09 January, 2014

၂ ၀ ၁ ၃

ကျားကလည်း ကျားပဲ
နွားကလည်း နွားပဲ
အသက်တစ်နှစ်ကြီးခဲ့တယ်..။...။

၀၁-၀၅-၂၀၁၄
အပြည့်အစုံသို့... ပြန်ခေါက်ထားပါ...

Read More...

03 January, 2014

အားလုံးပဲ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေခင်ဗျာ။ အားလုံးနဲ့မတွေ့တာကြာပြီ။ အားလုံးကို ကျနော်သတိရပါတယ်။ နောက်ပိုင်းမှာ ကဗျာတွေအရေးကျဲသွားတယ်။ ဘ၀ပေး အခြေအနေကြောင့် ၂၀၁၃ မှာ ကဗျာမရေးနိုင်လောက်အောင်ကို ကျနော် အလုပ်တွေများနေ ခဲ့တယ်။ ဒါပေမဲ့ ကျနော်ကဗျာဆရာ မဟုတ်ပါဘူး။ ကဗျာဆရာဖြစ်ဖို့ ကျနော့်မှာ ပါရမီလည်း မပါခဲ့သလို၊ အရည်အချင်းလည်း မပြည့်စုံပါဘူး။ ပြီးတော့ ကဗျာဆရာတစ်ယောက်ဖြစ်ဖို့ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ အရာရာအားလုံးထက် ကဗျာကို ပိုချစ်နိုင်တဲ့ သတ္တိလည်း ကျနော့်မှာ မရှိခဲ့ဘူး။

အဲဒီအတွက်လည်း အရာအားလုံးထက် ကဗျာကိုပိုချစ်နိုင်တဲ့ ကဗျာဆရာအားလုံးကို ကျနော်လေး စားတယ်။ ကဗျာအပေါ်ထားတဲ့ သူတို့အားလုံးရဲ့ ချစ်မေတ္တာကို နှစ်သစ်ကူးမှာ ဒီနေရာကနေ ကျနော် အလေးပြုလိုက်ပါတယ်။ ကဗျာဆရာတွေရဲ့ဘ၀ ရေမြင့်လို့ ကြာတင့်နိုင်ကြပါစေဗျာ။ ကဗျာဆရာတစ်ယောက် မဟုတ်ပေမဲ့၊ ကျနော်ကဗျာတွေ ဆက်ရေးနေဦးမယ်။ ကျနော့်ဘ၀ကို မှတ်တမ်းတင်ဖို့၊ ကမ္ဘာမြေမှာ ခြေရာ တစ်ခုခုချန်ထားခဲ့ချင်လို့ ကျနော် ကဗျာတွေ အမြဲဆက်ရေးနေဦးမယ်။ ၂၀၁၄ မှာ ကျနော် ကဗျာတွေ ပြန်ရေးနိုင်အောင် အားထုတ်မယ်။

ပြီးတော့ ကျနော် ကဗျာတွေရေးနေတဲ့ ကလောင်နာမည် 'ငြိမ်းချမ်းအောင်'ဆိုတာ ကျနော့်မှတ်ပုံတင်ထဲက နာမည်အရင်းဖြစ်ပါတယ်။ တကယ်တော့ အဲဒီနာမည်ကို ကျနော်မကြိုက်လှပါဘူး။ တခြားနာမည် ကျနော်မမှည့်တတ်လို့ အဲဒီနာမည်နဲ့ ကဗျာအောက်ကနေ လွယ်လွယ်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ခုတော့ ငြိမ်းချမ်းအောင်ဆိုတဲ့ နာမည်တွေက တော်တော်ကို များနေတာ တွေ့ရတယ်။ အဲဒါကြောင့် ဒီနှစ်သစ်ကစလို့ ကဗျာကလောင်နာမည်ကို ကျနော်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ကျနော်က နာမည် ပေးတဲ့ နေရာမှာ တော်တော်ကို ကဗျာမဆန်ဘူး။ တနင်္ဂနွေနေ့မှာ ကျနော် မွေးဖွားပါတယ်။ ဒီစာကိုဖတ်မိတဲ့ မိတ်ဆွေများ ၀ါသနာပါရင် စေတနာရှိရင် ကျနော့်အတွက် ကလောင်နာမည် ရွေးပေးပါ၊ ကျေးဇူးပြုပြီး Comment ရေးပေးခဲ့ပါ ကျေးဇူးမမေ့ပါဘူးခင်ဗျာ။

မိတ်ဆွေများ အားလုံး ၂၀၁၄ မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်ဝပြီး ပျော်ရွှင်သော
နှစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျား။

 ပြန်ခေါက်ထားပါ...

Read More...