တစ်နေ့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပဲကွယ်
ဒီသံသယာဆိုတဲ့ခရီးရှည်ထဲ
မင်းလည်းတစ်ယောက်တည်း
ငါလည်းတစ်ယောက်တည်း
တည်မြဲခြင်းဆိုတာ
တစ်နေ့တော့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပဲ
ချစ်လည်းခွဲ
မုန်းလည်းခွဲ
ပြုံးလည်းခွဲ
မဲ့လည်းခွဲ
ပျော်လည်းခွဲ
ပျင်းလည်းခွဲ
တစ်ယောက်ယောက်က
တစ်ယောက်ယောက်ကိုလမ်းခွဲ
တစ်ယောက်ယောက်ကို
တစ်ယောက်ယောက်ကလမ်းခွဲ
တစ်နေ့တော့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပါပဲကွယ်။ ။
ငြိမ်းချမ်းအောင်
မောင်လေးတွေကို ရဟန်းခံ ရှင်ပြုပေးခဲ့တဲ့ ယမင်းမေဦး
20 hours ago
No comments:
Post a Comment