15 April, 2008

အမှတ်တရများ

ဘာလက်နက်မှ မရှိရင်တော့ ခံရတော့တာပဲ
ငွေကြေး
ဥစ္စာပစ္စည်း
အတတ်ပညာ
ဘာတစ်ခုမှ မရှိရင်တော့
ကံဆိုးပြီသာမှတ်။

ရိုးသားမှုသက်သက်နဲ့ အလုပ်မဖြစ်တော့ဘူး
ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတာ
ရီစရာ အကောင်းဆုံး ပျက်လုံးတစ်ခုသာပဲ။

မေတ္တာသုတ်ကို အာဂုံဆောင်ထားရုံနဲ့လည်း
အန္တရာယ်ကင်းပြီလို့ မထင်လေနဲ့
ဝှက်ဖဲထား မကစားရင်တော့
ရူံးပွဲနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရလိမ့်မယ်။

သိက္ခာနဲ့သီလကို ချရောင်းတာ ၀ယ်မဲ့ သူမရှိဘူး
လူတွေက ကျော်ကြားမှုနောက်ကို လိုက်တယ်
ကျော်ကြားမှုနောက်ကို ငွေကလိုက်တယ်
ငွေများများရှိတဲ့ နေရာကို ငွေတွေလိုက်တယ်
ငွေမရှိတဲ့ နေရာကို ဘာငွေမှမလာဘူး
ခန္ဒာကိုယ်ပဲရှိလို့ ဒီခန္ဒာကိုယ်ပဲ ရောင်းစားရတော့တာပေါ့
ပစ္စုပ္ပန်မှာ ကြုံသလို ရှင်သန်တယ်
မနက်ဖြန်ကတော့ ကံစီမံတဲ့ အတိုင်းပဲ။

ဒီဘ၀မှာတင် ငရဲခံနေရသူတွေအတွက်
နောင်ဘ၀က ငရဲကို တွေးကြောက်နေမှာ မဟုတ်တော့။

လူ့ဘ၀ဆိုတာ
ဘုရားသခင် အပျင်းပြေလွှတ်တင်လိုက်တဲ့
စွန်တစ်ကောင်ပါပဲ
ရစ်ဘီးက သူ့လက်ထဲမှာ။

ငြိမ်းချမ်းအောင်

5 comments:

Apprenticeship said...

Wow what a reality.. Is that the dark side of the capitalism or globalization????? I wasn't sure God is really controlling the wheel though :(

ကောင်းကင်ကို said...

ဝှက်ဖဲထား မကစားရင်တော့
ရူံးပွဲနဲ့သာ အကြိမ်ကြိမ် ရင်ဆိုင်ရလိမ့်မယ်။

ဟုတ်ပဗျာ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ။း-)

Dumuro said...

See Please Here

Winkabar said...

ဒီကဗျာလေးအရမ်းသဘောကျတယ်အစ်ကိုရေ။ အဖွားအမြဲပြောနေတဲ့ စကားတစ်ခွန်းလိုပေါ့ ခေတ်. ခေတ်. ခေတ် နဲ့ တက်ခေတ်မဟုတ်ပဲ ဆုတ်ခေတ်ဖြစ်နေပြီဆိုတာလိုမျိုးပေါ့။
စကားပုံတွေလည်း ပြောင်းရတော့မယ်နော်။ မပြောင်းလည်းအသစ်ထွင်ရမယ်။ ၂၁ ရာစုစကားပုံများဆိုပြီးတော့လေ။ :D

Watery said...

ဝူးးးး ဖတ်ပြီးရင်လေးတယ်... ရက်စက်တဲ့လောကကြီးလို့ပဲမြင်လိုက်ချင်ပါတော့တယ်..ဒါပေမယ့် နိယာမတရားအရ သူ့အလှည့်ကိုယ့်အလှည့်ဆိုတာရှိစမြဲပဲလေးးးး