30 November, 2007

News collection - AIDS monastery ordered shut in Myanmar

- နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် မတ္တရာအဖွဲ့ချုပ်တောင်းဆို link
- မိုးကုတ်မတိပဌာန်စာသင်တိုက်ကို စစ်တပ်နဲ့အာဏာပိုင်များ ပိတ်ဆို့ link
- မဂ္ဂင်ကျောင်းသိမ်းပိုက်သည့်အပေါ် မဇ္ဇျိွမမှဆရာတော်ကြီးများ၏ သဘောထား link
- ငွေလဲနူန်းနဲ့ ကုန်ဈေးနူန်းနောက်ဆုံးအခြေအနေ link
- ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်ဖမ်းခံနေရစဉ် မိခင်သေဆုံးပြီ link
- မဂ္ဂင်ကျောင်းချိန်ပိတ်ခံရသည့်အပေါ် အမျိုးသားကောင်စီရူတ်ချ link
- နအဖ စစ်တိုင်းမှူးရာထူးများ အပြောင်းအလဲလုပ် link
- ဝ’ ပြည် သွေးစည်းညီညွတ်ရေးက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန် လိုလား link
- ကေအန်ယူကို နအဖ က ထိုးစစ်ဆင်တော့မည် link
- သံဃာတော်သေဆုံးမှု နှင့်မသက်ဆိုင်ဟု ကေအန်ယူငြင်းဆို link
- မဂ္ဂင်ကျောင်းသံဃာတော်များကို လက်မခံရန် အခြားကျောင်းတိုက်များကို အာဏာပိုင်များအမိန့်ပေးထား link
- မဂ္ဂင်ဆရာတော်ကြီးနှင့် သံဃာတော်များ သီတင်းသုံးနေထိုင်စရာ အခက်အခဲဖြစ်နေ link
- မဂ္ဂင်ကျောင်းချိတ်ပိတ်ခြင်း တခြားဘာသာဝင်များအတွက်ပါစိုးရိမ်စရာဖြစ်လာဟု ပီနမ်ဆရာတော်မိန့်ကြား link
- မဂ္ဂင်ကျောင်းတိုက်ချိတ်ပိတ်ခြင်း မြန်မာအစိုးရ အပြောနှင့်အလုပ်မညီဟု ဂမ်ဘာရီဝေဖန် link
- ကွယ်လွန်သူမိခင်ဈာပနပို့ခွင့်ရရေး စစ်အစိုးရကို ကိုဌေးကြွယ်မိသားစု တောင်းဆို link
- စက်တင်ဘာဆန္ဒပြပွဲများတွင် တကယ်တမ်းပါဝင်ခဲ့ခြင်းမရှိပဲ ရုံးတင်တရားစွဲခံရသူများရှိ link
- သီးလေးသီးကို အလုပ်ဖြုတ်ပြီးမှ ပြန်ခန့်ရန် ဝန်ကြီးဌာနကြိုးပမ်း link
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန် link
- ရှမ်းပြည် ကြက်ငှက်တုပ်ကွေး စစ်ဆေးမှုကို အာဏာပိုင်များ ဖုံးကွယ်ထား link
- သံဃာတော်သေဆုံးမှု နှင့်မသက်ဆိုင်ဟု ကေအန်ယူငြင်းဆို link
- ရှမ်းပြည်နယ်၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ပြီ link
- ကေအန်ယူကို ထိုးစစ်ကြီးဆင်ရန် နအဖတပ်များချီတက်လာ link
- မဂ္ဂင်ကျောင်းချိတ်ပိတ်ခံရသဖြင့် ဖဲကြိုးနီ အေအိုင်ဒီအက်စ်ရောဂါသည် ကူညီစောက်ရှောက်မူလုပ်ငန်းများထိခိုက် link
- ဂမ်ဘာရီ၏အာဆီယံဒေသတွင်းခရီးစဉ်များနှင့်သုံးသပ်ချက် link
- ဒီမိုကရေစီလူပ်ရှားမူများကို ဖမ်းဆီးမူများမရပ်နိုင်သေး link
- ဘုရားသုံးဆူ မယက ဥက္ကဌသေနတ်ဒါဏ်ရာပြင်းထန် link
- AIDS monastery ordered shut in Myanmar, link
- AIDS monastery ordered shut in Myanmar, link
- UN envoy criticises continued Myanmar detentions, repression, link
- Cambodia urges Myanmar to continue Suu Kyi talks, link
- Myanmar junta shuts AIDS monastery, link
- Burma Shuts Down Monastery Allegedly Linked to Protests
- UN envoy criticises continued Myanmar detentions, repression, link
- Myanmar junta shuts AIDS monastery, link
- Myanmar PM visits Cambodia amid pressure over protest crackdown, link
- Rebel Philippine Soldiers Peacefully End Manila Hotel Takeover, link
- Total plans work on installations in Myanmar, link
- ဗုဒ္ဓဂါယာ ၄ ရက်ကြာ ထိုင်သပိတ် အဆုံးသတ် link
ပြန်ခေါက်ထားပါ...

Read More...

အမေရေ... (လူထုဒေါ်အမာ မွေးနေ့အတွက် ဗကသများအဖွဲ့ချုပ်မှ ကဗျာ)

အမေရေ..

အမေ့ရဲ့ငြိမ်းချမ်းရေး ယုံကြည်ချက်ကို
သားတို့လက်ဆင့်ကမ်းသယ်ဆောင်ရင်း
အမေ့ရဲ့အိပ်မက်တွေကို သားတို့တွေလည်း
ဆက်မက်နေကြတယ်။

အမေတို့ခေတ်ရဲ့ရင်ခုန်သံတွေဟာ
အခုသားတို့ရဲ့အသက်ရူသံတွေပါတယ်။
အမေတို့တည်ဆောက်ခဲ့တဲ့ နိုင်ငံချစ်စိတ်တွေ
သမဂ္ဂအစဉ်အလာတွေ
အမှန်တရားထံ သက်ဝင်ယုံကြည်မူတွေကို
အမွေဆက်ခံပြီး
တော်လှန်ရေးခရီးကို သားတို့ဆက်လှမ်းနေကြတယ်။
အမေတို့တွေ့မြင်ချင်တဲ့ကမ္ဘာဟာ
သားတို့တွေ့မြင်ချင်တဲ့ ကမ္တာပါတယ်။
အမေတို့မမောမပန်း
လျှောက်လှမ်းခဲ့တဲ့
တော်လှန်ရေးဆိုတဲ့ခရီးလမ်းဟာ
သားတို့လည်းမမောမပန်းပဲ
ဆက်လက်လျှောက်လှမ်းချင်ပါတယ်။
ဆက်လက်လျှောက်လှမ်းသွားမယ်လို့လည်း
ဂတိပြုပါတယ်။
သားတို့အသက်နဲ့အမျှ ဂါရ၀ထားရတဲ့
အမေရေ
အမှန်တရားက အောင်ပွဲခံတဲ့နေ့မှာ
အမေ့ကိုရှိနေစေချင်ပါတယ်၊
ကျနော်တို့လည်း ရှိနေချင်ပါတယ်၊
အရာအားလုံးလည်းရှိနေစေချင်ပါတယ်။
အမေအပါအ၀င်
ပြည်သူလူထုပို့သတဲ့မေတ္တာနဲ့
ကျနော်တို့လွတ်မြောက်ရှင်သန်နေဆဲပါ။
ကျနော်တို့နဲ့အတူ
တော်လှန်ရေးစိတ်ဓါတ်လည်း
လွတ်မြောက်ရှင်သန်နေဆဲပါ။
ကျနော်တို့အတွက်
ကျနော်တို့နိုင်ငံအတွက်
လူသားအားလုံးအတွက်
အမေကျန်းကျန်းမာမာနဲ့
ဆက်လက်မေတ္တာပို့
စောင့်ရှောက်နိုင်ပါစေ။ ။

ဗကသများအဖွဲ့ချုပ်

Read More...

29 November, 2007

News collection - လူထုဒေါ်အမာ (၉၂) ပြည့်မွေးနေ့၊ မဂ္ဂင်ကျောင်းတိုက်ချိတ်ပိတ်ခံရ၊ ဂမ်ဘာရီ ကမ္ဘောဒီးယားရောက်

လူထုဒေါ်အမာ (၉၂) နှစ်ပြည့်မွေးနေ့ တောင်မြို့ မဟာဂန္ဓာရုံမှာကျင်းပ

ဓါတ်ပုံ - ဧရာဝတီ
- မဂ္ဂင်ကျောင်းတိုက်ကို စစ်အာဏာပိုင်တို့က ချိတ်ပိတ်လိုက်ပြီ သံဃာတို့နေရာမဲ့ကုန် link
- ကေအန်ယူ၏ပစ်ခတ်မူကြောင့် ဘုန်းကြီး (၂) ပါးနှင့် အမျိုးသမီး တယောက်သေဆုံးဟု မြန်မာ့အလင်း၌ဖော်ပြ link
- ကေအန်ယူကို နအဖတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ link
- ဆန္ဒပြပွဲများတွင် အဖမ်းဆီးခံထားရသူ (၄) ဦး၏ အယူခံနောက်ဆုံးအခြေအနေ link
- ထိုင်း၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံများ၌ လူထုဒေါ်အမာမွေးနေ့ပွဲကျင်းပ link
-
- လူထုဒေါ်အမာမွေးနေ့ပွဲ တောင်မြို့ မဟာဂန္ဓာရုံကျောင်း၌ကျင်းပ link
- တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်ရေး သာစည်အဖွဲ့ချုပ်တိုက်တွန်း link
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်မောင် ဖမ်းဆီးမူအခြေအနေ link
- မဂ္ဂင်ကျောင်းတိုက် ချိတ်ပိတ်ခံရသည့်အပေါ်သံဃာ့တပ်ပေါင်းစု ကန့်ကွက် link
- မဂ္ဂင်ကျောင်းတိုက်ကို ချိတ်ပိတ်ခံရ ဆရာတော်ကျိန်းစက်ရန်ပင်နေရာမရှိ link
- စည်းလုံးညီညွတ်ကြရန် (၉၂) နှစ်ပြည့်မွေးနေ့၌ လူထုဒေါ်အမာ တိုက်တွန်း link
- လူထုဒေါ်အမာ မွေးနေ့ မဟာဂန္ဓာရုံမှာကျင်းပ link
- ဒီမိုကရေစီရေးလူပ်ရှားသူတွေကို အာဏာပိုင်များမှ ဆက်လက်ဖမ်းဆီး link
- လက်ကိုင်ဖုန်းများ ကြားဖြတ်နားထောင်ရန် စစ်အစိုးရ တိုးမြှင့်လုပ်ဆောင် link
- တောင်သူများ၏ ၀ါပဲနှင့်ဥယျာဉ်မြေများ၌ စပါးအဓမ္မစိုက်ခိုင်း link
- ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ကုလမှ မြန်မာ့အရေး ကြားဝင်မူကို ကြိုဆို link
- ဂမ်ဘာရီမြန်မာ့အရေးအတွက် ကမ္ဘောဒီးယားခေါင်းဆောင်များနှင့်ဆွေးနွေး link
- နမခ တိုင်းမူးနေရာ၌ဗိုလ်မူးချုပ်မြင့်စိုးကို ခန့်အပ် link
- လိုင်သာယာစက်မူဇုံမီးလောင် link
- Writer Ludu Daw Amar's Birthday Celebrated in Mandalay, link
- Maggin Monastery Shut Down by Security Forces, link
- ဘုရားသုံးဆူမြို့ မယကဥက္ကဋ္ဌ သေနတ်ပစ်ခံရ link
- ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ သံဃာတွေကို ထောက်ထားပြီး စာမေးပွဲမဖြေကြဖို့ သံဃာ့ဥသျှောင်အဖွဲ့တိုက်တွန်း link
- နိုင်ငံကျော်ပြည်သူချစ် စာရေးဆရာမကြီးလူထုဒေါ်အမာ မွေးနေ့ပွဲသို့ ဆုတောင်းသ၀ဏ်လွှားများပေးပို့ link
- လူထုဒေါ်အမာ (၉၂) နှစ်ပြည့်မွေးနေ့မှာ မိတ်ဆွေတပည့်များရဲ့ ပြန်ပြောင်းပြောဆိုချက်များ link
- မြန်မာနိုင်ငံတွင် ဖမ်းဆီး သေဆုံးမှုစာရင်း စစ်အစိုးရပြောတာထက် ပိုများဟု ပီညဲရိုးပြော link
- ရှမ်းပြည်နယ်၌ကြက်ငှက်တုတ်ကွေးစတင်ဖြစ်ပွား link
- ရွာသားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သည့်အပေါ် ရခိုင်အမျိုးသမီး အစည်းအရုံးက ပြင်းပြင်းထန်ထန်ရူတ်ချ link
- Gambari arrived to Cambodia, link
- Ludu Daw Ahmar, Burma's most renowned literary figure will celebrate her 92nd. birthday on November 29th, link
- U.N. Human Rights Investigator Doubts Burmese Government Figures on Detainees, link
- Bush Meets with Abbas, Olmert, Says Tough Talks Lie Ahead, link
- China and EU Meet for Annual Summit to Talk Trade, link
- Pakistan's Musharraf Steps Down As Army Chief, link
- Pinheiro doubts Burma’s official figures of political prisoners, link
- စစ်ရေးစွက်ဖက်ရန် ဆွေးနွေးမှုများ ဆက်လက်ဖြစ်နေ (ဆောင်းပါး) link
- မဂ္ဂင် ဘုန်းတော်ကြီးကျောင်း အပိတ်ခံရ link
- သီးလေးသီး အလုပ်ဖြုတ်ခံရ link
ပြန်ခေါက်ထားပါ...

Read More...

28 November, 2007

ရွှေဝါရောင်ကောင်းကင်သစ်နဲ့ တော်လှန်တဲ့မြစ်

ဒေါနကသီချင်းသံကို ကြားတဲ့အခါ
ကစ္စပ္ပနဒီရဲ့ဂီတကို ခံစားမိတဲ့အခါ
သံလွင်ဟာ အလှပဆုံးကလိမ့်မယ်..

ဧရာဝတီ.. ချင်းတွင်း
စစ်တောင်း.. သံလွင်
မြစ်အစင်းပေါင်းများစွာ
ရိုးမတောအထပ်ထပ်
ရှုမငြီးနိုင်တဲ့ အလှတရားတွေနဲ့
ငါတို့ချစ်တဲ့နိုင်ငံတော်..

အဲဒီ..
“အချစ်ကြောင့်ပဲ
သူပုန်ဖြစ်ခဲ့ရ” 1
ငါတို့နိုင်ငံတော်သမိုင်းမှာ
သူပုန်က တိုင်းပြည်ကိုချစ်တယ်
အုပ်ချုပ်သူအစိုးရက ကိုယ့်ကိုကိုယ်ချစ်တယ်
သူပုန်က အသေခံရဲတယ်
အုပ်စိုးသူလူတန်းစားက လေကန်ရဲတယ်..

“ငါ့ဘ၀မှာ
တိုက်ပွဲများနဲ့ ပြည့်လျှမ်းနေပါစေ” 2
သူပုန်သွေးဟာ
တိုက်ပွဲကြားမှာ
ရဲစွေးနီခဲ့..
မြို့ပေါ်သူပုန်ပဲဖြစ်ဖြစ်
တောထဲကသူပုန်ပဲဖြစ်ဖြစ်
သူပုန်ဟာ
နိုင်ငံတော်ကို အရူးအမူးချစ်တတ်သူ…

ပဒေသရာဇ်ခေတ်ကတည်းကတိုင်းပြည်ကိုချစ်ခဲ့ကြ..
ဆရာစံတို့တိုင်းပြည်ကိုချစ်ခဲ့ကြ..
ကိုအောင်ဆန်းတို့တိုင်းပြည်ကိုချစ်ခဲ့ကြ..
၆၂-၈၈--၂၀၀၇ တိုင်းပြည်ကိုချစ်ခဲ့ကြ..
တိုင်းပြည်ကိုချစ်နေကြ..
သမိုင်းကသွေးမတိတ်သေးဘူးး..

သောင်းရင်းသံလွင်ချစ်တင်းနှောတဲ့
မာနယ်ပုလော တောင်တကြောမှာ
ရွှေရောင်အိပ်မက်တွေ
လှပစွာဖူးပွင့်..
ထီးပါးဝီးကျိုး
နော်တ
ခုခံစစ်ပွဲများ…
သမိုင်းကသွေးမတိတ်သေးဘူး..

အတက်နဲ့အကျ
အလှနဲ့အကျည်းတန်မူဆိုတာလည်း
သင်္ခါရတရားပါပဲ..
သမိုင်းခေတ်အဆက်ဆက်မှာ
မင်းသားတွေရှိသလို
လူကြမ်းတွေလည်းရှိတယ်
မင်းသားကဖြောင့်မှန်တယ်
လူကြမ်းကဖောက်ပြန်တယ်
မင်းသားက
ခေတ်အဆက်ဆက်
ရှင်သန်တယ်
လူကြမ်းက
ခေတ်အဆက်ဆက်
ကျဆုံးရတယ်..

ရှည်လျှားလွန်းတဲ့ ဒီဇာတ်လမ်းမှာ
ဇာတ်လိုက်တွေပြောင်းသွားတယ်
ဇာတ်ဝင်ခန်းတွေပြောင်းသွားတယ်
မိစ္ဆာကတော့
အမွေးအမျှဉ်တွေပိုရှည်လာ
အလိမ်အညာတွေပိုရှည်လာ
မာယာတွေပိုရှည်လာခဲ့..

လူ့အခွင့်အရေးအကြောင်းဆွေးနွေးမိရင်
ထောင်ဆယ်နှစ်
နိုင်ငံရေးလုပ်မိရင် တသက်တကျွန်း
အန်အယ်ဒီပါတီ ၀င်မိရင်
ဘ၀ပျက်
စီးပွားပျက်
ခေတ်ပျက်ကြီးထဲ
ငါတို့လူဖြစ်လာခဲ့ကြရ..

မွေးကတည်းက
ဆင်းရဲမွဲတေမှု
ငတ်မွတ်ခေါင်းပါးမှု
ဆာလောင်မှုတွေနဲ့
ယဉ်ပါးခဲ့ကြ..
မပြည့်စုံခြင်းဆိုတာ
ငါတို့နေ့စဉ် အလွတ်ကျက်ခဲ့ရတဲ့
ပြဌာန်းစာအုပ်တွေဖြစ်ခဲ့ရပေါ့..

ဆင်းရဲလွန်းတဲ့ဘဝ
လမ်းပေါ်မှာ ပေါက်ကွဲမိပါတယ်
အရိုက်အနှက်ခံရ
အကြမ်းဖက်ခံရ
အပစ်သတ်ခံရ
ငါတို့ပါးစပ်ကလေးတချက်ဟလိုက်ဖို့
ဆယ်စုနှစ်တွေ ခဏခဏဆွံ့အပေးခဲ့ရ
ငါတို့ လက်သီးလက်မောင်း တန်းလိုက်ဖို့
အလောင်းချင်းထပ်ပေးဆပ်ခဲ့ကြရ
သမိုင်းကသွေးမတိတ်သေးဘူး

ဒီနွေဦးခြောက်ဆယ်သမိုင်းမှာ
အသက်စွန့်သွားသူတွေ
ဘ၀ပျက်သွားသူတွေ
ပျောက်ဆုံးနေသူတွေ
ရှောင်ပုန်းနေသူတွေ
ထောင်ကျနေသူတွေ
အဝေးရောက်နေသူတွေ
မိဘပျောက်သားသမီးတွေ
သားသမီးပျောက်မိဘတွေ
တောက်ခေါက်သံတွေ
ကမ္ဘာမကြေသီချင်းသံတွေရှိတယ်..

ဒီနွေဦးခြောက်ဆယ်သမိုင်းမှာ
မြို့တော်ဟာ
သွေးကွက်တွေနဲ့စေးထန်းနေတဲ့
ကတ္တရာလမ်းမတွေကို
ထမ်းပိုးထားရ..

ဒီနွေဦးခြောက်ဆယ်သမိုင်းမှာ
ဒေါနဟာ
အပျိုရည်ပျက်ခဲ့ရတဲ့
သင်တိုင်းဖြူလေးတွေကြောင့်
အရှက်တရားကိုလွယ်ပိုးထားခဲ့ရ..

ဒီနွေဦးခြောက်ဆယ်သမိုင်းမှာ
သောင်းရင်းဟာ
သပိတ်မသွတ်ရသေးတဲ့
အညတရရဲဘော်လေးတွေရဲ့
ဝိညာဉ်တွေကြောင့်
ပိုမိုခက်ထန်ကြမ်းတမ်းလာခဲ့ရ..

ထာဝရရှင်သန်နေတဲ့တော်လှန်ရေးဟာ
သမိုင်းရဲ့ ထုတ်ကုန်ဖြစ်ပြီး
ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့
ပျက်စီးသွားတဲ့ဘ၀တွေဟာ
သမိုင်းရဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်လာခဲ့ရ..

ဒီလိုနဲ့
ဘေးထိုင်ဘုပြောနေသူတွေ
လက်နက်တပ်ဆင်ဖို့ ကြိုးစားနေသူတွေ
သွေးပျက်သွားသူတွေ
ဘာသိဘာသာနေတတ်သူတွေ
ဘက်ပြောင်းသွားသူတွေ
စုတ်တသပ်သပ်နဲ့ စာနာတတ်သူတွေ
မင်းသားတွေ..
လူကြမ်းတွေနဲ့..
တော်လှန်ရေးဟာ ခရီးဆက်ခဲ့
ခရီးဆက်ဆဲ..

လူသားတို့ရဲ့ တော်လှန်ရေး
လူသားဆန်လွန်းပေရဲ့..

ညစာထမင်းဝိုင်းမှာတော့
ထီးကပလယ်မှာ
ငါနောက်ဆုံး ဆုံခဲ့ရတဲ့
ကေအန်အယ်လ်အေ ရဲဘော်တွေရဲ့
လောက်ကောင်ရောတဲ့
အပေါစားငါးပိနဲ့ ထမင်းဝိုင်း
မြင်ယောင်လာလို့
ရေနွေးကြမ်းနဲ့မျှောချလိုက်ရတော့တယ်..

ဒီလိုပဲ
တော်လှန်ရေးဟာ
ခါးသက်မှု အလုံးစုံကိုလွယ်ပိုးရင်း
ခရီးဆက်ခဲ့ပြန်ပြီ။ ။

(ရွှေဝါရောင်တော်လှန်ရေး (၂) လပြည့်အမှတ်တရ)

ငြိမ်းချမ်းအောင်
၂၈ နိုဝင်ဘာ ၂၀၀၇

1. နိုင်ဝင်းဆွေ၊ ငွေ ရွှေ ရတု၊ ရေဆန်လမ်းသို့အပြန်
2. ကိုကိုးကျွန်း (၅၃) ရက်ကြာအစာငတ်ခံတိုက်ပွဲများအတွင်း ကျဆုံးသွားသော ရဲဘော်မောင်မောင်စိုး၏ တိုက်ပွဲခေါ်သံ၊ ကားမာက်စ်၏ အထ္တုပ္ပတ္တိထဲမှစာသား

Read More...

News collection

- တိုင်းပြည်တိုးတက်ပြောင်းလဲဖို့အတွက် ညီညီညွတ်ညွတ်လုပ်ကြဖို့ လူထုဒေါ်အမာတိုက်တွန်း link
- မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်တွေအတင်းပိတ်ခိုင်းတာ ဥပဒေနဲ့မကိုက်ညီ link- ပျောက်ဆုံးနေတဲ့ သံဃာတွေအတွက် စုံစမ်းစစ်ဆေးပေးဖို့ သံဃာ့တပ်ပေါင်းစု တောင်းဆို link
- စစ်အစိုးရက ကျင်းပမယ့် ပထမပြန်စာမေးပွဲ မဖြေဆိုမယ့် သံဃာတွေများပြား link
- မြန်မာပြည်အတွင်း ဖမ်းဆီးဖိနှပ်ခံနေရတဲ့အမျိုးသမီးတွေအတွက် မြန်မာအမျိုးသမီးအဖွဲ့ချုပ် စည်းရုံးလှုပ်ရှား link
- ဖမ်းဆီးခံထားရသူ ဥပဒေကျောင်းသူ ရဲတပ်ရင်းမှ ပြန်လည်လွတ်မြောက် link
- အဖမ်းခံရသူ ကိုအောင်ဇော်ဦးနေအိမ်ကို အာဏာပိုင်များ မွှေနှောက်ရှာဖွေ link
- မဂ္ဂင်ကျောင်းတိုက်ကို ချိန်ပိတ်ခံရပြီး သံဃာများကို အတင်းအကြပ် နေရာရွှေ့ခိုင်း link
- တိုင်းရင်းသား ကိုယ်စားလှယ်များက သုံးပွင့်ဆိုင်ဆွးနွေးပွဲအတွက် အိန္ဒိယ၏ ထောက်ခံမှုကို တောင်းခံ link
- ရတနာပြပွဲက ပေးသော ထွေပြားသည့် သတင်းစကား link
- မဂ္ဂင် ဘုန်းတော်ကြီးကျောင်း အပိတ်ခံရ link
- သီးလေးသီး အလုပ်ဖြုတ်ခံရ link
- ဗြိတိန်နိုင်ငံရေးလေ့လာမှုအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တသက်တာ နိုင်ငံရေးထူးချွန်ဆု ချီးမြင့် link
- မြန်မာပြည်တွင်းရှိ သံဃာထုအခြေအနေနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းချက် link
- မြန်မာစစ်အစိုးရ ဆက်လက်ဖမ်းဆီးနေမှုအပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ပြစ်တင်ရူတ်ချ link- ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်မှပေးအပ်သည့် နိုင်ငံရေးထူးချွန်ဆုရရှိ link
- ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် မြန်မာ့အရေး ဆွေးနွေးမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြောlink
- ယခုနှစ်မကုန်မီ မြန်မာပြည် ပြန်သွားရဖွယ်ရှိဟု ဂမ်ဘာရီ မျှော်လင့် link
- ၀န်ကြီးချုပ် 101 (ဆောင်းပါး) link
- တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့တွေ အောင်ဖို့ဆိုရင် (ဆောင်းပါး) link
- Bush calls Abbas, Olmert to White House, link
- Israel, Palestinians OK negotiating plan, link
- Award for Lifetime Achievement in Politics, link
- Rights Group Says Arrests in Burma Continue, link
- Israel, Palestinians Commit to Seek Peace Accord by End of 2008, link
ပြန်ခေါက်ထားပါ...

Read More...

27 November, 2007

News collection

- Dalai Lama condemns Myanmar crackdown, link
- Britain eases travel advice for Myanmar, link
- Daw Aung San Suu Kyi wins Lifetime Achievement in Politics, link
- Daw Aung San Suu Kyi wins Lifetime Achievement in Politics, link
- ဖမ်းဆီးခံထားရပြီး သတင်းပျောက်လူပျောက်ဖြစ်နေသော မအေးမြင့်မြတ်ပြန်လည်လွတ်မြောက် link
- အာဏာပိုင်များမှ မဂ္ဂကျောင်းတိုက်မှ သံဃာတော်များ ဖယ်ရှားပေးရန် အမိန့်ပေး link
- အာဆီယံဒေသတွင်း အလုပ်သမားများ၏ အနာဂတ်အခွင့်အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ထိုင်းနိုင်ငံတွင် ကျင်းပ link
- ဆင်းရဲနွမ်းပါးမူကြောင့် ကလေးအလုပ်သမလားပိုမိုများပြားလာကြောင့် မွန်လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာထုတ် link
- ရွှေဝါရောင်တော်လှန်ရေး ပြန်လည်စတင်ရန် မျိုးဆက်သစ်လူငယ်များ တိုက်တွန်း link
- မြစ်ကြီးနား-လိုင်ဇာလမ်း စစ်တပ်များ ချထား ခရီးသွားသူများ စိုးရိမ်ကြောင့်ကြမှုတိုးပွား link
- မြန်မာနိုင်ငံ၌ ဒေါ်လာ (၁၀) သန်းတန် သတ္တုကျိုစက်ကို စင်ကာပူက တည်ဆောက်မည် link
- မြန်မာ့အရေးကူညီဆောင်ရွက်ပေးရန် ဗီယက်နမ်ဝန်ကြီးချုပ်ကို မစ္စတာဘမ်ကီမွန်မေတ္တာရပ်ခံlink
- ကလေးစစ်သားအသုံးပြုမှုရှိမရှိ လာရောက်စစ်ဆေးရန် ကေအင်အယ်လ်အေ စစ်ဦးစီးချုပ် စိန်ခေါ်link
- ကလေးစစ်သားမသုံးဟု တိုင်းရင်းသား လက်ကိုင်အဖွဲ့များငြင်းဆို link
- လက်ရှိစီးပွားရေးအခြေအနေနှင့်ပတ်သက်၍ သုံးသပ်ချက် link
- ဂျပန်သတင်းထောက်ကို နအဖစစ်တပ်က တမီတာအကွာမှ ပစ်ခတ်ခဲ့ကြောင်း ဂျပန်ရဲပြောကြား link
- UN Envoy Urges Vietnam to Help Resolve Burma's Political Crisis, link
- Ceased fire groups prodded to support junta, link
- Myanmar sells USD 150 mn of gems at auction: official, link
ပြန်ခေါက်ထားပါ...

Read More...

26 November, 2007

News collection: Women activists stage small protest in Rangoon; Indian Buddhist monks protest against Burmese military junta

2nd Months Anniversary of Saffron Revolution

- မိတ္ထီလာ အန်အယ်ဒီက ဒေါ်စု ကျေညာချက်ကို ကြိုဆို link
- တောင်ဒဂုံ ၅၅ ရပ်ကွက်မှ မင်းမဲ့စရိုက်အဖြစ်အပျက် link
- ကလေးမြို့မှ ဆန္ဒပြခေါင်းဆောင် ကိုဝင်းကျော် ၆ ကြိမ်မြောက် အမှုရက်ချိန်း link
- သင်္ဃန်းကျွန်းလူငယ် မြသန်းထိုက်ကို ပုဒ်မ ၅-ည ဖြင့်စွဲချက်တင် link
- HRDP အဖွဲ့ဝင်တဦး အဖမ်းခံရ link
- ဗုဒ္ဓဂါယာမှ ရွှေဝါရောင်တော်လှန်ရေး နှစ်လပြည့်ဆုတောင်းပွဲ link
- သံဃာ့တပ်ပေါင်းစုကြေငြာချက် link
- စက်တင်ဘာလတွင်အသက်ပေးခဲ့သော ရဟန်းရှင်လူများအတွက် ဒါနပြုအမျှဝေ link
- လူ့အခွင့်အရေးလူပ်ရှားသူတဦး ရန်ကုန်တွင်အဖမ်းခံရ link
- သံဃာ့တပ်ပေါင်းစုဆရာတော် ဦးဂမ္ဘီရ၏ ခမည်းတော်ပျောက်ဆုံးနေ link
- ဖမ်းဆီးခံထားရသော ၈၈-မျိုးဆက်ကျောင်းသားများ၏ ကျန်းမာရေးအခြေအနေ link
- လူ့အခွင့်အရေးလူပ်ရှားသူတစ်ဦးထပ်မံဖမ်းဆီးခံရ link
- ဂျပန်သတင်းထောက်သေဆုံးမှုအပေါ်တိုကျိုမြို့တော်ရဲအဖွဲ့ အစီရင်ခံစာထုတ်ပြန် link
- စစ်အစိုးရကျင်းပပေးသော သံဃာစာမေးပွဲမဖြေဆိုရန် သီရိလင်္ကာရဟန်းတော်များတိုက်တွန်း link
- ဗုဒ္ဓဂါယာတွင် နိုင်ငံတကာ သံဃာတော် ၁ဝဝ ကျော် ထိုင်သပိတ် ပြုလုပ် link
- ဂျာနယ်ထုတ်ဝေခွင့်ကတ် ၀ယ်ယူ၊ ငှားရမ်းမှုများ ဖြစ်ပေါ်နေ link
- ရန်ကုန်တွင် တန်ဆောင်တိုင်ပွဲတော် ခြောက်သွေ့ link
- ရဲလက်မှ ထွက်ပြေးရန်ကြိုးစားသည့် မြန်မာအလုပ်သမား (၇) ဦးနှင့် ထိုင်း (၁) ဦး သေဆုံး link
- ထိုင်းနိုင်ငံတွင် တရားမ၀င်ဝင်ရောက်လာသော မြန်မာအလုပ်သမားများပါသည့် ကားတိမ်းမှောက် link
- UN envoy wants further Burma visit, link
- U.N. envoy on Myanmar wants to return by year end, link
- Indian Buddhist monks protest against Myanmar junta, link
- Indian Buddhist Monks Protest Against Burma's Military Rule, link
- Asia's Poorest Nations May Face Worst of Climate Change, link
- Boat sinks off Bangladesh; 50 missing, link
ပြန်ခေါက်ထားပါ...

Read More...

25 November, 2007

News collection

- ဒေါ်စုနဲ့ဖမ်းဆီးခံအမျိုးသမီးတွေလွှတ်ပေးဖို့တောင်းဆို link
- မြန်မာနိုင်ငံလက်ရှိအခြေအနေ သုံးသပ်ချက် link- ဒေါ်စုကိုလွှတ်ပေးရန် မိထ္တိလာအဖွဲ့ချုပ်တောင်းဆို link
- ဒေါ်စုထုတ်ပြန်ချက်ကို ကန့်ကွက်ရန် ကြံ့ဖွတ်လိုက်လံစည်းရုံး link
- ပြင်သစ်သမတ္တကမြန်မာပြည်အရေးဆွေးနွေးဖို့ တရုတ်သမတ္တနှင့်တွေ့ဆုံမည် link
- ကလေးစစ်သားအသုံးပြုမှုအပေါ်ကရင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ငြင်းဆို link
- ကချင်ပြည်နယ်အတွင်း လက်နက်နဲ့ငြိမ်းချမ်းရေး လဲယူထားပေမယ့်မငြိမ်းချမ်းနိုင် link
- Boat sinks off Bangladesh; 100 aboard, link
- Myanmar rebel group denies child soldier claims, link
- သံဃာ့ဦးလျှောင်အဖွဲ့လက်တွေ့လုပ်ငန်းများအတွက် သာသနာ့ရက္ခိတ အဖွဲ့ကို ဖွဲ့စည်း link
- Sarkozy will raise Burma issue in China, link
- Labor Party Cruises To Victory In Australian Election, (see the new leader view on Burma issue) link
- Burma Detects New Outbreak of Bird Flu, link
ပြန်ခေါက်ထားပါ...

Read More...

မိုင်ပရိုဖိုင်

သစ်တပင်လို ငါရှင်သန်
ငှက်တကောင်လို ငါပျံသန်း
မြစ်တစင်းလို ငါရှေ့ဆက်
ငါဟာ လူပီသသူ
ပုထုဇဉ်ဝါဒီတစ်ယောက်ပဲ။

ငါဟာ..
အညာကိုချစ်သလို
ကဗျာကိုလည်းချစ်သူ..

ဧရာဝတီကိုချစ်သလို
မစ်ဇူရီကိုလည်းချစ်သူ..

ငါဟာ
ကျေးလက်တေးတွေကြိုက်သလို
ဟစ်ဟော့နဲ့လည်းမြူးတတ်သူ..

ဟောလိဝုဒ်အက်ရှင်ဇာတ်ကြမ်းကားတွေကြိုက်သလို
တိုက်တင်းနစ်ကိုလည်းခံစားတတ်သူ..

ဒီလိုနဲ့ ငါရှင်သန်ခဲ့ရ ဘ၀ထဲ
ကျောကိုသပ်သပ်ပြီး
ဓါးနဲ့ထိုးဖို့ကြိုးစားတတ်သူတွေ
ဗြောင်စိန်ခေါ်ပြီး
ရူးချင်ယောင် ဆောင်သွားတတ်သူတွေ
မျက်ကွယ်မှာ အပုတ်ချပြီး
ရှေ့တင်မှာ လွမ်းပြနေတတ်သူတွေ
သူတို့တွေကြောင့်
ငါ့မျက်လုံးတွေအရောင်ရင့်
ငါ့အသံတွေမာကျော
ငါ့အမူအရာတွေရင့်သီး
ငါ့နှလုံးသားတွေအေးစက်လာခဲ့ရ။

အနာကို ဆေးမထည့်ပဲ
ပတ်တီးကြပ်ကြပ်စီးထားတတ်တဲ့ လောကကြီးထဲ
အပေါစားမိတ်ကပ်တွေ လိမ်းကျံထားတဲ့
ပြည့်တန်ဆာမတစ်ယောက်လို
လှချင်ယောင်ဆောင်ထားတတ်တဲ့ ခေတ်ကြီးထဲ
ရေလိုက်ငါးလိုက်ဆိုတဲ့စကားလုံးနဲ့
အံဝင်ခွင်ကျမဖြစ်နိုင်သေးသူဟာ ငါဖြစ်တယ်။

ငါဟာ..
ဗုဒ္ဓကို ကိုးကွယ်သလို
ယေရှုကို တန်ဖိုးထားသူ..

နော်မန်ဗက်သွန်းနဲ့
ရဲဘော်ချေကို အားကျသလို
ဦးလေးဟိုနဲ့
ဂျော့ဝါရှင်တန်ကို လေးစားသူ..

အချစ်နဲ့သိက္ခာအတွက်
သေနတ်ချင်းယှဉ်ပစ်ရဲတဲ့
ပွတ်ရှကင်
တရားတဲ့တိုက်ပွဲအတွက်
စစ်ထဲဝင်သွားရဲတဲ့
ဘိုင်ရွန်
ရှုံးပွဲမှန်းသိရက်
ယုံကြည်ချက်အတွက်တိုက်ပွဲဝင်ရဲသူ
ယက်ဗ်စကီးနဲ့
မင်ဒယ်စတန်း
ဒီကဗျာဆရာတွေကို
သေကောင်းပေါင်းလဲ ချစ်တတ်သူဟာလည်း
ငါပဲဖြစ်တယ်..။

ငါဟာ...
လစ်ဘရယ်ဒီမိုကရက်တစ်ပ်ဖြစ်သလို
ဒိုင်ယာလက်တစ်ပ်ကိုလည်း ကျေညက်ချင်သူ
လူ့ယဉ်ကျေးတို့ရဲ့ ‘လူသားချင်းစာနာမူ’ ခေါင်းစဉ်တတ်ထားတဲ့
အဆိပ်လူးမျှားတွေကို သဘောမကျတတ်သလို
အာဏာရှင်တို့ရဲ့ 'အရူးထမူ' ကိုလည်း ဆန့်ကျင်တတ်သူ..

ငါဟာ..
အသစ်နဲ့အဟောင်းတို့ရဲ့ ပေါင်းကူးတံတား
အချစ်နဲ့မြစ်တို့ရဲ့ တမန်တော်
ပန်းပွင့်တွေအတွက် လေပြေ
ကျောက်ဆောင်တွေအတွက် မုန်တိုင်းဖြစ်ချင်သူ။

ငါဟာ..
ပွင့်ချပ်လေးတစ်ဖပ်လို နူးညံ့ချင်သလို
တောရိုင်းသတ္တ၀ါတစ်ကောင်လိုလည်း
ရိုင်းစိုင်းကြမ်းတမ်းချင်သူပါ..။
ဒီလိုနဲ့..
နေတတ်သူတွေအတွက်
ကြေနပ်စရာ ကမ္ဘာကြီးထဲ

သစ်တပင်လို ငါရှင်သန်
ငှက်တကောင်လို ငါပျံသန်း
မြစ်တစင်းလို ငါရှေ့ဆက်
ငါဟာ လူပီသသူ
ပုထုဇဉ်ဝါဒီတစ်ယောက်သာဖြစ်တယ်..။

ငြိမ်းချမ်းအောင်
၂၅ နိုဝင်ဘာ ၂၀၀၇

Read More...

24 November, 2007

News collection

- မဇ္စိုမဂုဏ်ရည်ဒေါက်တာအရှင်ကောဝိတ တရားထဲမှကောက်နူတ်ချက် link
- မဂ္ဂင်ကျောင်းတိုက်မှကျင်းပသော ကထိန်ပွဲကို စည်စည်ကားကား ကျင်းပ link
- ခင်ပွန်းကိုထောင်ချ ကိုယ်ဝန်သည်ဇနီးအား ထမင်းမကျွေးပဲစစ်ကြော link
- ပျောက်ဆုံး သံဃာများစာရင်း link
- ပျောက်ဆုံးနေသော ဗကပ ခေါင်းဆောင်များအတွက် သတင်းထုတ်ပြန်ပေးရန်တောင်းဆို link
- နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အဖွဲ့ချုပ်ဝင်မိသားစုများတောင်းဆို link
- အစိုးရတပ်ရင်းတရင်းက ကေအိုင်အို အုပ်ချုပ်ရေးရုံးအားဝင်ရောက်စီးနင်း link
- တိုင်းရင်းသားခေါင်းဆောင် ပူးကျင့်ရှင်းထန်ဖမ်းဆီးခံနေရဆဲ link
- Howard concedes Australia poll, link
- သံဃာတော်များကို ရက်ရက်စက်စက်နှိမ်နင်းပြီးနောက် ပါဌိပဌမပြန်စာမေးပွဲများ ပြုလုပ်ရန် နအဖ ပြင်ဆင် link
- တပ်အင်အားနှင့်အညီစစ်သားစုဆောင်းရာတွင် ကလေးစစ်သားများစွာ အသုံးပြုခံရ link
- မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂမှ ပြစ်မှတ်ထားအရေးယူ ဒါဏ်ခတ်ရန် လူ့အခွင့်အရေးအဖွဲ့တောင်းဆို link
- မြန်မာနိုင်ငံကလေးစစ်သားအသုံးပြုမူ စိုးရိမ်ဖွယ်ဖြစ်ကြောင်း ကုလအတွင်းရေးမူးချုပ် အစီရင်ခံစာတင်သွင်း link
- မြန်မာနိုင်ငံကြောင့်နိုင်ငံရေးရော စီးပွားရေးပါ အာဆီယံဖိအားပေးခံနေရ link
- မျိုးဆက်သစ်လူငယ်အဖွဲ့အချို့ရန်ကုန်မြို့တွင် လူံ့ဆော်စာများဖြန့်ဝေ link
- ဘာပဲဖြစ်ဖြစ်ဒီအချိန်မှာ ဒေါ်စုကိုယုံယုံကြည်ကြည် ထောက်ခံသင့်ကြောင်း ကချင်အမျိုးသားအဖွဲ့ကဆို link
- UN: Myanmar must free all child soldiers, link
- UN report on Burmese child soldiers, link
- UN Chief Says Children's Rights Violated in Burma, link
- U.N. urges Myanmar to stop using child soldiers, link
ပြန်ခေါက်ထားပါ...

Read More...

23 November, 2007

News collection

- ငွေတန်ဖိုးနှင့် ကုန်ဈေးနူန်းအခြေအနေ link
- ကဗျာဆရာအောင်ဝေးထိုင်းမြန်မာနယ်စပ်ကိုရောက်ရှိ link
- ဒဗလျူအမ်ဘီမှ အမျိုးသမီးများကို အကူအညီပေးနိုင်မဲ့ လူပ်ရှားမူများစတင် link
- အမျိုးသမီးများအတွက် (၈၈) မျိုးဆက်ကျောင်းသူများက ကုလလူ့အခွင့်အရေးကောင်စီနဲ့ ကမ္ဘာ့လူ့အခွင့်အရေးလူပ်ရှားသူများထံ တောင်းဆိုချက် (၁) link
- အမျိုးသမီးများအတွက် (၈၈) မျိုးဆက်ကျောင်းသူများက ကုလလူ့အခွင့်အရေးကောင်စီနဲ့ ကမ္ဘာ့လူ့အခွင့်အရေးလူပ်ရှားသူများထံ တောင်းဆိုချက် (၂) link
- ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ မအေးမြင့်မြတ်ပျောက်ဆုံးနေ link
- ဖမ်းဆီးခံထားရသော ဘိုကလေးမှ အဖွဲ့ချုပ်ဥက္ကဌအပါအ၀င် (၆)ဦးကို အမှု (၂)ခုနှင့်စွဲချက်တင် link
- ရန်ကုန်တွင် လျှပ်စစ်မီးပျက်မှု ပိုမိုဆိုးရွား link
- ကေအိုင်အို တိုက်နယ်ရုံး နအဖ တပ်မှ စီးနင်း၊ အရာရှိ ၂ ဦးကို ဖမ်းဆီး link
- ဒဂုန်မြို့သစ် ကြံ့ဖွံ့များ လူထုဘဏ္ဍာ အလွဲသုံးစားလုပ် link
- ကေအိုင်အို တိုက်နယ်ရုံး နအဖ တပ်မှ စီးနင်း၊ အရာရှိ ၂ ဦးကို ဖမ်းဆီး link
- ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် အီးယူနှင့်အာဆီယံ ပူးတွဲတောင်းဆို link
- ဥရောပပါလီမန်အနေဖြင့်မြန်မာနိုင်ငံအား ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မူများဆက်လုပ်သွားမည် link
- ဒေါ်အောင်ဆန်းစုကြည်ထုတ်ပြန်ချက်ကို မကန့်ကွက်သဖြင့် ကေအိုင်အိုနှင့် နအဖအကြားတင်းမာ link
- ကဗျာလက်နက်နဲ့ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင် ကဗျာဆရာအောင်ဝေးပြော link
- သတင်းပျောက်လူပျောက်ဖြစ်နေသော မအေးမြင့်မြတ်၏အဒေါ်ဖြစ်သူနှင့် ဆက်သွယ်မေးမြန်းချက်များ link
- နေပြည်တော်ကို ပစ် (ဆောင်းပါး) link
- မြန်မာနိုင်ငံကိုပိတ်ဆို့အရေးယူတာတွေဟာ စစ်ခေါင်းဆောင်တွေကိုပဲ နစ်နာစေတယ်လို့ အီးယူသမဂ္ဂပြောကြား link
-
UN Chief Says Children's Rights Violated in Burma, link
- Burmese Army arrests eight KIO members, link
- KIO under pressured, link
- European Lawmakers Vow to Oppose Trade Deals Over Burma, link
- Burma urged democratic reforms, link
- ASEAN and EU release joint declaration, link
ပြန်ခေါက်ထားပါ...

Read More...

22 November, 2007

News collection

- မြန်မာ့အရေး ၏ ဂမ်ဘာရီနှင့် နိုင်ငံတကာခေါင်းဆောင်များ စင်ကာပူတွင်တွေ့ဆုံ link
- မြန်မာ့အရေးနှင့်ပတ်သက်ပြီး အီးယူနှင့်အာဆီယံသဘောထား ကွဲလွဲနေဆဲ link
- တိုင်းရင်းသားခေါင်းဆောင်များကို နအဖခေါ်ယူထိမ်းသိမ်းနေ link
- ထိုင်းမြန်မာဆက်ဆံရေးနွေးထွေးတဲ့အရပ်အယောင်မရှိဟု အကဲခတ်များပြောဆို link
- Burma Campaign UK က RedBridge Council ရဲ့ရင်းနှီးမြူပ်နှံမူတွေအပေါ်ဝေဖန်နေ link
- ပတ်စ်ပို့ လျှောက်ထားသူများ အလွန်များပြားလာ link
- အဆိုတော်များ စတိတ်ရှိုး ဆိုလိုပါက ကိုယ်ရေး အချက်အလက်များ တင်ပြရမည် link
- ဖမ်းဆီးခံ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ကျန်းမာရေး ကောင်းမွန် link
- ဒေါ်စုထုတ်ပြန်ချက် ထောက်ခံသော စီအာပီပီအဖွဲ့ဝင် တိုင်းရင်းသားပါတီများ ခေါ်ယူစစ်ဆေးခံရ link
- ဆိုက်ကလုံးအဖွဲ့ကို ဂီတအစည်းအရုံးက စင်မြင့်ဖျော်ဖြေပွဲ တနှစ်ပိတ် link
- အဖမ်းဆီးခံထားရသော ရဟန်းတော်များကို ထောင်ဝင်စာတွေခွင့်မရ link
- အစိုးရပထမပြန်စာမေးပွဲ သပိတ်မှောက်ရေးနှင့်ပတ်သက်၍ စာသင်တိုက်များ၏သဘောထားအမြင် link
- 88 မျိုးဆက်ကျောင်းသားကိုအောင်နိုင်၏ဇနီးနှင့် ဆက်သွယ်မေးမြန်းချက် link
- အစိုးရပထမပြန်စာမေးပွဲကို သံဃာများသပိတ်မှောက်ရန်ပြင်ဆင် link
- စစ်အစိုးရအား လက်နက်ရောင်းချခြင်း မပြုရန် နိုင်ငံတကာ လွတ်ငြိမ်းအဖွဲ့ကတောင်းဆို link
- ဒေါ်စုနှင့်အထိမ်းသိမ်းခံများပြန်လွှတ်ပေးရန် အီးယူနှင့် အာဆီယံတောင်းဆို link
- မြို့နယ်များမှဖမ်းဆီးခံထားရသူများ ထောင်ဝင်စာတွေ့ခွင့်မရသေး link
- တပ်မတော်မျိုးဆက်သစ် ခေါင်းဆောင်များ အလိုရှိသည် (ဆောင်းပါး) link
- မြန်မာ့သစ်တောများ နှစ်စဉ်ပြုန်းတီးနေ link
- မြို့နယ်အချို့ ကထိန်ပွဲများ အောင်မြင်စွာ ကျင်းပပြီးစီး link
- တိုင်းရင်းသား ခေါင်းဆောင်များ ဖမ်းဆီးခံရ link
- မြန်မာပြည်ကသွေးစွန်းတဲ့ ပတ္တမြားမ၀ယ်ယူရေး အမေရိကန်ရ တနာကုန်သည်တွေထောက်ခံ link
- မြန်မာ့အရေးကုလဆုံးဖြတ်ချက်ကို အာဆံယံနိုင်ငံများထောက်ခံခြင်းမရှိ link
- Southeast Asians and Europeans Agree Burma Issue Should Not Hold up Trade Negotiations, link
- British PM Stops Deportation of Burmese Asylum Seeker, link
- EU and ASEAN call for Myanmar democracy, no trade deal, link
- Myanmar opposition says arrests undermine talks, link
- ASEAN, EU agree to speed up trade deal, link
- Asian Leaders Meet EU to Further Ties, Urge Burma Reforms, link
- Burma’s Bangkok Embassy Seeks Names of Student Protesters, link
- UWSA and KIO Abstain from Condemning Suu Kyi, link
- Role of New ASEAN Rights Body Questioned, link
- UN Rights Expert Urges Continued International Pressure on Burma, link
- No sanctions on Burma: Lee, link
- ဗြိတိန် အတွင်းဝန် စင်္ကာပူမှာ မြန်မာ့အရေးဆွေးနွေး link
ပြန်ခေါက်ထားပါ...

Read More...

21 November, 2007

တောက်ခေါက်သံများ.. ပုန်းခိုကျင်းများနှင့် ရွှေဝါရောင်တော်လှန်ရေး ၏ အခန်းဆက်

တောက်ခေါက်သံများ.. ပုန်းခိုကျင်းများနှင့်.. ရွှေဝါရောင် တော်လှန်ရေး၏ အခန်းဆက်..

ကိုလွမ်းဆွေဘလော့မှာ ဆရာအောင်ဝေးရဲ့ အက်ဆေးကဗျာကိုတွေ့ရတော့ တော်တော် စိတ်မကောင်း ဖြစ်ရ ပါတယ်။ ဆရာအောင်ဝေး ရင်ဘတ်ထဲမှာ ဘာတွေ ဖြစ်နေတယ်.. ဘယ်လိုတွေ ခံစားနေရ တယ်ဆိုတာကိုလည်း တိုက်ရိုက်မြင်ခွင့် ရလိုက်တယ်။ စက်တင်ဘာ ရွှေဝါ ရောင် တော်လှန်ရေး ဒီရေဟာ ဆရာအောင်ဝေး ရင်ဘတ် ထဲမှာ အရှိန်အမြင့်မားဆုံး တက်နေဆဲပါ..၊ ဒါပေမဲ့ တပြိုင်တည်းမှာ ဆရာဟာ အားမလို အားမရတွေ ဖြစ်နေ တယ်.. ကြေကွဲနေတယ်.. ပေါက်ကွဲနေတယ်..။ ခံစားချက်မျိုးစုံကို တပြိုင်နက်တည်း ခံစားနေရတယ်..။

ဆရာက ပြင်ပမှာရောက်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကိုလည်း အားမလိုအားမရ ဖြစ်နေတယ်..။ ကရုဏာ ဒေါသဖြစ်နေတယ်..။ လှောင်အိမ်ထဲမှာ သီကြွေးနေတဲ့ ငှက်ကလေး တွေလို့ဆိုထားတယ်..။ လှောင်အိမ်ထဲက ငှက်ကလေးတွေဟာ ဘယ်လိုပင် တေးသီပါစေ မလွတ်မြောက်နိုင်ဘူးတဲ့..။ ဆရာအောင်ဝေးဟာ လမ်းမတွေ ပေါ်မှာ နောက်တစ်ပွဲ နွှဲကြဖို့ စိတ်ဇောသန်နေတယ်..။ အချိန်နဲ့အမျှ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ စဉ်းစားနေ တယ်။ နည်းလမ်းရှာ နေတယ်။ ရွှေဝါရောင် ဒီရေလိုင်းတွေ သူ့ရင်ထဲမှာ ၀ိုင်းဒိုင်းကျဲ တိုးဝှေ့ တိုက်ခတ်နေဆဲ။ ပြီးတော့ စစ်အစိုးရရဲ့ ဒိုင်ယာလော့ကိုလည်း လှောင်ပြောင် ထားတယ်..။ သူ့ခေတ်ပြိုင် ရဲဘော်ကဗျာ ဆရာတွေ ကိုလည်း တိုက်ပွဲ ၀င်ကြဖို့ ဆော်သြထားတယ်။

တကယ်တော့ ဆရာအောင်ဝေးဟာ စစ်အာဏာရှင်ကို ချဲလင့်လုပ်ခဲ့သူ၊ ယခုလက်ရှိအခြေ အနေမှာ ပုန်းခိုကျဉ်း ထဲမှာ ကာလကြာရှည် ပုန်းခို နေရသူ မျိုးချစ်ကဗျာဆရာ တစ်ယောက်ဖြစ် ပါတယ်..။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလမှာ ကိုဇာဂနာ၊ ကိုကျော်သူတို့နဲ့ အတူ ပြည်သူလူထုကို ရှေ့တန်းကနေ ဦးဆောင်ခဲ့သူဖြစ် တယ်..။ ကိုကျော်သူ ခေါ်အစစ်ခံရ ပြီးပြန်လွတ်လာတော့ ပုန်းခိုကျင်းထဲကနေ လှမ်းပြီးအားပေးစကား ပြောကြား ခဲ့သူဖြစ်တယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မှာ ဆူးလေရှေ့မှာ ကျော်ကိုကို တို့နဲ့ အတူ လူထုပရိသတ်ကို ရဲဝံ့စွာ တရားဟော ခဲ့သူဖြစ်တယ်။ အောက်တိုဘာ ပထမပတ်မှာ ဗွီအိုအေ သတင်းဌာန “သူယုံကြည်ရာ အစီအစဉ်” ကနေ စစ်အစိုးရကို ဗြောင်စိန်ခေါ်ခဲ့သူဖြစ်တယ်..။

ပုန်းရှောင်နေရတဲ့ အရှင်ဂမ်ဘီရနဲ့ သူ့ရဲဘော် ရဟန်းများ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ မမီးမီး၊ ကိုအောင်သူ၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင် မနီလာသိန်း၊ မစုစုနွေး၊ မဖြူဖြူသင်း၊ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုစည်သူ မောင်နဲ့မဟန်နီဦး တို့လိုပဲ ဆရာအောင်ဝေးဟာလည်း စစ်အစိုး ရကနေ အပြင်းအထန် လိုချင်နေသူ တစ်ယောက် ဖြစ်ပါတယ်..။ ကိုဌေးကြွယ်၊ ကိုအောင်သူ၊ မမီးမီးတို့ ကတော့ အောက်တိုဘာ ၁၃ ရက်နေ့က ပဲခူးတိုင်းအင်းတကော် ရာဘာ ခြံထဲမှာ ပုန်းအောင်းနေ တုန်း အဖမ်းခံခဲ့ရပြီ။ ကိုလှမျိုးနောင်လည်း အလွန်ဆိုးရွားနေတဲ့ မျက်စိ ကိုခွဲစိပ်ရန် ပုန်းခိုကျင်းထဲက ထွက်အလာ အဖမ်းခံခဲ့ရပြီ၊ အခု မျက်စိ တဖက်ပျက်သွားပြီ ကြားရ။ စည်သူမောင်နဲ့ ဟန်နီဦးလည်း အဖမ်းခံခဲ့ရ။ အခုသူတို့တွေ အင်းစိန် နရသိန်မှာ။ အရှင်ဂမ်ဘီရနဲ့ မစုစုနွေး တို့လည်းဒီလအစောပိုင်းမှာ အသီးသီး အဖမ်းခံခဲ့ ကြရ။

အရှင်ဂမ်ဘီရဟာ နိုင်ငံတော်ကို ပုန်ကန်သူ၊ ရွှေဝါရောင် တော်လှန် ရေးကို ဦးစီးဦးဆောင် ပြုသူအဖြစ်သေဒဏ် (သို့မဟုတ်) တသက်တကျွန်း ပစ်ဒဏ်ချမှတ် ခံရလိမ့် မယ်လို့ သူ့မိ သားစုကို ရေမြေ့သနင်း ဘ၀ရှင် မင်းတရားကြီး ရဲ့ လက်မရွံ့ လူသတ်သမားတွေက သွားရောက် ပြောကြား ခဲ့တယ် လို့ကြားရတယ်။

ဆရာအောင်ဝေးရေ…

လက်မရွံ့လူသတ်သမားတွေရဲ့ လက်ကနေလွတ်အောင်ပုန်းရှောင်ရင်း ခြောက်အိပ်မက်တွေ မက်နေရတဲ့ ဆရာ့ရဲ့ လက်ရှိအခြေအနေကို ထပ်တူထပ်မျှ ကိုယ်ချင်းစာမိပါတယ်..။ ဆရာ့မိသားစုလည်း ဆရာ့အတွက် စိုးရိမ်ပူပန် နေကြရော့မယ်..။ ဆရာ့ဝင်ငွေတစ်ခုတည်း အပေါ် မှာသာရပ်တည်နေရ တယ်ဆိုရင် ဆရာ့မိသားစုတော့ အခက် တွေ့နေကြပြီပေါ့..။

ကောင်းကင်တခုလုံး မီးဟုန်းဟုန်းတောက်နေမှတော့ ပျိုးပင်တွေကို ဘယ်လိုများကျဲတော့ မှာလဲ..။ ရွှေဝါရောင် တော်လှန်ရေးမှာ ပန်းတချို့တော့ ကြွေလွင့်ခဲ့ရ ပေါ့..။ ဒါပေမဲ့ မကြာခင် ရောက်လာတော့မဲ့ နွေဦးကို ဘယ်သူက များ တားဆီးထား နိုင်မှာလဲလေ..။

မည်သို့ဆိုစေ ဆရာ့စိတ်ဓါတ်တွေ အမြင့်ဆုံးမှာရှိနေတယ်လို့ဆရာက ဆိုထားလို့ ၀မ်းသာ ကြေနပ်ရပါတယ်။ တော်လှန်ရေးက မပြီးသေးပါဘူး။ အခုမှ ပထမဆုံးစာမျက်နှာကို လှန်ခဲ့ကြ ပေါ့။ အဆုံးမှာတော့ အောင်ပွဲဟာ ပြည်သူလူထုနဲ့အတူ ရှိရမှာပါ။ ဧရာဝတီသတင်းဌာနက ရဲဘော်ကျော်စွာမိုးရေးတဲ့ ဆောင်းပါးခေါင်းစည်း ထဲက အတိုင်းပဲ “လှုပ်ရှား ရုန်းကန်နေသရွေ့ မျှော်လင့်ချက်ရှိနေသည်” ပါပဲ။ ကျနော်တို့ တိုက်ပွဲကိုဆက်ကြ ရမယ်..။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တွေပုံချ မနေကြေးဆရာရေ..။ ကိုယ်ကျရာ အခန်းကို အကောင်းဆုံး ကပြ ကြ ရလိမ့်မယ်..။ တိုင်းပြည်အတွက်၊ သာသနာ အတွက် ကျနော်တို့ စွန့်လွှတ်တိုက်ပွဲဝင်ကြ ရလိမ့်မယ်။ ကျနော်တို့မှာ တခြားရွေးချယ်စရာ လမ်းမရှိတော့ဘူး..။

ရွှေဝါရောင် တော်လှန်ရေးက သွေးစွန်း စာမျက်နှာတို့ရဲ့ အခန်းဆက်တစ်ခု ဖြစ်သလို စက်တင်ဘာသစ်ရဲ့ မော်ကွန်းနီလည်း ဖြစ်တယ် ..။ သို့မဟုတ်.. အမှောင်ခေတ်ကို အဆုံးသတ်မဲ့ အဖိနှိပ်ခံ လူတန်းစားတို့ရဲ့ မိစ္ဆာသို့ တိုက်ပွဲခေါ်သံပေါ့..။ ဒီတိုက်ပွဲမှာ ပြည်သူအား လုံးပါဝင် ကြရလိမ့်မယ်..။ ပြည်သူလူထု အားလုံးကို မိစ္ဆာက စိန်ခေါ်နေပြီ..။ အရူံးမပေးသေးသ၍ ဘယ်တော့မှ ရူံးနိမ့်လိမ့်မယ် မဟုတ်ဘူး..။

ဆရာတခါက ရေးခဲ့ဖူးတဲ့ ကျနော်တို့ ကြိုက်ခဲ့ရတဲ့ “ခြင်္သေ့” ကဗျာထဲကအတိုင်း “တောသုံးတောင်သို့ အ၀င်မှာ ခြင်္သေ့ဟာ သမင်မမျက် လုံး ကိုပခုံးပေါ်ပစ်တင် လိုက်တယ်... ဒီကောင် လွမ်းခဲ့ပါတယ် ညီမလေးရယ် ငါ့နှလုံး သားမှာ ပန်းများဝေဖူး ဒီနွေဦးဟာ မင်းခူး ယူဖို့ပါ... ကန္တာရမဆန်ပါဘူး ငါ ဒဏ်ရာရခဲ့တာပါ” ဆိုသလို ပေါ့.. သူရဲကောင်းမှန်ရင် ဒဏ်ရာဒဏ်ချက်တွေတော့ ရှိကြပေလိမ့်မယ် ဆရာရေ.. ဒါပေမဲ့ ဆရာဟာ ခြင်္သေ့တစ် ကောင် ရဲ့ ရဲရင့်မူမျိုးနဲ့ အခက်အခဲအားလုံးကို ရင်ဆိုင်ကျော်လွှား နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဆရာအောင်ဝေး.. လွတ်အောင်ပုန်းနိုင်ပါစေ..။ တော်လှန်ရေးတာဝန်တွေ ဆက်လက်ထမ်း ဆောင်နိုင်ပါစေ..။

အောင်ရင်ငြိမ်းချမ်း
၂၁ အောက်တိုဘာ ၂၀၀၇။


Essays from a Bomb-shelter
Aung Way

1. Survive on the run
In the small dark rooms while I was hidding, it seemed there was a Nightingale's sacrifice lamp lightening upon me.
From the murky bottlenecks when I was fleeing, it seemed there was a Madame Lenin's lover lamp following me closely.
Through the black haunted wilderness where I was crossing, it seemed there was an Aung San Suu Kyi's unafraid lamp guiding me to freedom.
Hello! My sweet enemies, do you know how I can survive on the run for so long because the sun always rises in my mind.

2. If – and –Then
If you're only strong in proposal politics and nobody is fighting in the front line then it's like a bird singing in a cage-nothing happen.
If you're only hungry in future democracy and nobody is protesting on the urban streets then it's like a tiger starving in a gaol-nothing happen.
If you're only interested in junta's dialogue and nobody is rallying under the revolution flag then it's like a storm blowing in a tea cup-nothing happen.
Oh! My comrade poets, If you're only crazy in poetry and poetry and nobody is screaming at a red squre of the deaths then it's like a sword rusting in a scabbard-nothing happen.

Aung Way
14-10-2007

Read More...

News collection - India push the junta over reforms

- အိန္ဒိယ၀န်ကြီးချုပ်မာမိုဟန်ဆင်းနှင့် နအဖ၀န်ကြီးချုပ် သိန်းစိန်တွေ့ဆုံ link
- ဂျာနယ်မျက်နှာဖုံးများ၌ ကုလသမဂ္ဂအရာရှိဓါတ်ပုံ နေရာမပေးရဟု အမိန့်ထုတ် link
- စီအာပီပီကောင်မတီဝင်များ ခေါ်ယူစစ်ဆေးခံရ link
- အရှင်ဂမ်ဘီရမိခင်အား အာဏာပိုင်တွေလိုက်နှောက်ယှက် link
- နအဖရဲ့ခေါင်းမာမူကြောင့်နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ကြားဝင်မူ ပိုမြင့်လာနိုင် link
- ကုလသမဂ္ဂနဲ့လက်တွဲချင်ပါတယ်ဆိုတဲ့ နအဖကို စမ်းသပ်ရမဲ့အချိန်ရောက်ပြီ link
- မြန်မာ့အရေးယူအန်ဆုံးဖြတ်ချက်ကို အာဆီယံအဖွဲ့ဝင်များ မထောက်ခံ link
- လူ့အခွင့်အရေးချိုးဖောက်မူတွေအတွက် စစ်အစိုးရကို ပြစ်တင်ရူတ်ချကြောင်း ကုလဆုံးဖြတ် link
- မြန်မာ့အရေးအတွက် ကုလကိုယ်စားလှယ်ကို ထောက်ခံရန် သြစတေးလျှအစိုးရ တိုက်တွန်း link
- သူ့အပေါ်အပ်နှင်းထားတဲ့တာဝန် မြှင့်တင်ပေးရန် ဂမ်ဘာရီတောင်းဆို link
- 88မျိုးဆက်ကျောင်းသားတွေကို မိသားစုဝင်တွေ ထောင်ဝင်စာ သွားတွေ့ခွင့်ရခဲ့ link
- ဦးပူကျင်ရှင်းထန်ကို အာဏာပိုင်တွေခေါ်ယူမေးမြန်း link
- ဂမ်ဘာရီစင်ကာပူတွင် ကမ္ဘာ့ခေါင်းဆောင်အချို့နှင့် မြန်မာ့အရေးဆွေးနွေး link
- မြန်မာနိုင်ငံဆိုင်ရာ အီးယူကိုယ်စားလှယ် အန်စီဂျီယူဘီ၊ အမေရိကန်အရာရှိအချို့နှင့် မြန်မာ့အရေးဆွေးနွေး link
- ဒေါ်အောင်ဆန်းစုကြည်ကြေငြာချက်အပေါ် ပြည်တွင်းအဖွဲ့များ၏ ကန့်ကွက်မူနှင့် သတ်သက်၍ သုံးသပ်ချက် link
- ဒေါ်စုနှင့် ဦးအောင်ကြည် ဆွေးနွေးပွဲများ အဖွဲ့ချုပ် ကြိုဆို link
- အာဏာပိုင်များက သံဃာတော်များကို လုံခြုံရေးတင်းကျပ် link
- လှုပ်ရှားရုန်းကန်နေသရွေ့ မျှော်လင့်ချက်ရှိနေသည် (ဆောင်းပါး) link
- UN's Special Envoy to Burma Wants Stronger Role to Resolve Crisis, link
- Press Conference at ASEAN Summit, link
- Asia searches for climate change consensus, link
- UN's Special Envoy to Burma Wants Stronger Role to Resolve Crisis, link
-
More American Jewelry Stores Banning Burmese ''Blood Rubies'', link
- New Southeast Asian Human Rights Body Likely to Keep Hands Off Burma, link
- UN committee approves Myanmar resolution, link
- Myanmar faces critics, allies at Asia summit,
- East Asian leaders to pledge emissions cuts, link
- India push the junta over reforms, link
- UN panel slams Myanmar crackdown on protests, link
- UN Panel Criticizes Burma's Crackdown on Protesters, link
- U.N. rights panel rebukes Myanmar and North Korea, link
- India PM prods Myanmar over democracy: official, link
ပြန်ခေါက်ထားပါ...

Read More...

ကဗျာဟောင်းများ (၁)

ကဗျာအသစ်တွေမရေးနိုင်သေးလို့ ဟို.. အရင် ၉၀-၉၅ လောက်က ရေးခဲ့ဖူးတဲ့ ကဗျာဟောင်းလေး တချို့ကိုပဲ (ကျနော်ယခုအချိန်မှာ သိပ်မကြိုက်တော့ပေမဲ့) ယခင်ကရေးထားတဲ့ လက်ရာအတိုင်း မျက်နှာငယ်စွာ ပြန်တင်လိုက်ပါတယ်..။ အသစ်ကလေးတွေလည်း ထပ်ရေးဖို့ အားယူနေပါတယ်..။



ကဗျာ (၁)
“အမေများသို့….”

(၁)

ကျနော်
အမေ့ကို
ထားခဲ့တာ
အဲဒီနွေဦးမှာပါ..

သစ်ရွက်ဝါတွေ
မျက်နှာမွဲ
လမ်းမပေါ်မှာ
လွင့်ကျ..

မျက်နှာမွဲဘ၀များစွာနဲ့
တွန့်လိမ်နေတဲ့
နိုင်ငံတော်ဟာ
အဝေးမှာ
တစပြင်တခုလို
ကျန်ရစ်ခဲ့..

အမေ
ကျနော့်ကိုမတားခဲ့ဘူး
အမေ့မျက်လုံးတွေ
ကြေကွဲရီဝေနေ
အမေမျက်ရည်မကျဘူး
အမေ့နူတ်ခမ်းတွေ
တဆတ်ဆတ်တုန်ရီနေ..

အမေ
ကျေးတောသူ
လယ်သူမ
ဘ၀မှာရိုးသားစွာနေထိုင်
မြို့ပြရင်ခုန်သံသူမသိ
သူသိတာ ဘာသာရေး
မြို့ပြနဲ့အနေဝေးသူ
အမေသားကိုဖြစ်စေချင်
ဘွဲ့ရပညာတတ်
လယ်တောကိုချစ်တတ်သူ..

ကြာခဲ့ပြီအမေ
နွေဦးတွေ
အလီလီပြောင်းခဲ့ပြီ..
အမေ့ခြံထဲက
ပန်းပေါင်းစုံရနံ့
မနက်ခင်း
အမေ့ဝတ်တက်ကျေးစည်သံနဲ့အတူ
နိုးထလာတဲ့ ငှက်ကလေးတွေမြည်ကြွေးသံ
တိမ်တွေရဲ့အရောင်
ပန်းတွေရဲ့ရနံ့
အားလုံးကို သတိရတယ်..

သွေးကြောတွေထဲမှာ
သွေးတွေမှန်မှန်လည်ပတ်အောင်ကြိုးစားရင်း
နာရီတွေပေါ်က
ခဏခဏလိမ့်ကျခဲ့ရတဲ့ကျနော်
တခါတခါ
ကံကြမ္မာရဲ့ မျက်နှာလိုက်မူတွေနဲ့ရန်ဖြစ်ရင်း
အမေ့ကိုမေ့ထားခဲ့..

တခါတခါ
ညဥ့်လယ်အိပ်မက်တွေမှာ
လန့်လန့်အော်မိ
“အမေရေ…”
အမေ့ရင်မှာခေါင်းတိုးဝင်ရင်း
အားပါးတရ
အော်ပါရစေ.. အမေ..

လောကကြီးက
သားရဲတွေပေါတဲ့
တောကြီးပါ အမေ
အဲသမှာ
မြေခွေးတွေလည်းရှိတယ်
ယုန်သူငယ်တွေလည်းရှိတယ်
သားအကြိမ်ကြိမ်လဲကျ
ဒဏ်ရာရခဲ့တယ်
ရူံးနိမ့်ခါနီးတိုင်း
အမေ့အပြုံးက
သားရင်မှာရောက်လာတယ်
သားအင်အားတွေရရှိ
ကျေးဇူးပါအမေ..

၂။

ပြတင်းပေါက်က
ဖြတ်ဝင်လာတဲ့
လေထဲမှာ
ပေါက်လဲပန်းနံ့တွေပါလာတယ်
အပြင်ဘက်မှာ
စွန့်ခွာသွားတဲ့
ဆောင်းရဲ့နှင်းတွေ
ဝေေ၀၀ါးဝါး
ထနောင်းပင်ပေါ်က
ချိုးကူသံက
နွေဦး..နွေဦး.. တဲ့
အမေ
နွေဦးဟာ
အမြဲတမ်းနွေဦးဖြစ်တယ်..

အမေ့ရင်ခွင်ကို
သားတမ်းတမိတဲ့အချိန်မှာ
သားရင်မှာ ဒဏ်ရာတွေဗရပွနဲ့
ငယ်ဘ၀တွေ
ပြန်မရနိုင်တော့ဘူးအမေ..

ကမ္ဘာလောကမှာ
အမေတိုင်းဟာ
သားတွေကိုခွင့်လွှတ်ကြစမြဲလားအမေ
ဘယ်တော့မှမဟောင်းနိုင်တဲ့
အဖြူထည်မေတ္တာနဲ့
အမေသားကိုခွင့်လွှတ်ခဲ့ပြန်ပြီ..

ကွယ်ရာမှာကျိတ်ပြီးမငိုနဲ့အမေ
အမေ့မျက်ရည်စက်တွေမှာ
ဒေါသတွေမပါဘူး
နာကျည်းမူတွေမပါဘူး
အမေ့ရဲ့မျှော်လင့်ချက်တွေ
အိပ်မက်တွေ
ဖြစ်မလာနိုင်တော့တဲ့အတွက်
နှလုံးသားကထွက်တဲ့
သွေးစက်တွေနဲ့မငိုပါနဲ့ အမေ..

သိမ်မွေ့နက်ရိုင်းတဲ့
မေတ္တာတရားနဲ့
သားကိုဒဏ်ခတ်ခဲ့တာလားအမေရယ်..

အမေ
ကမ္ဘာလောကကြီးက
သစ်ရွက်တွေကို ဖန်ဆင်းပေးတယ်
ပြီးတော့ ခြွေချပြန်တယ်
ကမ္ဘာမြေက လက်မခံတော့တဲ့အခါ
သက်ရှိတွေရဲ့ဘ၀တွေ..
သင်္ခါရတရားတွေ..

အမေ..
နွေဦးဟာ အမြဲတမ်းနွေဦးဖြစ်တယ်..
ဖြူစင်တဲ့မေတ္တာတရားတွေ ရှိနေသ၍
အမေတွေရှိနေပါတယ်..
အဲဒီအမေဟာ ဘယ်တော့မှမသေဆုံးနိုင်တဲ့
ရင်ထဲက ထာဝရအမေဖြစ်ပါတယ်..။



ကဗျာ (၂)
“အလွမ်းနာ”

အချစ်ရေ
အဲသမှာ
ငါ..ဒဏ်ရာရခဲ့တာပါ
အချစ်ကမပြီးသေးဘူးလေ..

အဲဒီအချစ်က
ကဗျာတစ်ပုဒ်ဖြစ်တယ်
နွေဦးသစ်ရွက်တွေဖြစ်တယ်
ဆောင်းနှင်းပွင့်တွေလည်းဖြစ်တယ်..

အချစ်ရယ်
အဖြေလွဲခဲ့တာမဟုတ်ပါဘူး
ကြေကွဲခဲ့ရတာပါ
ပန်းတွေပွင့်ခဲ့တာမဟုတ်ပါဘူး
အလွမ်းတွေရင့်ခဲ့ရတာပါ..

ဘယ်လောက်များကြေကွဲစရာ ကောင်းလိုက်ပါသလဲ
နွေဦးသစ်ရွက်တွေက
အရူးအမူးကြွေကျ
အဝေးရောက် လမ်းကလေးမှာ
ခုံတန်းတွေမရှိဘူး
စံပယ်ပန်းတွေမရှိဘူး
ခရေတွေဝေမနေဘူး
စံပယ်တွေကြွေမနေဘူး
ဆည်းဆာတွေကြေကွဲနေတယ်
စင်ရော်တွေလေ၀ဲနေတယ်..

ချစ်သူရယ်
အဲသမှာ
ငါဒဏ်ရာရခဲ့တာပါ
ချစ်သူမျက်နှာက အ၀ါ
ပန်းပွင့်တွေက အ၀ါ
သစ်ရွက်တွေက အ၀ါ
နွေဦးညနေ အ၀ါ
ယောင်္ကျားတစ်ယောက်ရဲ့မာန
ကြွေကျခဲ့ရတာ အ၀ါ
အ၀ါရေ
ငါ မင်းကိုဂုဏ်ပြုပါရဲ့..

ကမ္ဘာပေါ်မှာ
မြစ်တွေဟာ
ဘယ်အချိန်အထိစီးဆင်းနေမှာလည်း
နွေဦးသစ်ရွက်တွေ
ဘယ်လောက်ကြာကြာ ပွင့်နေနိုင်မှာလည်း..

အဝေးရောက်ချစ်သူကို
မိန်းမတစ်ယောက်က
ဘယ်လောက်ကြာကြာစောင့်နေနိုင်မှာလဲ..

ပြီးပြီလေ
ညနေကလေးရေ
ဒဏ်ရာရသစ်ရွက်တွေ
မင်းရဲ့ရင်ခွင်ခုံတန်းလေးပေါ်မှာ
လမ်းဝါ၀ါလေးပေါ်မှာ
အရူးအမူးကြွေနေကြ..

ရင်မှာကျန်နေခဲ့တယ်
ဂန္တ၀င်မှည့်လေးတစ်လုံး
ဆံနွယ်ခက်ညိုညိုတွေ
ဗာလင်တိုင်းဒေးကဒ်လေးတွေ
ပန်းခြောက်များ
မျက်ရည်များ
အတ္တမဲ့ရင်ခုန်သံများ
ညနေများ..။



ကဗျာ (၃)
“သင်္ခါရ”

နုရာမှရင့်
စိမ်းရာမှဝါ
သစ်ရွက်တွေ
နွေလမှာကြွေတယ်

တချို့က
ယုယပိုက်ထွေး
သိမ်းထုပ်မြတ်နိုး
ရွက်ကြွေရဲ့ဘ၀ကိုသနားတယ်

တချို့ကတော့
ဖြတ်တိုက်နင်းလျှောက်
နွမ်းလောက်မှ
မြေနှင့်ပါးအပ်
သနားတတ်တယ်

ရွက်ကြွေတရွက်ရဲ့
မျက်ရည်တစက်ကို
သိလိုက်သူမရှိပေမဲ့
နွေရဲ့ငိုညည်း တေးသီခြင်းကို
ကြားလိုက်သူမရှိပေမဲ့
ငှက်ငယ်တစ်ကောင်ရဲ့ ဖော်မဲ့ခြင်းကို
မြင်လိုက်သူမရှိပေမဲ့

တမ်းခြင်းနဲ့
လွမ်းခြင်းဖွဲ့ရာသီမှာ
ကိုင်းခြောက်ပင်အို
ရိုးတံညိုမှာ
ရွက်နုပျိုတွေ
ဝေနေဆဲပါကွယ်..။

Read More...