ခေတ်မကောင်းတဲ့အခါမှာလည်း
ရူးချင်ယောင်မဆောင်ဘူး
သားကောင်မရလို့လည်း
မြက်မစားဘူး
တောခွေးအတွေ အူတိုင်းလည်း
ခေါင်းထောင်မကြည့်ဘူး
ယုန်သူငယ်နဲ့လည်း
ပရောပရီမလုပ်ဘူး
ခြင်္သေ့ဟာ တောရဲ့အရောင်
တောင်ရဲ့အရိပ်ကို သိတယ်
တိုက်လာတဲ့ လေထဲကရနံ့မှာ
ရန်သူလား၊ မိတ်ဆွေလားခွဲခြားသိတယ်
ဒဏ်ရာဒဏ်ချက်တွေနဲ့
ဝမ်းနည်းပက်လက် နေ့ရက်တွေမှာတောင်
ခြင်္သေ့ဆိုတာ အကြီးမြတ်ဆုံးရှင်သန်တယ်။ ။
ငြိမ်းချမ်းအောင်
၂၅ မတ်၊ ၂၀၀၉
03 April, 2009
ခြင်္သေ့
Labels:
My poem
Subscribe to:
Post Comments (Atom)
6 comments:
ကဗျာက ကောင်းပါတယ် ကိုငြိမ်းချမ်းရေ။ အိမ်ထောင်
ကျခါစ အလုပ်များနေလို့ ကျနော်လည်း ပို့စ်အသစ်
မတင်နိုင်သေးဘူး ဖြစ်နေတယ်။ အားပေးလျက်၊ ရောက်
ပါတယ်။
ကိုငြိမ်းချမ်းအောင်..အပြင်းစားတွေ ပေါက်ကွဲသံတွေကြားမိသလိုပဲ။ ကြိုက်တယ်။ ဒီညကျနော်ဆီလည်းလာလည်ပါဦး
ကောင်းတယ်... လိုတိုရှင်းပါပဲ...
ရဲရင့်တဲ့ကေသရာဇာရဲ့ အားမာန်အပြည့်ကို တွေ့နေရပါတယ်ကဗျာဆရာရေ...
ကဗျာကောင်းတယ်ဗျို့ တကယ့်ခြင်္သေ့ဘဲ
ခြင်္သေ့ ကဗျာလေး မိုက်တယ်ဗျာ... ခြင်္သေ့ရဲ့ သရုပ်ဖေါ်ထားတာ သိပ်ပီပြင်တာပဲ... မရောက်တာ ကြာနေတာ.. လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်.....
Post a Comment