20 September, 2008

စံပယ်ပန်းကလေး

တစ်စုံတရာ ရယူဖို့ ဆန္ဒမရှိပါဘူး
ပေးဆပ်ဖို့အတွက်သက်သက် ရောက်လာခဲ့ကြ
ဒီမှာ..
မွှေးရနံ့တွေကိုယူပါ
အလှအပတွေကိုယူပါ
ဖြူစင်မူတွေကိုလည်းယူပါ
ဘုရားပဲတင်တင်
သဘောကျရင် သီတံနဲ့သီပြီး
သခင်မ ဆံကေသာမှာ
ပန်ဆင်ချင် ပန်ဆင်လိုက်ပေါ့
ဘာပဲလုပ်လုပ် ပန်းကလေး ကြေနပ်တယ်..

ပင်ယံထက်ကခူးပြီး နမ်းရိုက်ချင်နမ်းရိုက်
မြေမှာချပြီး ခြွေနင်းချင် ခြွေနင်းလိုက်ပါ
အာဃာတမထား
အမုန်းမပွားပဲ
နှစ်စဉ် အချိန်မီ တစ်ခေါက်
ကမ္ဘာမြေဆီ အရောက်လာခဲ့ပါ့မယ်
အနင်းခြွေခံ ပန်းကလေးများ……..။

ငြိမ်းချမ်းအောင်

5 comments:

Apprenticeship said...
This comment has been removed by the author.
Apprenticeship said...

သည်ကဗျာတော့ အရမ်းကောင်းတယ်ဗျား 5 stars ပေးလိုက်ပီနော်...

Kaung Kin Ko said...

ကဗျာလေး ဖတ်သွားတယ် အစ်ကို။

ဆောင်းယွန်းလ said...

စံပယ်ပန်းရနံ့လေးတွေကိုခံစားသွားတယ်ကိုငြိမ်းချမ်း
အောင်ရေ...အစစအရာရာအဆင်ပြေပါစေဗျာ

pandora said...

ပန်းကလေးတွေ လာကြည့်ပြီး ရနံ့လေးကို ခံစားသွားပါတယ်။