09 January, 2014

၂ ၀ ၁ ၃

ကျားကလည်း ကျားပဲ
နွားကလည်း နွားပဲ
အသက်တစ်နှစ်ကြီးခဲ့တယ်..။...။

၀၁-၀၅-၂၀၁၄
အပြည့်အစုံသို့... ပြန်ခေါက်ထားပါ...

Read More...

03 January, 2014

အားလုံးပဲ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေခင်ဗျာ။ အားလုံးနဲ့မတွေ့တာကြာပြီ။ အားလုံးကို ကျနော်သတိရပါတယ်။ နောက်ပိုင်းမှာ ကဗျာတွေအရေးကျဲသွားတယ်။ ဘ၀ပေး အခြေအနေကြောင့် ၂၀၁၃ မှာ ကဗျာမရေးနိုင်လောက်အောင်ကို ကျနော် အလုပ်တွေများနေ ခဲ့တယ်။ ဒါပေမဲ့ ကျနော်ကဗျာဆရာ မဟုတ်ပါဘူး။ ကဗျာဆရာဖြစ်ဖို့ ကျနော့်မှာ ပါရမီလည်း မပါခဲ့သလို၊ အရည်အချင်းလည်း မပြည့်စုံပါဘူး။ ပြီးတော့ ကဗျာဆရာတစ်ယောက်ဖြစ်ဖို့ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ အရာရာအားလုံးထက် ကဗျာကို ပိုချစ်နိုင်တဲ့ သတ္တိလည်း ကျနော့်မှာ မရှိခဲ့ဘူး။

အဲဒီအတွက်လည်း အရာအားလုံးထက် ကဗျာကိုပိုချစ်နိုင်တဲ့ ကဗျာဆရာအားလုံးကို ကျနော်လေး စားတယ်။ ကဗျာအပေါ်ထားတဲ့ သူတို့အားလုံးရဲ့ ချစ်မေတ္တာကို နှစ်သစ်ကူးမှာ ဒီနေရာကနေ ကျနော် အလေးပြုလိုက်ပါတယ်။ ကဗျာဆရာတွေရဲ့ဘ၀ ရေမြင့်လို့ ကြာတင့်နိုင်ကြပါစေဗျာ။ ကဗျာဆရာတစ်ယောက် မဟုတ်ပေမဲ့၊ ကျနော်ကဗျာတွေ ဆက်ရေးနေဦးမယ်။ ကျနော့်ဘ၀ကို မှတ်တမ်းတင်ဖို့၊ ကမ္ဘာမြေမှာ ခြေရာ တစ်ခုခုချန်ထားခဲ့ချင်လို့ ကျနော် ကဗျာတွေ အမြဲဆက်ရေးနေဦးမယ်။ ၂၀၁၄ မှာ ကျနော် ကဗျာတွေ ပြန်ရေးနိုင်အောင် အားထုတ်မယ်။

ပြီးတော့ ကျနော် ကဗျာတွေရေးနေတဲ့ ကလောင်နာမည် 'ငြိမ်းချမ်းအောင်'ဆိုတာ ကျနော့်မှတ်ပုံတင်ထဲက နာမည်အရင်းဖြစ်ပါတယ်။ တကယ်တော့ အဲဒီနာမည်ကို ကျနော်မကြိုက်လှပါဘူး။ တခြားနာမည် ကျနော်မမှည့်တတ်လို့ အဲဒီနာမည်နဲ့ ကဗျာအောက်ကနေ လွယ်လွယ်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ခုတော့ ငြိမ်းချမ်းအောင်ဆိုတဲ့ နာမည်တွေက တော်တော်ကို များနေတာ တွေ့ရတယ်။ အဲဒါကြောင့် ဒီနှစ်သစ်ကစလို့ ကဗျာကလောင်နာမည်ကို ကျနော်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ကျနော်က နာမည် ပေးတဲ့ နေရာမှာ တော်တော်ကို ကဗျာမဆန်ဘူး။ တနင်္ဂနွေနေ့မှာ ကျနော် မွေးဖွားပါတယ်။ ဒီစာကိုဖတ်မိတဲ့ မိတ်ဆွေများ ၀ါသနာပါရင် စေတနာရှိရင် ကျနော့်အတွက် ကလောင်နာမည် ရွေးပေးပါ၊ ကျေးဇူးပြုပြီး Comment ရေးပေးခဲ့ပါ ကျေးဇူးမမေ့ပါဘူးခင်ဗျာ။

မိတ်ဆွေများ အားလုံး ၂၀၁၄ မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်ဝပြီး ပျော်ရွှင်သော
နှစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျား။

 ပြန်ခေါက်ထားပါ...

Read More...

31 December, 2013

လက်ပတောင်း အရေးတော်ပုံမှ မဟာသူရဲကောင်းများ

“ကုန်းဘောင်က.. ဗန္ဓုလ
ပုဂံမှာ.. ကျန်စစ်သား
ဟံသာဝတီသား.. လဂွန်းအိမ်”

“တောက်ခေါက်ပြီးနယ်ချဲ့ကြိုးစင်ပေါ်ရဲဝံ့စွာတက်သွားတဲ့ ဆရာစံ"
"ဓါးလွတ်ဆွဲပြီးမောင်းပြန်သေနတ်ကို တော်လှန်တဲ့ ဗိုလ်မြတ်ထွန်း"
"ချင်းတောင်က ရွှေချိုးဖြူမင်းသား"
"ကချင်က ၀န်းသိုစော်ဘွား”

အို..
လယ်သမား အလုပ်သမား
ကုန်ထုတ်လုပ်သားတို့
ငါတို့နိုင်ငံဟာ မိုးပေါ်က ပြုတ်ကျလာတာမဟုတ်
သူရဲကောင်းတွေ တည်ဆောက်ထားခဲ့တာ
ငါတို့သမိုင်းဟာ အညတရသမိုင်းမဟုတ်
သူရဲကောင်းသွေးနဲ့ ကမ္ပည်းရေးထိုးထားခဲ့တာ

မြေကို..ကာကွယ်ကြ
ယာကို..ထွန်ယက်ကြ
လယ်ကို..စိုက်ပျိုးကြ

လက်ပံတောင်းပြိုရင် အညာပြိုမယ်
ဧရာဝတီပျက်ရင် တိုင်းပြည်ပျက်မယ်

ချင်းတွင်းမြစ်ကြီး ဆက်လက်စီးဆင်းနေဖို့
မုံရွာမြို့ကြီး ၀၀လင်လင် ကျန်းမာရေးကောင်းဖို့
လက်ပံတောင်းကြေးနီစီမံကိန်းကိုဖျက်သိမ်းကြ

အနာဂတ်ကလေးငယ်တွေနဲ့
ကမ္ဘာကြီးကိုအကောင်းဆုံးလက်ဆောင်ပေးဖို့
လက်ပံတောင်းကြေးနီစီမံကိန်းကိုဖျက်သိမ်းကြ

သမိုင်းသစ်ဖြစ်ရမယ်
လယ်သမားလက်မှာ လယ်ရှိရမယ်
လယ်ယာမြေဥပဒေပြုပြင်ရမယ်

အညာဆိုတာ ဂန္တ၀င်ကဗျာ
မြန်မာ့ယဉ်ကျေးမှုဆိုတာ လယ်ယာ
တမာ တဇောင်း သနပ်ခါးပင်နဲ့ ထနောင်း
ချိုးကူသံ ခရာတောနဲ့ သာမောဖွယ်အညာ

ငါတို့လယ်သမား..လယ်ကိုသာလိုသည်
ငါတို့တောင်ကိုသာလိုသည်
တောကိုသာလိုသည်
သန့်ရှင်းကြည်လင်သောရေကိုသာ ငါတို့အလိုရှိသည်

ငါတို့ မြေသည်... ငါတို့ ဘဝ
ငါတို့ရေသည်... ငါတို့အသက်
ငါတို့တောင်သည်... ငါတို့ဦးခေါင်း
ငါတို့တောသည်... ငါတို့ဝိညာဉ်
ငါတို့လယ်ယာသည်... ငါတို့အတိတ် ငါတို့ပစ္စုပ္ပန်
ငါတို့အနာဂတ်ဖြစ်သည်

ရခိုင်ရိုးမကြီး တည်မြဲပါစေ
ရှမ်းရိုးမတောင်တန်းတွေ အဓွန့်ရှည်ပါစေ

ဇွဲကပင် ခါကာဘိုရာဇီ ၀ိတိုရိယ ပုပ္ပါး
တောင်များသည် ငါတို့၏ အင်အားဖြစ်သည်။
တောများသည် ငါတို့၏ ၀မ်းစာဖြစ်သည်

ဧရာဝတီ စစ်တောင်း ချင်းတွင်း သံလွင်
မြစ်များလွတ်လပ်စွာစီးဆင်းကြပါစေ
သဘာ၀တရား လြတ္လပ္စြာရွင္သန္ခြင့္ရပါေ
တောတွေစိမ်း..
တောင်တွေညို..
လယ်ယာခင်းတွေစို..
ဖားစည်တီးသံမှာ
အောက်ချင်းငှက်တို့ တေးသံသာပါစေ
ကိန္ဒရီကိန္ဒရာ
ဟင်္သာ နဂါး ဒေါင်းငှက်တို့ မြူးပျော်ရွှင်ပါစေ

လက်ပံတောင်းသားတို့သွေး..သူရဲကောင်းသွေးမို့.. ရဲပါစီ
လက်ပံတောင်းသားတို့အရေး..သမိုင်းပေးမို့.. မြဲပါစီ

မဟာမြေယာတော်လှန်ရေးအောင်ပါစီ..
မဟာအရေးတော်ပုံအောင်ပါစီ..
မဟာသူရဲကောင်းများ သက်တော်ရာကျော်ရှည်ပါစီ..။..။

ငြိမ်းချမ်းအောင်
နိုဝင်ဘာ၊ ၁၅၊ ၂၀၁၃

လက်ပံတောင်း မဟာသူရဲကောင်းအပေါင်းအား ဦးညွှတ်အလေးပြုပါတယ်။ သင်တို့၏ တရားသော ခုခံမှု အောင်ပါစီ..

အောင်ပွဲသို့ရှေ့ရူလျှက်...

ငြိမ်းချမ်းအောင် 

Read More...

12 November, 2013

၂၀၁၃ မြန်မာနိုင်ငံရေးစစ်တမ်း

ရာသီဥတုပူသည်
တောများအခုတ်ခံလိုက်ရ၍ဖြစ်သည်
တောင်များကိုမြေတူးစက်များဖြင့် ဖြိုကြသည်
မြစ်များကိုတာဖို့၏
ဓါတ်ငွေ့ပိုက်လိုင်းများနှင့် ပရောဂျက်ဆိုသည်တို့မှာ
အနာဂတ်၏မကောင်းဆိုးရွားများဖြစ်ကြ၏

တရားစီရင်ရေးမဏ္ဍိုင်မှာကျေနပ်ဖွယ်ဖြစ်သည်
ဥပဒေအထက်တွင် အဘတို့ရှိ၏
တရားရုံးများ၌ငွေများတရားနိုင်လျှက်ရှိသည်

ဥပဒေပြုရေးမဏ္ဍိုင်သည်အားရဖွယ်ဖြစ်သည်
လွှတ်တော်အမတ်များလွှတ်တော်တွင်အိပ်ငိုက်နေကြသည်

အုပ်ချုပ်ရေးမဏ္ဍိုင်မှာ အတုယူဖွယ်ကောင်းသည်
လယ်သိမ်း ယာသိမ်း သိမ်းလို့ရတာ အကုန်သိမ်းကြ၏
တောတွေရောင်း ဓါတ်ငွေ့ရောင်း ရောင်းလို့ရတာ အကုန်ရောင်းသည်
တောင်တွေဖြို မြစ်တွေဖြတ် ဖျက်ဆီးရေးဘက်မှာကျွမ်းကျင်သည်

စတ္တုတ္တမဏ္ဍိုင်ဆိုသော မီဒီယာဘက်ကိုကြည့်လျှင်
ပြည်တွင်းမီဒီယာများ ကြိုးစားကြသည်
ပြည်ပမီဒီယာများ အိုအိုင်စီ ပိုက်ဆံစား၍ ခွေးလိုအူကြသည်

အဘခေါ်၍ နောက်ဖေးပေါက်မှဝင်တတ်လျှင်
နေ့တွင်းချင်း ခရိုနီဖြစ်နိုင်သော ခေတ်မကုန်သေး

အတိုက်အခံဖက်ကိုကြည့်လျှင် အားတက်ဖွယ်ဖြစ်၏
“အမေခေါ်လျှင်ရှေ့တိုး ဝေဖန်လျှင်ဒိုး” မဟာဗြူဟာအောက်တွင်
“မီးစင်ကြည့်က” ပေါ်လစီချကာ ခရီးဆက်လျှက်ရှိသည်
နိုင်ငံရေးလုပ်လျှင်ခေတ်မီသည်ဟူသော ခေတ်ရေစီးကြောင်းအရ
109-110 သမားများ နိုင်ငံရေးပါတီဝင်ကြသည်
ရွာများသို့ စည်းရုံးရေးခရီးသွားကြ၏
လူထုနှင့် တသားတည်းကျရန်အတွက်
လူထုနှင့်အတူ ကြက်တိုက် ဖဲရိုက်
အရက်သောက်ခဲ့ကြသည် သတင်းကြား၏

ကိုလိုနီခေတ်တွင် မြို့ပိုင်များ အိုင်စီအက်စ်များပေါ်ခဲ့သည်
ဂျပန်ခေတ်တွင် စကားပြန်များပေါ်လာသည်
ယနေ့ကာလတွင်ငြိမ်းချမ်းရေးအကျိုးဆောင်ဆိုသူများပေါ်လာ၏
ခေတ်ကွဲသော်လည်း ထိုသူများသည် အတူတူဖြစ်၏
ပြည်သူများအနေဖြင့် နှစ်ဘက်ညှပ်ချခံရသဖြင့်
တနေ့တခြားထူးကဲစွာ ဆင်းရဲစုတ်ပြတ်လျှက်ရှိသည်

ငြိမ်းချမ်းရေးသည် လူတွင်ကျယ်လုပ်လျှက်ရှိ၏
အချို့က ကားနှင့်လဲကြသည်
ငြိမ်းချမ်းရေးက စားလို့မရ ကားကမောင်းလို့ရသည်
ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဆိုသော
ပါတီမဟုတ် အန်ဂျီအိုမဟုတ်
ဟိုမရောက်ဒီမရောက် အဖွဲ့များခေတ်စားသည်

၂၀၁၅ ကိုမျှော်သူများရှိ၏
၂၀၃၀ တိုင်လျှင်လည်း ထူးခြားမည်မဟုတ်

ပြည်သူများ ကိုယ့်အားကိုယ်ကိုးရမည်
ကယ်တင်ရှင်မရှိကြောင်း
သတင်းကောင်းပါးလိုက်သည်

ငြိမ်းချမ်းအောင်
အောက်တိုဘာ၊ ၂၁၊ ၂၀၁၃ 

ပြန်ခေါက်ထားပါ...

Read More...

06 September, 2013

စာကလေးဖြစ်တယ်..လင်းတငှက်ဖြစ်တယ်

နိုင်ငံရေးကနူတ်ခမ်းနီဆိုးလို့
မိတ်ကပ်အဖွေးသားနဲ့ထွက်လာတယ်
ရွှေဆွဲကြိုးတ၀င်းဝင်း
လက်ညှိုးတထောင်ထောင်
အမိန့်တွေပေးရင်းထွက်လာတယ်
ငြိမ်းချမ်းရေးစင်မြင့်ထက်မှာ
ဇာတ်မင်းသားလေးမောင်ဖိုးချစ်ကွေးနေအောင်ကနေတယ်
မေခလာမမျှော်နဲ့
မေခလာမြှုံးမိသွားပြီ
ပင်လယ်လှိုင်းလေကြားရဲစွမ်းခဲ့တဲ့မေခလာ
ချောင်းအကွယ်မြောင်းစွယ်မှာရေတိမ်နစ်ရှာပြီ
စိတ်မကောင်းစရာပဲ
သမ္မတကြီးမိန့်ခွန်းကမောင်စေတန်စာမျက်နှာလောက်
စိတ်လှုပ်ရှားစရာမရှိတာ
စိတ်မကောင်းစရာပဲ
လက်ပံတောင်းတောင်ကြီးပျောက်ဆုံးသွားမှာ
စိတ်မကောင်းစရာပဲ
ခရိုနီကသိန်းတစ်ထောင်လှူပြီး
ဆင်းရဲသားတွေကျပ်တစ်ထောင်အပိုမရှိတာ
စိတ်မကောင်းစရာပဲ
သက်မွန်မြင့်မှသည်အိချောပိုအထိ
မျဉ်းကွေးကောက်ကြောင်းပေါ်လည်ပတ်နေတဲ့ကမ္ဘာကြီး
ဝတ်မှုန်ရွှေရည်ခေတ်ကနေရွှေမှုန်ရတီခေတ်အထိ
ပြောင်းလဲလာတဲ့မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ
သမ္မတတွေကိုယ်တိုင်မတက်နိုင်ရင်
သ၀ဏ်လွှာရအောင်တောင်းဆိုပြီး
ရပ်တည်ချက်ကသေးစားထားတဲ့ထရံစုတ်တချပ်လို
ပြိုကျသွားတဲ့မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ
ကဲ ဘာလိုသေးလဲအချစ်ရေ
ငြိမ်းချမ်းရေးလုပ်တမ်းကစားဖို့
ငြိမ်းချမ်းရေးစင်တာလည်းရှိပြီ
ပုံပြောကောင်းတဲ့လွှတ်တော်ဥက္ကဌကြီးလည်းရှိပြီ
အဖားလွန်လို့ဖွတ်ဖြစ်သွားတဲ့နိုင်ငံရေးသမားတွေလည်းရှိပြီ
ဘာလိုသေးလဲအချစ်ရေ
လူစုံရင်အရက်ပုလင်းဖွင့်ပြီး
ဖဲဝိုင်းထောင်လိုက်ကြစို့ရဲ့
ဘာလိုသေးလဲအချစ်ရေ
စားဖားတွေညီညွတ်နေပြီ
အခွင့်အရေးသမားတွေလက်မထောင်ကြပြီ

ကဲ ဘာလိုသေးလဲ အချစ်ရေ
စာရွက်အစစ်ပေါ်မှာ ငြိမ်းချမ်းရေးအတုရေးထိုးလိုက်တယ်
မနက်ဖြန်နေသာမှာလား
ရွာရန်ရာနှုန်း ၈၅

ငြိမ်းချမ်းအောင်
စက်တင်ဘာ ၄၊ ၂၀၁၃ 
ပြန်ခေါက်ထားပါ...

Read More...

24 January, 2013

On the Other Side of Development.



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

21 November, 2012

Obama's Public Speech in Rangoon University



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

10 November, 2012

Romney's Complete Concession Speech: Romney's Loses the 2012 Election



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Obama's Complete Victory Speech: Obama Wins the 2012 Election



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

03 October, 2012

Daw Aung San Suu Kyi in Los Angeles



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi Speech at San Francisco



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi at Queens College in New York City - Part.4



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi at Queens College in New York City - Part.3



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi Speech at Queens College in New York City Part 2



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...

Daw Aung San Suu Kyi at Queens College in New York City - Part.1



အပြည့်အစုံသို့...ပြန်ခေါက်ထားပါ...

Read More...