21 May, 2009

အမျိုးသားရေးတာဝန်

အမျိုးကိုထိတော့ မချိအောင်နာ
လူထုခေါင်းဆောင်ကို ထိတော့
တတိုင်းပြည်လုံးအနာပေါ်ဒုတ်ကျ
ဆူဝေနေတဲ့ ငါဒို့.. သွေးတွေ
ပွက်ပွက် အန်ကျတယ်

နအဖဆိုတာ နွားအဖွဲ့
အဲဒီ နွားအဖွဲ့ဟာ
ပြည်သူကို သတ်နေပြီ..

အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
သံဃာကို သတ်
သာသနာကို ဖျက်ဆီးနေပြီ..

အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
ခေါင်းဆောင်ကိုထောင်သွင်း
လူထုကို နှိပ်စက် ညှဉ်းပမ်းနေပြီ..

အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
တိုင်းပြည်ကို ချောက်ထဲပို့
အနာဂတ်ကို မီးရှို့နေပြီ..

ဗိုလ်ချုပ်မှူးကြီးဆိုတဲ့
ဂြိုလ်ကုပ်ဒူးကြီး
ငသန်းရွှေဟာ
စစ်ရာဇ၀တ်ကောင်
ပြည်သူ့ချဉ်ဖတ်
သေချင်းဆိုးနဲ့ သေမဲ့ ကောင်

အဲဒီ ငသန်းရွှေဟာ.. ရန်သူနံပါတ်တစ်
အဲဒီ ငသန်းရွှေဟာ.. ဟစ်တလာ
အဲဒီ ငသန်းရွှေဟာ.. ပိုပေါစ့်
အဲဒီ ငသန်းရွှေဟာ.. လူယုတ်မာ
အဲဒီ ငသန်းရွှေဟာ.. ဖက်ဆစ်စစ်မိစ္ဆာ

နားလာကိုက်လို့
ပါးပြန်ရိုက်တာ
မင်္ဂလာတရားတော်နဲ့ ညီတယ်
သူငယ်ချင်းတို့..

ကိုက်ဖို့လာတဲ့ ခွေးကို
ဒုတ်နဲ့ ပြန်မရိုက်ရင်
ခွေးကိုက်တာ ခံရလိမ့်မယ်

ရရာလက်နက်ကိုဆွဲ
ခွေးမျိုးပြုတ်အောင်
ခွေးမျိုးကိုဖြုတ်ပစ်ရမယ်

“သပိတ်.. သပိတ်.. မှောက်မှောက်”
“မီးတုတ်.. မီးတုတ်.. ရို့ ရို့”

သန်းရွှေ.. သန်းရွှေ
သေစမ်း.. သေစမ်း

“ဒေါ်အောင်ဆန်းစုကြည်.. သက်တော်ရာကျော်ရှည်ပါစေ”
“နအဖ နွားအဖွဲ့ ကျဆုံးပါစေ”

“တတိုင်းပြည်လုံးအုံကြွ.. နအဖ ပြုတ်ကျ”
“ရရင်ရ.. မရရင် ချ..”

ငြိမ်းချမ်းအောင်
၂၀-၅-၂၀၀၉

2 comments:

လုံမ said...

စကားလုံးတွေက ပြောင်မြောက်လိုက်တာ။
ပွဲကြမ်းလှချည်လား ကဗျာဆရာရေ...
ကောင်းတယ်.. ဒီလိုမိစ္ဆာထက်ဆိုးတဲ့ မကောင်းဆိုးဝါး အကောင်တွေကို ဒီလိုစကားလုံးမျိုးနဲ့ရေးတာ
နည်းတောင်နည်းနေသေးတယ်၊

ကဗျာဦး said...

သံချပ်ဖတ်သွားတယ်