16 July, 2009

ငယ်ချစ်ဟောင်းသို့ သတိတရ

ငါစိတ်ပျက်မိရဲ့
လေသင်တိုင်းများ
မင်းအလှကို တိုက်စားသွားကြ..

နှစ်ကာလများ
မင်းအလှကို နင်းခြေမွကြ..


ငါ နမ်းရိုက်ခဲ့ဖူးတဲ့
မင်းနူတ်ခမ်းက မှဲ့နက်လေး
မလှနိုင်တော့ပါလား

ငါ ရူးမိုက်စွဲလန်းခဲ့ဖူးရဲ့
မင်းပါးပြင်ထက်က ပါးချိုင့်လေး

ဘယ်ဆီမှာလဲ အချစ်ရယ်

အခုများတော့
မင်းခန္ဒာကိုယ်အဆီတွေတက်
မင်းဟာ အသားတိုးဝက်တစ်ကောင်လို
ဝမ်းပြင်မှာ ဗိုက်ခေါက်ကြီးတွေထွက်
ဂုပ်တွေသိုး၊ ပါးစုန့်ကြီးကဟက်လို့
ဟိုတုန်းကလို ငါ့အချစ် မင်း..မလှနိုင်တော့ပါလား..
 

သောက်ရှူးကြယ်ကလေးတွေတောင်
မနာလိုဝန်တိုဖြစ်ဖူးရဲ့
တစ်ခါက မင်းမျက်ဝန်း လဲ့ပြာတွေလည်း
အရောင်တွေမွဲခြောက်လို့..။


ကိုယ် တယုတယ ပွတ်သပ်နမ်းရိုက်ခဲ့ဖူးရဲ့
ပိတုန်းရောင်ဆံမြညှာကေသာလည်း
ဆံခြည်တွေကျွတ်လို့၊ ငွေမင်တွေစွန်းထင်း
ထိပ်တောင် ပြောင်လို့ပါလား အချစ်ရယ်..


လောကဓံဆိုတာကြီးက 

ငါတို့ ရိုမန်းတစ်စိတ်ကူးတွေကို
သက်ဆိုးရှည်ခွင့်မပေးခဲ့
မြီးကောင်ပေါက်က
ငါ ပြောခဲ့ဖူးရဲ့
ရဲရဲတောက် အချစ်ကြေငြာစာတမ်းတွေလည်း
ခုပြန်စဉ်းစားကြည့်မိ
ငါ ရှက်များတောင်ရှက်မိပါရဲ့… ကွယ်။


အချစ်ရယ်
အရာရာဟာ
ပြောင်းလဲနေခဲ့တယ်…။ ။

ငြိမ်းချမ်းအောင်

4 comments:

Anonymous said...

ကဗျာဖတ်ပြီးတရားရသွားတယ်....

mie nge

Anonymous said...

မိုးဦးကျပွင့်လန်းတဲ့
ဇီဇ၀ါပွင့်တွေတောင် နွမ်းရသေးတာပဲ။
သင့်ကိုယ်သင်လဲ မှန်ထဲ ပြန်ကြည့်ပါ
ဇရာဆိုတာ လိင်မခွဲခြားဘူး
သင်လဲ တနေ့အိုရဦးအံ့ ... ။

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာလာဖတ်သွားတယ် ကိုငြိမ်းချမ်းရေ။

ဆောင်းယွန်းလ said...

ငါတို့ ရိုမန်းတစ်စိတ်ကူးတွေကို
သက်ဆိုးရှည်ခွင့်မပေးခဲ့
မြီးကောင်ပေါက်က
ငါ ပြောခဲ့ဖူးရဲ့
ရဲရဲတောက် အချစ်ကြေငြာစာတမ်းတွေလည်း
ခုပြန်စဉ်းစားကြည့်မိ
ငါ ရှက်များတောင်ရှက်မိပါရဲ့… ကွယ်။

ဒီလိုပဲပေါ့ကဗျာဆရာရေ......