ဂုရုရေ..
စိမ်းလန်းတဲ့ ရှမ်းရိုးမတောင်တန်းတွေမှာ
ခုချိန်ဆို ချယ်ရီပန်းတွေပွင့်နေလောက်ပြီ..
မြေပြန့်သားကြီးအသည်းဆိုင်ကို
စွဲကိုင်ရစ်သူ မိန်းမသား
ခုနစ်ပြည်ထောင်မင်းအပေါင်းလက်မိုင်ချနိုင်တယ်
ရိုးရာဗုံနဲ့လက်ဖက်ပန်းခူးကကြိုးကကွက်တွေရဲ့မှော်အတတ်မှာ
မြေပြန့်သားကြီးကျဆုံးသွားခဲ့ပါသလား
ရှမ်းကုန်းပြင်မြင့်
ပဲပုတ်ဆားထောင်းထမင်း
တောင်ပေါ်ရိုးရာဗုံသံ
ငွေနဲ့ယက်တဲ့သင်္ကန်းအလှတွေကို
အရူးအမူးချစ်တတ်ခဲ့သူ
လက်ဖက်တွေပွင့်တဲ့အရပ်ကို
လိုက်ခဲ့ပါရစေလို့
တခုတ်တရ ကမ်းလှမ်းခဲ့ပေမဲ့
တောင်ပေါ်သူ ပန်းချယ်ရီချောအလှက
အဆင်းမလှတဲ့မောင်ကြီးကို
ယောင်လို့တောင်စိတ်မယိုင်ခဲ့လေတော့
မောင့်ထိုက်နဲ့မောင့်ကံပေါ့ခင်
ချယ်ရီပန်းကိုမြင်မှ
ဘ၀ကအသစ်တစ်ဖန်ပြန်လည်မွေးဖွားလာခဲ့
ရန်သူကိုဘယ်တော့မှဒူးမထောက်ခဲ့ပေမဲ့
ချယ်ရီပင်အောက် ဒူးထောက်ခဲ့ဖူးတာ
ရင်ထဲကပြင်းပြတဲ့အချစ်ဆန္ဒကြောင့်ပါ မိချယ်ရီ
ကြုံသလိုနေ ဖြစ်သလိုစား
ကိုယ့်တပ်ရှိရာအရပ်ကို
ကိုယ့်ဇာတိမွေးရပ်လို့သတ်မှတ်
“လက်နက်ကိုင်တိုက်ပွဲနဲ့
လူထုလူပ်ရှားမူပေါင်းစပ်ရေး”
အလံအောက်မှာ
ဆံချည်တစ်မျှဉ်မှ မသွေဖည်ခဲ့ပါဘူး
ရေထဲမိုးထဲ
အနှစ် (၂၀) ခရီးကြမ်းထဲ
အလံမလှဲ
ရေဆန်ကို ဆုန်ကန်တက်ခဲ့တယ်
သမိုင်းပေးတာဝန်ကျေပွန်ဖို့
မိဝေးဖဝေး တနယ်တကျေးမှာ
စစ်ရေးကိစ္စတွေနဲ့လုံးပမ်း
အချစ်ရေးကိစ္စတွေမှာ
မောင်ကြီးဟာအဖြစ်မရှိသူပါ ပန်းချယ်ရီ
ခုတော့
ချယ်ရီနဲ့လွဲခဲ့လို့
ဒေါနလက်ကိုဆွဲပြီးဘ၀ကြမ်းကို အားခဲဖြတ်မယ်ကြံခါမှ
ကံမလှသူမြေပြန့်သားမောင်ကြီးဟာ
စစ်ရေးလည်းမသာ
အချစ်ရေးလည်းချာခဲ့ပြီမို့
ဒေါနရေ.. ဒီဘ၀မှာဖြင့် ကိုယ့်ကိုမေ့လိုက်ပါတော့..
ဂုရုရေ..
စိမ်းလန်းတဲ့ ရှမ်းရိုးမတောင်တန်းတွေမှာ
ခုချိန်ဆို ချယ်ရီပန်းတွေပွင့်နေလောက်ပြီ..
ငြိမ်းချမ်းအောင်
21 November, 2008
ဂုရုသို့... ချယ်ရီသ၀ဏ်
Labels:
My poem
Subscribe to:
Post Comments (Atom)
5 comments:
ချယ်ရီပန်းတွေ ပွင့်တဲ့အရပ်ကို သူရောက်ပါစေ
လို့ ဆုတောင်းပါတယ် ကိုငြိမ်းချမ်းရေ။
ကိုငြိမ်းချမ်းအောင်ရေ... ကဗျာကဘာကိုဆိုလိုချင်တယ်ဆိုတာ.. ခေါင်းစဉ်ကြည့်တာနဲ့ သိနေတာမို့.. စိတ်မကောင်းဘူး ..
လာဖတ်သွားတယ်ဗျာ..ဘာမှတော့မပြောချင်တော့ပါဘူး
what a sad poem! thu poan san ko aku ko pal myat loan del hmar myin yaung nay mi tel. ta kel pal sait ma kg phit mi tel.
ko guru, cherry taw hmar pyan lal hmay set pyi naing chan naing par say lo su taung yin...
Post a Comment