုပ်မဖြစ်ပဲ အဖြစ်လုပ်နေတာတွေထားခဲ့ပြီ
၂၀၁၁ မှာ
အသံသာတာမကြည့်ပဲအဆံပါတာကြည့်ခဲ့ပြီ
နှင်းဆီကိုချိုးဘုရားမှာထိုးဖို့
နှင်းဆီတွေလည်းပျိုးခဲ့ပြီ
တောင်တက်ဖို့ဖောင်ဖျက်ခဲ့ပြီ
ပရိသတ်ကြီးခင်ဗျာ
မြွေပွေးခါးပိုက် ပိုက်ထားတာထက်
ခက်ခဲမယ်ဆိုရင်
မိန်းမတစ်ယောက်နဲ့လက်ထပ်ပေါင်းသင်းမနေလိုတော့ပါ
ရူံးနိမ့်ခဲ့တဲ့သမိုင်းကို
ပေထက်အက္ခရာမတင်စေလိုပါ
ပရိသတ်ကြီးခင်ဗျာ
ဘယ်ငတိမှဘီလီယံနာမဖြစ်သင့်ပါ
ဘယ်မိသားစုမှညစာမနက်စာတွေးပူနေရတာမဖြစ်သင့်ပါ
“ရူးချင်ယောင်ဆောင်လို့ရတယ်
သေချင်ယောင်ဆောင်လို့မရဘူး” ဆိုပါလား
ဘုရား..ဘုရား..
ဟေ့လူ၊ ကိုလှသန်း
ကွန်ဒုံတွေမရှိပဲ ရှေ့ဆက်လို့မဖြစ်တော့တဲ့ ကမ္ဘာမှာ
ခင်ဗျားမရှိတော့
ကျနော်စိတ်အားငယ်မိတာအမှန်ပဲ..။…။
ငြိမ်းချမ်းအောင်
ဒီဇင်ဘာ ၁၇၊ ၂၀၁၁
10 December, 2011
04 December, 2011
03 December, 2011
30 November, 2011
စန်းနီလာဝင်း ၀တ်မှုန်ရွှေရည် ခိုင်သဇင်သင်းတဲ့ညများ
နိုင်ငံရေးဟာ ဇိမ်ခံပစ္စည်းမဖြစ်သင့်ဘူး
အာဏာဟာသေနတ်ပြောင်းဝမှာမရှိသင့်ဘူး
ကျနော့်မေတ္တာတရားဟာအငြင်းပယ်ခံမဖြစ်သင့်ဘူး
အခန်းထဲ လှောင်ပိတ်မိနေတဲ့ ‘လေ’ နဲ့အတူ
‘စိတ်’ မှာ မလတ်ဆတ်တော့တဲ့ အနံ့အသက်တွေဟာ ကပ်ညိလို့
လူတန်းစားခွဲခြားမှုကကပ်ပါးပိုးကောင်လို
ခေတ်အဆက်ဆက်အမြစ်တွယ်ကပ်နေတုံးပဲ
ဒီရက်တွေထဲ နေထိုင်ရတာ မကောင်းဘူး
လရောင်ဟာ Sexy မဖြစ်တော့ဘူး
“တိုက်လာတဲ့လေပြေကတောင် သူစိမ်းဆန်နေတယ်” တဲ့
ဓါတ်တိုင်ပေါ်မှာ အနားယူနေတဲ့ ငှက်တစ်ကောင်ကပြောတယ်
ဟောဒီမှာ ယဉ်ကျေးတဲ့ ကမ္ဘာကြီး
အကြမ်းဖက်မှုမှန်သမျှ အတုံးအရုံး ကျရူံးနေတယ်
“လူတွေအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ
လူဆိုးတွေလက်ထဲ မရောက်အောင် ကာကွယ်ကြရမယ်” တဲ့
ဝေါထရိတ်စင်တာ ပြိုကျအပြီးမှာ ဂျော့ဒဘလျူဘွတ်ကပြောခဲ့တယ်
ကျနော်တို့တွေလည်း လူသတ်လက်နက်တွေပြပြီး အကြမ်းဖက်တာခံနေရ
အဲဒီကိစ္စခင်ဗျားတို့ဘယ်လိုလုပ်ကြမှာလဲ
မြင်ကွင်းတွေက ရှင်းလင်းလွန်းလို့မို့
တစ်ခါတခါ အမြင်အာရုံတွေ မှောက်မှားသွားတယ်
ကမ္ဘာကြီး ဘယ်ကို သွားမှာလဲ ဘယ်အထိသွားမှာလဲ
ရှေ့ကို လျှောက်နေပေမဲ့ နောက်ကို ပြန်ရောက်နေသလို ခံစားနေရ
ဒါဝင်ကပြောတော့ “လူဆိုတာ မြောက်က ဆင်းသက်လာတာပါ” တဲ့
ကျောရိုးမဲ့ သတ္တ၀ါတွေကနေ ကျောရိုးရှိ ငါးသတ္တ၀ါတွေအထိ
လူတူမျောက်ဝံမှသည် အာကာသထဲ ဂြိုလ်တုတွေ လွှတ်တင်နိုင်တဲ့ ခေတ်အထိ
နှစ်သန်းပေါင်းများစွာ လူ့သမိုင်းဖြစ်စဉ်ကြီးထဲ
လူသားတွေ မီးကို ရှာဖွေတွေ့ရှိခဲ့တာလဲ အရေးကြီးတာပဲ
မန်ယူနဲ့ ချဲလ်ဆီး ဖလားလုပွဲကလည်း အရေးကြီးတာပဲ
“ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တော်သူနေ မတော်သူသေကြရမယ်” တဲ့
ဘောဂဗေဓ ပညာရှင်တစ်ယောက်ပြောတဲ့ စကားကို
ကျနော်ကတော့ သဘောမပေါက်ဘူး
ညာဏ်ရည်ထက်မြက်တဲ့သူယုတ်မာတွေနဲ့တွေ့ခဲ့တယ်
နူးညံ့ညင်သာတဲ့မိန်းမလှလေးတွေနဲ့တွေ့ခဲ့တယ်
နှံပြည်စုတ်ကိုလည်းအမြှောက်နဲ့မချိန်ခဲ့ပါ
အင်အားကြီးတဲ့ရန်သူကိုရင်ဆိုင်ဖို့
လုံလောက်တဲ့အင်အားလည်းမရှိခဲ့ပါ
တစ်ခါတစ်လေစိတ်ထဲရှိတာတစ်မျိုးဖွင့်ပြောလိုက်တာတစ်မျိုးဆိုပေမဲ့
ဝတ်မှုံရွှေရည်ကိုမကြိုက်ဘူးလို့ညာမပြောလိုပါ
ဗမာပြည်ကသရုပ်ဆောင်တွေသရုပ်ဆောင်မကောင်းပါဘူးလို့ဘယ်တုံးကမှမပြောခဲ့ပါ
စန်းသော်တာလမင်းကြီးလိုထွန်းလင်းတောက်ပတဲ့စန်းနီလာဝင်းရေ
ဒီတစ်နှစ်ပြာသိုပွဲခွင်အမီသဇင်တွေသင်းရင်ဖြင့်
ခိုင်သဇင်သင်းတို့အငြိမ့်ပွဲကြည့်ချင်တယ်ကွယ်..။..။
ငြိမ်းချမ်းအောင်
(နိုဝင်ဘာ ၂၈၊ ၂၀၁၁)