တောကြောင်တွေကြောင့်
တောလည်းကြေပြီ။
တောဝက်တွေကြောင့်
တောလည်းပျက်ပြီ။
မျိုးမစစ်တွေကြောင့်
အမျိုးလည်းညစ်ခဲ့ရပြီ။
ဂုဏ်သိက္ခာအတွက်မဟုတ်ရင်
ဘာအတွက်ရှင်သန်ကြတာလဲ
ဇောက်ထိုးမိုးမျှော်နေ့ရက်တွေကို
ကျွမ်းထိုးမှောက်ခုံဖြတ်သန်းရင်း
ဘ၀ဆိုတာဒီလောက်ပဲလား
လက်ခုပ်တီးအားပေးမခံရရင်တောင်
လက်ညှိုးထိုးတံတွေးထွေးမခံရဖို့လိုတယ်
ထုံးစံအတိုင်းဆိုရင်
ဇာတ်သိမ်းခါနီးမှာ ရဲသားကြီးတွေရောက်လာမယ်
ပရိသတ်ကြီးကလက်ခုပ်တီးအားပေးမယ်
မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာပေါင်းဖက်ကြမယ်
ခုတော့သူငယ်ချင်းရာ
ဇာတ်ပေါင်းခန်းတောင်ရောက်တော့မယ်
လူဆိုးကြီးတွေအသာစီးရတုံးလား
စစ်ပွဲတွေဆီသွားဖို့ဆိုရင်
သတ်ရဲ သေရဲ အနိုင်ယူရဲသူတွေပဲ လိုတယ်။
သဘာဝတရားကိုသစ္စာခံဖို့
ကမ္ဘာမြေကိုပေါင်းသင်ဖို့
အမှန်တရားကိုသက်သေထွက်ဆိုဖို့
ငါအရောက်လာခဲ့တယ်
မင်းသားမဟုတ်ပေမဲ့
ဗီလိမ်မဖြစ်ခဲ့တာဂုဏ်ယူပါရစေ…။…..။
ငြိမ်းချမ်းအောင်
၁၈ ဇူလိုင် ၀၉
23 July, 2009
ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၅)
Labels:
My poem
Subscribe to:
Post Comments (Atom)
2 comments:
စစ်ပွဲတွေဆီသွားဖို့ဆိုရင်
သတ်ရဲ သေရဲ အနိုင်ယူရဲသူတွေပဲ လိုတယ်။
သဘာဝတရားကိုသစ္စာခံဖို့
ကမ္ဘာမြေကိုပေါင်းသင်ဖို့
အမှန်တရားကိုသက်သေထွက်ဆိုဖို့
ငါအရောက်လာခဲ့တယ်
ကဗျာကောင်းတပုဒ်ပါပဲကဗျာဆရာရေ
နှလုံးသားနဲ့ရင်းပြီးနားလည်ခဲ့ပါတယ်ဗျာ
ဟုတ်တယ် ကိုငြိမ်းချမ်း ပွဲသိမ်းသွားမှ ရဲသားကြီးတွေ
ရောက်လေ့ရှိတယ်၊ လူဆိုးတွေဟာ ပွဲသိမ်းတော့မှ သေ
လေ့ရှိတဲ့ လောကသဘောကို ကျနော်လည်း အော်နှလုံး
နာတယ်ဗျာ၊ အားပေးလျက်။
Post a Comment