07 August, 2008

ဆူးခြစ်ရာများ

တစ်ခါတစ်ခါများ
ဘ၀ဟာ အဓိပ္ပါယ်မဲ့သလိုပဲ
ရစ်ဘီးကြိုးက ပြတ်သွားတဲ့ စက္ကူစွန်တစ်ကောင်ဟာ
လွတ်လပ်ခွင့်ရသွားတာမဟုတ်ပဲ
ဘ၀အဆုံးသတ်သွားတာပဲ

အချစ်က ပုန်းအောင်းနေတဲ့ ရန်သူလို
အလစ်အငိုက် တိုက်ခိုက်တတ်တဲ့ အရာ
ငါ မစဉ်းစားပဲနဲ့ မင်းအကြောင်း ဘာကြောင့် အာရုံမှာ ရောက်ရောက်လာရတာလဲ
ငါမကြည့်ပဲနဲ့ မင်းမျက်နှာ ဘာလို့ မြင်မြင်နေရတာလဲ

ကောင်းကင်တစ်ခုလုံး အမှောင်ပိတ်ဖုံးလို့
ကြယ်တွေ တစ်စင်းပြီးတစ်စင်း ကြွေကျနေတယ်
ရွေးချယ်ခွင့်ဟာ အလှမွေးကန်ထဲက ငါးတစ်ကောင်လို အသက်ရှူကြပ်လို့
အနိုင်ရသူသာ မှန်ကန်သူအစစ်ဖြစ်ကြောင်း သတ်မှတ်လိုက်ကြတယ်

မြုံနေတဲ့ သစ်စေ့
မီးမကူးတော့တဲ့ ဂက်စ်မီးခြစ်
ကျည်မထွက်တော့တဲ့ သေနတ်
အမိုက်ပုံးထဲ လွှင့်ပစ်လိုက်တာ ကောင်းပါတယ်
ငါဘယ်တုံးကမှ ဒစ်ပလိုမေစီကို ရှေ့တန်းမတင်ခဲ့ဘူး
ငါမင်းကို သတိမရဘူးလို့ လိမ်ညာမပြောချင်ဘူး
ညည မင်းနာမည် ယောင်ယောင် အော်မိမှာတောင်စိုးရတယ်
မင်းကြောင့် ငါ့အိပ်ချိန်တွေ နည်းသွားတယ်
မင်းကြောင့် ငါ့အာရုံတွေ ထွေပြားနေတယ်

ငါ့ကိုယ်ငါတောင် နားမလည်သေးတာ
မင်းကို ငါ နားလည်တာ မဖြစ်နိုင်ဘူး
ငါ အငိုက်မိတဲ့အခါ ငါ့အသံမှာ ငါ့စိတ်ကိုရှာတွေ့နိုင်တယ်
အသံမထွက်ပဲ ငါဆိုညဉ်းနေတဲ့သီချင်းဟာ လွမ်းတေးတစ်ပုဒ်ပဲ
ငါ ပစ်လွှတ်လိုက်တဲ့မြားက စိုက်ဝင်ဖို့နေရာ ရှာဖွေနေရဆဲ။ ။

ငြိမ်းချမ်းအောင်

5 comments:

. said...

Relax and take your time little brother.
Everything is going to be alright. :)

Aung Tha Nge

ကောင်းကင်ကို said...

ကောင်းကင်တစ်ခုလုံး အမှောင်ပိတ်ဖုံးလို့
ကြယ်တွေ တစ်ခုပြီးတစ်ခု ကြွေကျနေတယ်
ရွေးချယ်ခွင့်ဟာ အလှမွေးကန်ထဲက ငါးတစ်ကောင်လို အသက်ရှူကြပ်နေတယ်

စာသားတွေ ထိတယ် အစ်ကို။ ကဗျာတွေ ပြန်ရေးတာ တွေ့ ရလို့ ဝမ်းသာမိတယ် အစ်ကို။ အဲ။ ဆူးခြစ်ရာတွေအတွက်တော့ စိတ်မကောင်းဘူး အစ်ကိုး-(

ငြိမ်းဝေ said...
This comment has been removed by the author.
ငြိမ်းဝေ said...

you did it
therefore
you wept...

american indian poem

ဂျေ said...

Long time No see friend! How r u doing?