23 October, 2009

အပျော်တမ်းသီချင်းသီဆိုခြင်း

ထီပေါက်မဲ့ရက်ကို ထိုင်မစောင့်ချင်ဘူး
ဘဏ်တိုက်တွေ မီးတင်ရို့ချင်တယ်

ကံအကြောင်းမလှရင်
ကဗျာဆရာလည်း အကြမ်းဖက်သမားဖြစ်နိုင်တယ်

မျှော်လင့်ချက်နဲ့ရှေ့ဆက်နေဆဲလူ့ဘ၀..

အမေရိကတိုက်ကို ဖြတ်လမ်းရှိတယ်
နိဗ္ပာန်ကိုဖြတ်လမ်းမရှိဘူး
ဒုက္ခသည်အတုရှိတယ်
ဒုက္ခဆိုတာအတုမရှိဘူး

သတင်းကောင်းပေးမယ်
ပျက်လုံးကောင်းတွေဖတ်ချင်ရင်
နအဖခေတ်သတင်းစာဖတ်
ငရဲပြည်ရောက်ဖူးချင်ရင်
ဂြိုလ်ကုပ်ဒူးကြီးနဲ့ပေါင်း
ဂျပုဆော်ကြမ်းတို့တောင်
ငရဲကိုဗီဇာရထားပြီဆိုပဲ

ငယ်ငယ်က စာညံ့တယ်
ကြီးလာတော့ လူမှုရေးညံ့တယ်
သံပရာသီးနဲ့ ၀က်သားဟင်းကြိုက်တယ်
ညှို့အားပြင်းရင်ဆန့်ကျင်ဖက်လိင်ကိုကြိုက်တတ်တယ် :))

မသိလို့မေးချင်တယ်
အနာဂတ်ဆိုတာအနာကပ်တဲ့ပလာစတာနဲ့
အမျိုးတော်စပ်ပါသလား

လုပ်သလိုမဖြစ်ရင်ဖြစ်သလိုလုပ်ကြမယ်
တံချူနဲ့လှမ်းလို့မမှီရင်လေးခွနဲ့ပစ်ချကြတာပေါ့ကွာ

ကိုယ့်ရပ်ဌာနေမဟုတ်ရင်
နိဗ္ပာန်ဆိုတာလည်း
မက်လောက်စရာမရှိဘူး

ချစ်သူမရှိရင်
တိမ်ပြာသောနေ့ကိုလည်း
ကိုယ်မမက်ဘူး

ယုံပါအချစ်ရယ်
လူသားမျိုးနွယ်ဆက်တွေဖြတ်လို့
မင်းကိုယ်ချစ်မိတဲ့
ကိုယ့်ချစ်ခြင်းများစွာဖြင့်
စံပယ်ပန်းတို့ပွင့်နေကြဦးမယ်။ ။။ ။

*** ကိုဆောင်းရေနောက်ကျတာ ခွင့်လွှတ်ဗျာ..။

ငြိမ်းချမ်းအောင်

6 comments:

မိုးမြင့်အောင် said...

ကော်ဖီကြိုက်တဲ့ကျနော့အတွက် သကြားများများခပ်မိရင် ချစ်သူမရှိပဲ တိမ်ပြာပြာအောက်မှာ စိတ်ကူယဉ်ရသလိုမျိုးပါပဲ

ဆောင်းယွန်းလ said...

အမေရိကတိုက်ကို ဖြတ်လမ်းရှိတယ်
နိဗ္ပာန်ကိုဖြတ်လမ်းမရှိဘူး
ဒုက္ခသည်အတုရှိတယ်
ဒုက္ခဆိုတာအတုမရှိဘူး
ညှို့အားပြင်းရင်ဆန့်ကျင်ဖက်လိင်ကိုကြိုက်တတ်တယ် :))

မသိလို့မေးချင်တယ်
အနာဂတ်ဆိုတာအနာကပ်တဲ့ပလာစတာနဲ့
အမျိုးတော်စပ်ပါသလား

လုပ်သလိုမဖြစ်ရင်ဖြစ်သလိုလုပ်ကြမယ်
တံချူနဲ့လှမ်းလို့မမှီရင်လေးခွနဲ့ပစ်ချကြတာပေါ့ကွာ


အတိအကျကို အသေအလဲကြိုက်မိတယ် ကဗျာဆရာရေ.ဘဏ်တိုက်တွေကိုမီးမရှို့ချင်ဘူး ကျနော်ကဓားပြတိုက်ချင်တာဗျ...
ကျေနပ်တယ်ဗျာ...ဒီကဗျာကိုလွှတ်ကြိုက်သွားတယ်.
ဒီသီချင်း ကျနော်စီးရီးထုတ်ရင်ထည့်ဆိုမယ်ဗျ

loanma said...

like this poem alot...

Anonymous said...

ကဗျာ အားလုံး ကိုကြိုက်တယ် ကိုငြိမ်းချမ်း။ မကြာခဏ အလယ်လာဖြစ်ပါတယ်...ရင်ထဲက ပွင့်အန်လာတဲ့ မနံစော်တဲ့ စိတ်ချဉ်ဖတ်တွေကို ပိုကြိုက်မိတာပါ။ အမြဲပဲ အားပေးနေပါတယ်ဗျာ။ အမိနိုင်ငံအတွက် ထင်ရှားတဲ့အကျိုးပြု့ မှု့ တွေ များများမလုပ်နိုင်သေးပေမယ့် ကိုယ်နိုင်တဲ့ဖက် က ကျနော်တို့ လဲ ၀ိုင်းဝန်းနေပါတယ်။ တစ်နေ့မှာ ကျနော်တို့ အမိနိုင်ငံတော်ဟာ တရားမျှတပြီး လွတ်လပ်မှု့အပြည့်ရတဲ့ နိုင်ငံ အတိအကျ ဖြစ်လာလိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်နေပါတယ်။ ခင်ဗျားပြောသလိုပေါ့။ တံချူနဲ့ မရယင် လေးခွနဲ့ လဲ ချရမှာပေါ့။ ကိုငြိမ်းချမ်း ငြိမ်းချမ်းပါစေဗျာ။

ကဗျာဦး said...

ထီပေါက်မဲ့ရက်ကို ထိုင်မစောင့်ချင်ဘူး
ဘဏ်တိုက်တွေ မီးတင်ရို့ချင်တယ်

ကံအကြောင်းမလှရင်
ကဗျာဆရာလည်း အကြမ်းဖက်သမားဖြစ်နိုင်တယ်

မျှော်လင့်ချက်နဲ့ရှေ့ဆက်နေဆဲလူ့ဘ၀..

အမေရိကတိုက်ကို ဖြတ်လမ်းရှိတယ်
နိဗ္ပာန်ကိုဖြတ်လမ်းမရှိဘူး
ဒုက္ခသည်အတုရှိတယ်
ဒုက္ခဆိုတာအတုမရှိဘူး

ကောင်းလွန်းတယ်

Ðaywalker[Soul] said...

ကဗျာကောင်းတယ်ဗျာ