17 June, 2010

06, 11, 2010 – 7:11 PM

ဒီလိုညနေခင်းမျိုးနဲ့ဆုံစည်းခွင့်သာမရရင်
ငါ့အတွက်လူဖြစ်ရကျိုးနပ်မှာမဟုတ်ဘူး

အမှောင်မရုပ်သိမ်းသေးဘူး
မိုးသားကင်းစင်ကြည်လင်ဝင်းပလို့
ကောင်းကင်ပြာအောက်မှာ
အိပ်တန်းအ၀င်နောက်ကျတဲ့ကျေးငှက်တွေတေးသီဆဲ
ဟောဟိုမှာရှည်မျောမျောသွယ်တန်းနေတဲ့ဓါတ်ကြိုးတွေ
သံသယာလိုရှည်လျှားလှပေစွ
နိုင်လွန်ကတ္တရာခင်း ခဲသားရောင်အဝေးပြေးလမ်းမ
တိမ်တောက်ချိန်မှာ အပျိုမပါးပြင်လိုချောညက်ပေစွ
အသုံးမတည့်လှတဲ့မြက်ရိုင်းပင်တွေ
တောထလေယူရာတိမ်းယိမ်းလို့
မုတ်သုန်ရာသီကိုဖြတ်ကျော်ဖို့
ကွင်းပြင်ထဲမှာလယ်စောင့်တဲတစ်လုံး
ကြံ့ခိုင်မူရှိပါစ
ဝမ်းရေးအတွက် အလေ့ကျကန်စွန်းနဲ့ချဉ်ပေါင်ခင်းတွေရှိတယ်
မိုးဦးစံပယ်ရုံတွေဖြတ်တိုက်လာတဲ့လေထဲမှာ
မေတ္တာတရားဟာမွှေးထုံသင်းပျံ့လို့

မဆုံးနိုင်သေးဘူး
အဲဒီသံသယာဆိုတဲ့ခရီးဟာ
နဗူးခြုံနွယ်ပေါ်ကပုစဉ်းတစ်ကောင်
‘သူ’ ဘာစဉ်းစားနေတယ်ဆိုတာငါမသိဘူး
ခြံစည်းရိုးပေါ်ကို ပဲနွယ်ပင်တွေသူ့ထက်ငါအလုအယက်နွယ်တက်လို့
မျှော်လင့်ချက်နဲ့ရှင်သန်နေကြတယ်

ငြိမ်းချမ်းအောင်

3 comments:

ကိုအောင် said...

ကဗျာလာဖတ်တယ် ကိုငြိမ်းချမ်း၊ မျှော်လင့်ခြင်းနှင့်
ရှင်သန်ပါစေ။

Anonymous said...

မျော်လင့်ခြင်း မရှိရင်ဘ၀ဆိုတာ ဘယ်လိုနေပျော်တော့မှာ
လည်းနော်..
အဓိပါယ်ရှိတဲ့ ကဗျာလေး တပုဒ်ပါ ကဗျာဆရာ..

~P~ said...

မိုက်တယ် ကဗျာလေးက