01 June, 2010

၂၀၁၀ ဖလားလုပွဲ

အာဂျင်တီးနားအသင်းဗိုလ်စွဲရင်
ဗျူနိုအေရီစ်မြို့လယ်ခေါင်ဝတ်လစ်စလစ်ပြေးမတဲ့
ဂန္တ၀င်ဘောသမားကြီးမာရာဒိုနာကြုံးဝါးလိုက်တယ်

စိတ်လွတ်လက်လွတ်ဘယ်သူတွေပျော်ခဲ့ဖူးလဲ ?

၁၇၇၆ မှာ အမေရိကန်လွတ်လပ်ရေးရတယ်
ဂုဏ်သိက္ခာရှိတဲ့ အောင်ပွဲအတွက် အနှစ် ၂၀၀ ကျော်
သဘင်ဆင်နွှဲတာ ဘယ်သူတွေဘာပြောချင်လဲ

၈၈ အရေးအခင်းပြီးတော့
ဒီမိုကရေစီရမှ ငါ့ဆံပင်တွေဖြတ်မယ်လို့
လူတချို့ကြုံးဝါးခဲ့ဖူးတယ်
အနှစ် ၂၀ အတွင်းမှာ ဘယ်သူတွေ ဆံပင်ဘယ်လောက် ရှည်ခဲ့ကြပြီလဲ ?

တရားသဖြင့်ပြိုင်ပွဲတွေဟာ မင်္ဂလာတရားတော်နဲ့ညီတယ်
ခြေရည်တူကစားပွဲတွေမှာ ကံအကြောင်းမလှတဲ့အသင်းရူံးနိမ့်မယ်
ဒိုင်ညစ်ရင် ဒိုင်ကိုအရေးယူနိုင်တယ်
ကစားသမားညစ်ရင် အ၀ါကဒ်အနီကဒ်ပြပြီး ကွင်းပြင်ထုတ်မယ်

ကျနော်ထင်တယ်
အီတလီ (သို့မဟုတ်) အင်္ဂလန်အသင်းဗိုလ်စွဲမယ်လို့
(မည်သို့ဆိုစေ)
သန့်ရှင်းစင်ကြယ်တဲ့ကစားပွဲမှာ
ပြိုင်ပွဲဝင်အသင်းတိုင်း
ဖလားရရေးအိပ်မက်ခွင့်ရှိတယ်

အာဂျင်တီးနားဖလားရရေးအတွက်
မျိုးချစ်စိတ်အပြည့်နဲ့အားထည့်
ဂျိုဟန်နက်စ်ဘတ်မြို့က
မက်ဆီကန်သွင်းလိုက်တဲ့ဘောလုံးဟာ
ဂိုးပိုက်ကိုထုတ်ချင်းဖောက်
သိန်းစိန်နဖူးတည့်တည့်ထိမှန်လိုက်မယ်ဆိုရင်ဖြင့်
မာရာဒိုနာအပျော်ထက်
မြန်မာပြည်သူတွေရှစ်ဆကဲမယ်ဆိုတာ
မြင်ယောင်သေးတော့တယ်။ ။

(ဘောဝါသနာရှင်.. ကိုအောင်အတွက်)

ငြိမ်းချမ်းအောင်

3 comments:

ကိုအောင် said...

ကျေးဇူးကမ္ဘာ ကိုငြိမ်းချမ်း၊ သိန်းစိန်ကတော့ အနီကဒ်နဲ့
ပဲ ထိုက်တန်ပါတယ်။

လင်းဦး(စိတ်ပညာ) said...

အာဂျင်တီးနားလား..... ဒီအသင်းလည်း ဖြစ်နိုင်တာပဲဗျ...
ကျွန်တော်ကတော့ စပိန်ပဲဗျို့။

Anonymous said...

ကဗျာဆရာပီသပါပေတယ်။
ဘောလုံးပွဲတဂ်ပို့စ်ကိုတောင် ကဗျာလုပ်ရေးထည့်လိုက်တယ်။
လေးစားတယ် ဆရာရေ။ :)