31 December, 2013

လက်ပတောင်း အရေးတော်ပုံမှ မဟာသူရဲကောင်းများ

“ကုန်းဘောင်က.. ဗန္ဓုလ
ပုဂံမှာ.. ကျန်စစ်သား
ဟံသာဝတီသား.. လဂွန်းအိမ်”

“တောက်ခေါက်ပြီးနယ်ချဲ့ကြိုးစင်ပေါ်ရဲဝံ့စွာတက်သွားတဲ့ ဆရာစံ"
"ဓါးလွတ်ဆွဲပြီးမောင်းပြန်သေနတ်ကို တော်လှန်တဲ့ ဗိုလ်မြတ်ထွန်း"
"ချင်းတောင်က ရွှေချိုးဖြူမင်းသား"
"ကချင်က ၀န်းသိုစော်ဘွား”

အို..
လယ်သမား အလုပ်သမား
ကုန်ထုတ်လုပ်သားတို့
ငါတို့နိုင်ငံဟာ မိုးပေါ်က ပြုတ်ကျလာတာမဟုတ်
သူရဲကောင်းတွေ တည်ဆောက်ထားခဲ့တာ
ငါတို့သမိုင်းဟာ အညတရသမိုင်းမဟုတ်
သူရဲကောင်းသွေးနဲ့ ကမ္ပည်းရေးထိုးထားခဲ့တာ

မြေကို..ကာကွယ်ကြ
ယာကို..ထွန်ယက်ကြ
လယ်ကို..စိုက်ပျိုးကြ

လက်ပံတောင်းပြိုရင် အညာပြိုမယ်
ဧရာဝတီပျက်ရင် တိုင်းပြည်ပျက်မယ်

ချင်းတွင်းမြစ်ကြီး ဆက်လက်စီးဆင်းနေဖို့
မုံရွာမြို့ကြီး ၀၀လင်လင် ကျန်းမာရေးကောင်းဖို့
လက်ပံတောင်းကြေးနီစီမံကိန်းကိုဖျက်သိမ်းကြ

အနာဂတ်ကလေးငယ်တွေနဲ့
ကမ္ဘာကြီးကိုအကောင်းဆုံးလက်ဆောင်ပေးဖို့
လက်ပံတောင်းကြေးနီစီမံကိန်းကိုဖျက်သိမ်းကြ

သမိုင်းသစ်ဖြစ်ရမယ်
လယ်သမားလက်မှာ လယ်ရှိရမယ်
လယ်ယာမြေဥပဒေပြုပြင်ရမယ်

အညာဆိုတာ ဂန္တ၀င်ကဗျာ
မြန်မာ့ယဉ်ကျေးမှုဆိုတာ လယ်ယာ
တမာ တဇောင်း သနပ်ခါးပင်နဲ့ ထနောင်း
ချိုးကူသံ ခရာတောနဲ့ သာမောဖွယ်အညာ

ငါတို့လယ်သမား..လယ်ကိုသာလိုသည်
ငါတို့တောင်ကိုသာလိုသည်
တောကိုသာလိုသည်
သန့်ရှင်းကြည်လင်သောရေကိုသာ ငါတို့အလိုရှိသည်

ငါတို့ မြေသည်... ငါတို့ ဘဝ
ငါတို့ရေသည်... ငါတို့အသက်
ငါတို့တောင်သည်... ငါတို့ဦးခေါင်း
ငါတို့တောသည်... ငါတို့ဝိညာဉ်
ငါတို့လယ်ယာသည်... ငါတို့အတိတ် ငါတို့ပစ္စုပ္ပန်
ငါတို့အနာဂတ်ဖြစ်သည်

ရခိုင်ရိုးမကြီး တည်မြဲပါစေ
ရှမ်းရိုးမတောင်တန်းတွေ အဓွန့်ရှည်ပါစေ

ဇွဲကပင် ခါကာဘိုရာဇီ ၀ိတိုရိယ ပုပ္ပါး
တောင်များသည် ငါတို့၏ အင်အားဖြစ်သည်။
တောများသည် ငါတို့၏ ၀မ်းစာဖြစ်သည်

ဧရာဝတီ စစ်တောင်း ချင်းတွင်း သံလွင်
မြစ်များလွတ်လပ်စွာစီးဆင်းကြပါစေ
သဘာ၀တရား လြတ္လပ္စြာရွင္သန္ခြင့္ရပါေ
တောတွေစိမ်း..
တောင်တွေညို..
လယ်ယာခင်းတွေစို..
ဖားစည်တီးသံမှာ
အောက်ချင်းငှက်တို့ တေးသံသာပါစေ
ကိန္ဒရီကိန္ဒရာ
ဟင်္သာ နဂါး ဒေါင်းငှက်တို့ မြူးပျော်ရွှင်ပါစေ

လက်ပံတောင်းသားတို့သွေး..သူရဲကောင်းသွေးမို့.. ရဲပါစီ
လက်ပံတောင်းသားတို့အရေး..သမိုင်းပေးမို့.. မြဲပါစီ

မဟာမြေယာတော်လှန်ရေးအောင်ပါစီ..
မဟာအရေးတော်ပုံအောင်ပါစီ..
မဟာသူရဲကောင်းများ သက်တော်ရာကျော်ရှည်ပါစီ..။..။

ငြိမ်းချမ်းအောင်
နိုဝင်ဘာ၊ ၁၅၊ ၂၀၁၃

လက်ပံတောင်း မဟာသူရဲကောင်းအပေါင်းအား ဦးညွှတ်အလေးပြုပါတယ်။ သင်တို့၏ တရားသော ခုခံမှု အောင်ပါစီ..

အောင်ပွဲသို့ရှေ့ရူလျှက်...

ငြိမ်းချမ်းအောင် 

Read More...