02 March, 2010

အရက်သောက်ရခြင်းအကြောင်းရင်း

အိမ်ကမိန်းမနဲ့ အဆင်မပြေလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ဆယ်ကျော်သက်ကောင်လေးရည်းစားနဲ့ကွဲလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
အလုပ်အကိုင်အဆင်မပြေလို့ အရက်သောက်တာလည်းဖြစ်နိုင်တယ်
အလုပ်အကိုင်အဆင်ပြေလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ချစ်သူဆီကချစ်အဖြေရလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ချစ်သူဆီကမုန်းတဲ့အဖြေရလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ယဉ်ကျေးမူအရအရက်သောက်တာလည်းဖြစ်နိုင်တယ်
ပွဲလမ်းသဘင်မို့ပျော်လို့ရွှင်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
သူငယ်ချင်းမိတ်ဆွေတွေအတင်းတိုက်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ကြိုက်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
လောကကြီးကိုတခဏလောက်မေ့ထားချင်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
အပျင်းပြေမလားလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ခန္ဓာကိုယ်အသွေးအသားကတောင်းဆိုလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
စိတ်ညစ်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
လူရာဝင်ချင်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
မသောက်ရမနေနိုင်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ပျော်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
စားစရာမရှိလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
အရက်ကိုဘုရားကမကြိုက်ဘူး
သောက်တတ်ရင်ဆေး၊ မသောက်တတ်ရင်ဘေးတဲ့
အရက်ကြောင့်ဘ၀ပျက်သွားသူတွေ၊ ဘ၀ပျက်နေသူတွေအပုံကြီးရှိတယ်
လူညံ့တွေအတွက်အရက်ဆိုတာအရှင်သခင်
လူလိမ္မာတွေအတွက်အရက်ကကျေးကျွန်
ဘယ်အကြောင်းနဲ့ပဲသောက်သောက်
လူတွေရှိနေရင်အရက်တွေရှိနေဦးမယ်
အရက်တွေရှိနေသမျှလူတွေသောက်နေဦးမယ်
စိတ်ညစ်လို့အရက်ကိုသောက်တယ်
အရက်သောက်လို့စိတ်ညစ်ရရင်တော့ မမိုက်ဘူးမိတ်ဆွေ။

ငြိမ်းချမ်းအောင်

2 comments:

ATN said...

အကိုကတော့ ကဗျာရေးဖို့ သောက်တယ်...း)

~P~ said...

ဘာအတွက်ပဲဖြစ်ဖြစ်မသောက်ရင်အကောင်းဆုံးပါပဲလို.ထင်ပါတယ် အကိုရေ...သောက်လို.ဖြစ်နေတဲ.ပြက်သနာတွေ ပြေလည်သွားရင်တော့တစ်မျိုးပေါ့လေ။ အခုက သောက်ပြီးမှပိုတောင်ဆိုးလာနိုင်တာတွေအများကြီးပဲ။ (ကိုယ်ပိုင်ထင်မြင်ချက်လေးတစ်ခုပါ ဘယ်သူ.မှအရည်ရွယ်ပါဘူး) :)