15 November, 2010

အဖြူရောင်နှင်းဆီသို့

ဆူးပင်ပါလျှက်
ခက်ထန်ကြမ်းရှ
ရိုးသားလှသူ
နှင်းဆီဖြူအား
ဆွတ်လိုငြားက
ချွေသွားမည့်လက်
ဆူးချက်သင့်စေ
စူးပါစေသား ...
စူးစေသား ..... ။

ငြိမ်းချမ်းအောင်နှင့် 'အမည်မသိ'ပူးပေါင်းရေးသားသည်

4 comments:

Anonymous said...

ဆူးပင်ပါလျက်
ခက်ထန်ကြမ်းရှ
ရိုးသားလှသူ
နှင်းဆီဖြူအား
ဆွတ်လိုငြားက
ချွေသွားမည့်လက်
ဆူးချက်သင့်စေ
စူးပါစေသား ...
စူးစေသား ..... ။

အဲဒီလိုဆို ရွတ်ရတာ ပိုအဆင်ပြေမလား မသိ။

Nyein Chan Aung said...

ဟုတ်တယ်။ အဲဒါပိုကောင်းတယ်။ ရှေးဆန်တယ်။ ပရော်ဖက်ရှင်နယ်ပိုဖြစ်တယ်။ ကျွန်တော့်အကြိုက်နည်း ရောပြီး နည်းနည်း ပြန်ပြင်လိုက်မယ်။ ကျေးဇူးတင်တယ်။

Nyein Chan Aung said...

ပြန်ပြင်လိုက်ပြီ။ ဒီကဗျာ ကျွန်တော်ရေးတာ တ၀က်ပဲပါတော့တယ်။ ဆရာမရေးတာက တစ်ဝက်ပေါ့။

Anonymous said...

မူရင်းရေးသူရဲ့ အာဘော်ကို အခြေခံပြီး နှမ်းဖြူးရုံသက်သက်ပါ။
တ၀က်ရေးတယ်လို့ မဆိုဝံ့ပါကြောင်း။ :)