16 October, 2007

Today's Hot News

- တောင်ကိုရီးယားနိုင်ငံ ဗမာစစ်အစိုးရသံရုံးရှေ့တည့်တည့်မှာ ကိုရီးယားရောက်မြန်မာများ၊ မြန်မာ့အရေးကို ထောက်ခံသူ ကိုရီးယားများသတင်းစာရှင်းလင်းပွဲပြုလုပ်။


- အမေရိကန်ပြည်ထောင်စုတွင် ခရီးရှည်ချီတက်ဆန္ဒပြပွဲ ဒီကနေ့လေးရက်မြောက်နေ့အဖြစ် ဆက်လက်ချီတက်။


- တေဇပိုင်အဲယားပုဂံ မြန်မာစင်ကာပူလေကြောင်းလိုင်းကို လေယာဉ်စီးခရီးသည်များ သပိတ်မှောက်၍၊ ယခု လက်ရှိ စီးနင်းနေသူများမှာ တေဇပိုင်ထူးကုပ္မဏီမှဝန်ထမ်းများသာဖြစ်။ လေယာဉ်စီးခရီးသည်များ မရှိတော့ သည်ကို လူများသိမည် စိုး၍ ထူးကုမ္ပဏီဝန်ထမ်းများကို စင်ကာပူသို့ ခရီးထွက်ခိုင်းနေခြင်းဖြစ်သည်။


- ၈၈-မျိုးဆက်ကျောင်းသားများဒီကနေ့ (၁၆ အောက်တိုဘာ) ကြေငြာချက် ထုတ်ပြန်။ ကိုဌေးကြွယ်၊ ကိုလှမျိုး နောင်၊ ကိုအောင်သူ၊ မမီးမီးတို့မကြာသေးခင် ရက်များကအဖမ်းခံရသော်လည်း၊ ၈၈-မျိုးဆက် ကျောင်းသား များ၏ တိုက်ပွဲအရှိန်အဟုန် ကျဆင်းသွားမည် မဟုတ်ကြောင်း၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုစိုးထွန်းပြော ကြား။


- လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အကြမ်းဖက်မူများ ရပ်ဆိုင်းရန် မေတ္တာရပ်ခံခဲ့သော်လည်း ပမာမခန့် ပြုလျှက် စစ်အ စိုးရကို ကမ္ဘာ့အသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းဒဏ်ခတ်ကြရန် အမေရိကန် သမတ္တ ဂျော့ဒဘ လျူဘွတ်ပြောကြား။


- အဖမ်းခံထားရသူများအတွက် အိုင်စီအာစီအလွန်ဆိုးရိမ်မိကြောင်းကြေငြာချက်ထုတ်ပြန်။


- ကုလသမဂ္ဂ၏ အဆိုပြုချက်အရ မြန်မာစစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေး ရေးအတွက် ဒေသတွင်းခြောက်နိုင်ငံ ဖော်ရမ် ပေါ်ပေါက်လာရန် ထိုင်းနိုင်ငံကြိုးပမ်းမည်။ ၁၉၉၇ ခုနှစ်ကမ္ဘောဒီးယားအရေးကို ဖြေရှင်း စဉ်ကပုံစံမျိုး ဖြစ်ပေါ် လာစေရန် ကြိုးပမ်းခြင်းဖြစ်။


- ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်၊ သံဆူးကြိုးများ အသင့်ပြင်ဆင်ထား။ ရန်ကုန်နှင့် ပဲခူးမြို့များတွင် သပိတ်မှောက် ဆန္ဒပြတိုက်ပွဲများ ပေါ်ပေါက်လာမည်ဟုသတင်းများရ၍ ကြိုတင်ပြင်ဆင်နေခြင်းဖြစ်။ အမေရိ ကန်အားကိုး ပုဆိန်ရိုး ဟူသောဆိုင်းဘုတ် ရန်ကုန်မြို့ တစ်နေရာတွင် စတင်ချိတ်ဆွဲထား။ ပဲခူးတွင်လည်း လုံခြုံရေးတင်းကြပ်။


- ဖမ်းဆီး၊ ညှဉ်းပမ်း၊ နှိပ်စက်နေခြင်းများသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးကိုအနှောက်အယှက် ဖြစ်သည်။ ထောင်နှင့်ချီသော ဘုန်းကြီးများ၊ ဖွားသီလများ၊ ပြည်သူများ၊ နိုင်ငံရေး ပါတီဝင် များသည် ဥပဒေမဲ့ ဖမ်းဆီး ခံနေရ ခြင်းဖြစ်၍၊ စစ်ကြောရေးစခမ်းများတွင် နှိပ်စက်ညှဉ်းပမ်းနေမူများ ဆက်လက်ဖြစ်ပွားလျှက် ရှိသည်။ သို့ပါ၍ စစ်အစိုးရအား ဖမ်းဆီး နေမူများ၊ ညှဉ်းပမ်း နှိပ်စက်နေမူများအား ချက်ခြင်းရပ်ဆိုင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၁၅ အောက်တိုဘာ) ရက်စွဲဖြင့် ကြေငြာချက် ထုတ်ပြန်။


- သားသုံးသားကိုရှင်းရမည်ဟု ဘုန်းကြီးတစ်ပါးမှ နအဖခေါင်းဆောင်များကိုဟောကြားခဲ့သော တရားကို မီဒီယာ များတွင် အသံဖိုင်များ ဖြင့်နားထောင်ခဲ့ကြရသည်။ ၄င်းတရားကို ဟောသောဘုန်းကြီးကိုမူ မည်သည့် ဘုန်းကြီးမှန်း မသိခဲ့ရပေ။ နောက်ဆုံး သတင်းများအရ ၄င်းဘုန်းကြီးမှာ တစ်ချိန်က စစ်အစိုးရကို ဆန့်ကျင် ခဲ့ဖူး သော ပဲခူးကြခတ်ဝိုင်း ဆရာတော် ဖြစ်သည် ဟုသိရသည်။


- ဂျပန်အစိုးရမှ မြန်မာပြည်ကိုကူညီနေသော လူသားချင်းစာနာသည့် အကူအညီ အမေရိကန်ဒေါ်လာ (၄သန်း ၇သိန်း)ကို ရပ်ဆိုင်း လိုက်ပြီ။


- ဗြိတိန်ဝန်ကြီးချုပ်ဂေါ်ဒွင်ဘရောင်း မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမည်ဆိုလျှင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပေးမည်ဟု ကတိပေးပြောကြား။


- စင်ကာပူရောက်မြန်မာ (၂၀၀၀) အနီရောင်အင်္ကျီများ ၀တ်ဆင်၍ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ခုတွင် ပြည်တွင်းရှိ ကျဆုံးသွားသူ များ၊ အဖမ်းဆီး ခံနေရသူများ အတွက် ဆုတောင်းပွဲလုပ်။

1 comment:

ADMIN said...

မင်္ဂလာပါ အစ်ကို
သမ္မတ (or) သမတ္တ ???