19 January, 2008

ပန်း

ပန်းကလေး
အငုံဘ၀မှာပဲ
နေလို့ရရင်ကောင်းမယ်။

အငုံက
အပွင့်ထက်
ပိုပြီးနူးညံ့တယ်
လောကဓံကို
အရိုးခံအတိုင်း တုန့်ပြန်တယ်။

အပွင့်က
လှသွေးကြွယ်တယ်
မာယာများတယ်
ဖျားယောင်းသွေးဆောင်တတ်တယ်
လေယူရာတိမ်း
ယိမ်းတတ်ပြန်တယ်။

ပန်းပင်ရဲ့ ဘဝ
ပန်းလှလှတွေ
ပွင့်ဝေပေးဖို့။
ပန်းမပွင့်တဲ့ အပင်ဟာ
အမြုံပဲ။
အပွင့်မလှတဲ့ အကိုင်းဟာ
မျက်နှာမွဲ။

ပန်းတစ်ပွင့်ရဲ့ ဖြစ်စဉ်မှာ
ငုံပြီးရင် ပွင့်
ပွင့်ပြီးရင် ကြွေ
ဒါ သဘာဝပါပဲ။

ပန်းပွင့်ကလေးမှာ
ရွေးချယ်စရာမဲ့။

ငြိမ်းချမ်းအောင်

5 comments:

Anonymous said...

this poem is very meaningful. it represents Law-Ka-Ni-Yar-Ma and gives me many thoughts.

Loanma

Mintasay said...

ဒီကဗျာလေးလည်း ဒဿန တော်တော်ပါတယ် အကိုရ...အချစ်ဆိုတာကတော့ အဖူးအငုံဘ၀မှာ လူတိုင်းအတွက်ရင်ခုန်စရာပေါ့....ပွင့်လာခဲ့ပြီးရင်တော့ အကိုပြောသလို ကြွေသွားမှာပဲ.....ဒါပေမယ့် အလှပဆုံးဖူးပွင့်နေတဲ့ အချိန်မှာတော့ ကိုယ့်ချစ်သူရဲ့ခေါင်းပေါ်မှာပဲ နေချင်တာကတော့ ပန်းပွင့်တိုင်းရဲ့သဘာဝပါအကိုရာ........ချစ်သူက တစ်သက်လုံးပန်ထားမယ်ဆိုရင်တော့ ပန်းကလေးပွင့်ရကြိုးနပ်ပြီပေါ့....

Winkabar said...

အရမ်းကောင်းတဲ့ကဗျာလေးပဲအစ်ကိုရယ်။ ပန်းလေးက ပွင့်တုန်းမှာ သူ့ကိုတန်ဖိုးထားမယ့်လူနဲ့တွေ့ရင် တစ်နေ့မှာကြွေသွားခဲ့လည်း သူပွင့်ရကျိုးနပ်မှာပါ။ တစ်သက်စာအမှတ်ရနေမှာပေါ့။

Pinkgold said...

ပန်းကလေး ကဗျာက သိပ်ကောင်းတာပဲ အကိုရေ
ဟုတ်တယ် အဲလို တစ်ခါမှ မတွေးမိဘူး

Saung Yune La (aka) Way said...

ပန်းပင်ရဲ့ ဘဝ
ပန်းလှလှတွေ
ပွင့်ဝေပေးဖို့။
ပန်းမပွင့်တဲ့ အပင်ဟာ
အမြုံပဲ။
အပွင့်မလှတဲ့ အကိုင်းဟာ
မျက်နှာမွဲ။
လွတ်မြောက်ရေးတိုက်ပွဲဝင်သူတွေအတွက်ကတော့အမြဲ
ပွင့်ပြီးအမြဲလန်းနေမယ့်ပန်းတွေပွင့်နေမှာသေချာတယ်ဗျ
ကဗျာလေးကကောင်းတယ်.ကိုငြိမ်းချမ်းအောင်ရေ