12 March, 2009

ငါ အချိန်ဖြုန်းနေမိ

နေ၀င်တာနဲ့ နေထွက်တာကို စောင့်ကြည့်ရင်း ငါအချိန်ဖြုန်းနေမိ
ကဗျာလိုလို စာလိုလိုတွေရေးရင်း ငါအချိန်ဖြုန်းနေမိ
ကွန်ပြူတာတစ်လုံးနဲ့ လင်မယားလိုလို၊ ရည်းစားလိုလို ပေါင်းဖော်ရင်း ငါအချိန်ဖြုန်းနေမိ
ကော်ဖီသောက်လိုက် ထမင်းစားလိုက် ငါအချိန်ဖြုန်းနေမိ
ငါမဖတ်ချင်တဲ့ စာအုပ်တွေဖတ်ရင်း ငါအချိန်ဖြုန်းနေမိ
(လိုရမယ်ရဆိုပြီး) ငါမတက်ချင်တဲ့သင်တန်းတွေတက်ရင်း ငါအချိန်ဖြုန်းနေမိ
ငါးမွေးလိုက် ဓါးသွေးလိုက် ငါအချိန်ဖြုန်းနေမိ
ငါမပျော်ရွှင်တဲ့ နေ့ရက်တွေမှာ ငါအချိန်ဖြုန်းနေမိ
အပေါင်းအသင်းတွေနဲ့ ငြင်းခုန်လိုက် စကားများလိုက် ငါအချိန်ဖြုန်းနေမိ
သတင်းတွေဖတ်လိုက် အတင်းတွေပြောလိုက် ငါအချိန်ဖြုန်းနေမိ
လေချွန်လိုက် သက်ပြင်းချလိုက် ငါအချိန်ဖြုန်းနေမိ
ဖြစ်သလိုလုပ်ပြီး၊ လုပ်သလိုမဖြစ်တဲ့အခါ ကြေကွဲရင်း ငါအချိန်ဖြုန်းနေမိ
တစ်ခါတခါလည်း ကံစီမံရာအတိုင်းပေါ့ကွာလို့ ခပ်ပေါ့ပေါ့တွေးရင်း ငါအချိန်ဖြုန်းနေမိ
စိတ်ကူးယဉ်လိုက် စိတ်ဓါတ်ကျလိုက် ငါအချိန်ဖြုန်းနေမိ
ဒေါသထွက်လိုက် သောကဖက်လိုက် ငါအချိန်ဖြုန်းနေမိ
ရသလောက်ပဲလုပ်ပြီး၊ လုပ်သလောက်မရတဲ့အခါ စိတ်ပျက်ရင်း ငါအချိန်ဖြုန်းနေမိ
ဟားတိုက်ရယ်မောလိုက် ၀မ်းနည်းပူဆွေးလိုက် ငါအချိန်ဖြုန်းနေမိ
ဆံပင်ဖြူတွေနူတ်လိုက် လက်သည်းခြေသည်းညှပ်လိုက် ငါအချိန်ဖြုန်းနေမိ
တရားရှာလိုက် ဓါးရှာလိုက် ငါအချိန်ဖြုန်းနေမိ
ရန်သူကို အလံဖြူလွှင့်တဲ့ကောင်တွေကို ဆဲရေးတိုင်းထွာရင်း ငါအချိန်ဖြုန်းနေမိ
နွေဦးကို စောင့်စားရင်း နှာစေးလိုက် မိုးမိလိုက် ငါအချိန်ဖြုန်းနေမိ
လူ့ဘ၀ဆိုတာ လူ့ဘ၀ပါပဲကွာ ငါအချိန်ဖြုန်းနေမိ

ငြိမ်းချမ်းအောင်
ပြန်ခေါက်ထားပါ

3 comments:

ဆောင်းယွန်းလ said...

ရန်သူကို အလံဖြူလွှင့်တဲ့ကောင်တွေကို ဆဲရေးတိုင်းထွာရင်း ငါအချိန်ဖြုန်းနေမိ
နွေဦးကို စောင့်စားရင်း နှာစေးလိုက် မိုးမိလိုက် ငါအချိန်ဖြုန်းနေမိ....
ဟုတ်တယ်ဗျာ.ဒီလိုနဲ့ပဲ အချိန်တွေဖြုန်းနေမိတာ မနည်းတော့ဘူး ကဗျာဆရာရေ...အနာဂတ်ဆိုတာကလည်း အချိန်တွေဖြုန်းနေမိရင်းနဲ့ပဲ
အတိတ်ထဲကိုရောက်သွားတတ်တာမျိုးဆိုတော့..ခက်တယ်ဗျာ..ဒီလိုနဲ့ပဲ အချိန်တွေဖြုန်းနေမိပြန်လေရော

ကိုအောင် said...

ကဗျာရော၊ ကဗျာထဲက အတွေးရော မှန်လည်းမှန် ဟုတ်
လည်း ဟုတ်ပါ့ ကိုငြိမ်းချမ်းရေ။

Anonymous said...

ကိုငြိမ်းချမ်းအောင်ကလဲဖြစ်နေတာလေးတွေကို အကွက်ကျကျ တင်ပြပုံလှလှနဲ့မှတ်တတ်တယ်ဗျာ။ ထပ်တူပါပဲ။ ခင်ဗျားရဲ့ရေးဟန်လေးတွေကိုသတိထားမိတယ်။
ဆုံကြတာပေါ့