မွန်းကြပ်ပြီး၊ ထွက်ပေါက်မဲ့နေတဲ့ စိတ်တွေကို ခဏယာယီပဲဖြစ်ဖြစ် ထွက်ပေါက်ရချင်တယ်။
သြဂုတ်လ၊ ၂၀၀၇၊ မဟေသီမဂ္ဂဇင်းထဲက ကဗျာဆရာ မိုဃ်းဇော်ရဲ့ ကြေးစားဆိုတဲ့ ကဗျာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ကြေးစား
မွန်းကျပ်နေရတဲ့အထဲ
အိမ်ပြန်အလုပ်သမလေးရဲ့
ဣနြေ္ဒှသိက္ခာကို
မထိပါးလိုဘူး။
“လော်ရန်ဇို” ဆက်တီပေါ်မှာ
မာတီနီနဲ့ ဇိမ်ကျနေတဲ့
ကျားသစ်မတွေရဲ့ သွေးညှီနံ့ကိုသာ
တစ်စိမ့်စိမ့် အရသာခံချင်တယ်။
ကြိုက်ရင်ခေါ်လိုက်လေ
ကော်ဖီတစ်ခွက်နဲ့ လိုက်ခဲ့ဖို့ဝန်မလေးသူ
သူ့နာမည်က “မိုးဇော်”
ဒါမှမဟုတ်
ခေတ်ကြီးရဲ့ တန်ဖိုးအကြီးဆုံး ယဇ်ကောင်တဲ့။
မိုဃ်းဇော်
“မထိ၊ မကိုင်၊ ခပ်ဝေးဝေးမှာနေပါ”
5 hours ago
No comments:
Post a Comment