07 August, 2009

ရုပ်ရှင်ကြည့်ရခြင်းအကြောင်းရင်း

သရုပ်ဆောင်မင်းသမီးအလှကို ခံစားချင်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ဝါသနာပါလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
တခြားလုပ်စရာမယ်မယ်ရရမရှိလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
အချိန်ဖြုန်းဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
မေတ္တာလက်မှတ်ရလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
စပွန်ဆာရှိလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ချစ်သူနဲ့ပွတ်သီးပွတ်သပ် ချစ်တင်းနှောဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ပျော်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ပျင်းလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
စိတ်ညစ်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
အနုပညာကို လေးစားတန်ဖိုးထားလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
လူပြောများတဲ့ဇာတ်ကားမို့ ရုပ်ရှင်ကြည့်တာလည်းဖြစ်နိုင်တယ်
ကြော်ငြာကောင်းလို့ ရုပ်ရှင်ကြည့်တာလည်းဖြစ်နိုင်တယ်
ခေတ်မီချင်လို့ ရုပ်ရှင်ကြည့်တာလည်းဖြစ်နိုင်တယ်
ပညာရှာဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ဇာတ်လမ်းသိချင်လို့ စပ်စုလိုစိတ်နဲ့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
လက်ရှိဘ၀ကို မိနစ် ၉၀ လောက်မေ့ထားချင်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ငွေယားတွေပိုလျှံနေလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ရာဇ၀င်သိချင်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
သူငယ်ချင်းတွေနဲ့ ချိန်းတွေ့ဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ဒါရိုက်တာကို ကြည်ညိုစိတ်နဲ့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ကိုယ်မစွမ်းသမျှ မင်းသား အစွမ်းအစကို လက်ခုပ်တီးအားပေးဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ဘယ်လိုအကြောင်းကြောင့်ပဲ ရုပ်ရှင်ကြည့်ကြည့်
စိတ်ကူးယဉ်ဇာတ်လမ်းတွေက ပျော်ရွှင်ဖွယ်ကောင်းပြီး
ဖြစ်ရပ်မှန်ဇာတ်လမ်းတွေဟာ ကြေကွဲစရာကောင်းနေခဲ့တယ်။

ငြိမ်းချမ်းအောင်

2 comments:

ကိုအောင် said...

ရုပ်ရှင်ဆိုရင် သေနတ်ပြစ်ကားတွေ များများကြည့်မိလို့
အိမ်မက်ထဲမှာ ကျနော်တော့ သေနတ်လွယ်ထားတယ်
ကိုငြိမ်းချမ်းရေ။

ဆောင်းယွန်းလ said...

စိတ်ကူးယဉ်ဇာတ်လမ်းတွေက ပျော်ရွှင်ဖွယ်ကောင်းပြီး
ဖြစ်ရပ်မှန်ဇာတ်လမ်းတွေဟာ ကြေကွဲစရာကောင်းနေခဲ့တယ်။
အတိအကျကိုဖြစ်လေ့ရှိတဲ့သဘောတရားပါပဲကဗျာဆရာရေ...ကြိုက်တယ်ဗျာ..ဒီကဗျာကို...