27 April, 2009

ဘောလုံးနဲ့ရေးတဲ့ကဗျာ (၁)

ကျနော့်ကို ချ,ထားတဲ့ကောင်တွေကို
ကျနော်က ပြန်ချတယ်
ကျနော်က ချ,ထားတဲ့ကောင်တွေက
ကျနော့်ကို ပြန်ချတယ်
ဘောလုံးကစားတယ်ဆိုတာ
ပန်းနဲ့ပေါက်တန်းကစားတာမဟုတ်တော့
ထိခိုက်ဒဏ်ရာကိုယ်စီတော့ ရှိကြတယ်
လက်ရည်မမျှတဲ့ စိန်ခေါ်သံတွေကို
ကျနော် မကြားချင်ယောင်ဆောင်ခဲ့တယ်
ခရာတွတ်နေတာတောင်
ကျနော့်နားရွက်ကို တံတွေးလာစွတ်နေလို့
ဒေါသနဲ့ ဂိုးအပြတ်သွင်းပစ်ခဲ့တယ်
လူမကျွံအောင် ကျနော်သတိထားကစားတယ်
ကိုယ့်ဂိုးကိုယ်ပြန်မသွင်းမိအောင်
ကျနော် အလေးထားတယ်
အနီကဒ်ပြပြီး အထုတ်ခံရလောက်အောင်လည်း
ကျနော် စည်းကမ်းမဖောက်ဘူး
ရာသက်ပန်အနားယူရလောက်တဲ့ ဒဏ်ရာမျိုးရအောင်လည်း
ကျနော် သတိလက်လွတ် မကစားဘူး
အရံခုံမှာ ထိုင်နေရတဲ့အခါ
အသင်းဖော်တွေကို အားတက်သရော အားပေးတယ်
ကိုယ်တိုင်ဝင်ကစားရတဲ့အခါ
အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ အားမွေးတယ်
တသင်းတည်းသားချင်း ခြေခွင်မလှဲဘူး
နောက်ကျောကနေ လက်သီးပုံးမထိုးဘူး
ကျနော်ပါဝင်ကစားခွင့်ရတဲ့ အသင်းမှာ
ကျနော် အကောင်းဆုံးကစားခဲ့ပါတယ်။ ။

ငြိမ်းချမ်းအောင်

6 comments:

အောင်သာငယ် said...

ညီရေ ကဗျာလေး ကောင်းလိုက်တာကွာ
အကို့ဘလော့မှာ ပြန်ဖော်ပြချင်လို့ ခွင့်ပေးပါ...

Nyein Chan Aung said...

ရပါတယ်အစ်ကို။ ခွင့်တောင်းနေစရာတောင် မလိုပါဘူးဗျာ။

ဆောင်းယွန်းလ said...

အရံခုံမှာ ထိုင်နေရတဲ့အခါ
အသင်းဖော်တွေကို အားတက်သရော အားပေးတယ်
ကိုယ်တိုင်ဝင်ကစားရတဲ့အခါ
အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ အားမွေးတယ်
နားလည်စွာ ခံစားသွားမိပါတယ် ကဗျာဆရာရေ

Anonymous said...

brother!
this poem is really really good.

ဦးဂင်ကြီး said...

ကဗျာကြိုက်တယ် ကိုထွဋ်ရေ ကောင်းတယ်ဗျာ။

မိုးမြင့်အောင် said...

ကိုငြိမ်းချမ်းအောင်ရေ ကဗျာကတော့ မြန်မာ့သရုပ်ဖော်အစစ်တခုလို့ခံစားမိပါတယ်