အိပ်မရလို့ စဉ်းစားနေမိတာ မဟုတ်ဘူး
စဉ်းစားနေမိလို့ အိပ်မရတာပါ။
လပြည့်ညမှာ အတောက်ပဆုံးကြယ်တစ်ပွင့်ကို လိုက်ရှာနေမိသလိုမျိုး
ညက အမြင်အာရုံကို အလှနဲ့ လှည့်စားနိုင်တယ်။
ကွန်ပြူတာမှာ ကစားရတဲ့ ဂိမ်းတစ်ခုလို အိုဗာဖြစ်သွားမှာတော့ မဟုတ်ဘူး
စာမေးပွဲတစ်ခုလို အချိန်အကန့်အသတ်လည်းမရှိဘူး
နောက်ကျမူတိုင်းမှာတော့ ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့။
တွက်မိတဲ့ ပုစ္ဆာအားလုံးမှာ အဖြေက တစ်ခုပဲထွက်ခဲ့တယ်။
အသက်ချင်းထပ်ထားရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲတွေမှာတော့
သရီးဒီဖန်သားပြင်ပေါ်မှာကြည့်ရတဲ့ သည်းထိတ်ရင်ဖိုဟောလိဝုဒ် အက်ရှင်ဇာတ်ကားတွေလို
ဇာတ်သိမ်းခန်း ပါမလာခဲ့ဘူး။
အက်ဆစ်မိုးတွေ ကွက်ကြားရွာချပေးနေတဲ့ ဟောဒီမိုးကောင်းကင်အောက်မှာ
ဘ၀တွေက စုတ်ပြတ်နုံချာလွန်းတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်နှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်ပတ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လူငယ်တွေ ရုန်းကန်နေကြတယ်....
လူငယ်တွေ လွတ်မြောက်ချင်ကြတယ်......
လူငယ်တွေ တရားခံအစစ်ကို ရှာတွေ့ပါတယ်....
လူငယ်တွေ ပြိုင်တူတွန်းနိုင်မဲ့ ရက်ကိုစောင့်နေဆဲ.....
လူငယ်တွေရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ဟာ မြူတွေလိုေ၀၀ါးနေမြဲ။
သူရဲကောင်းစိတ်ဓါတ်ဟာ
ထောင်နံရံတွေကနေ ပဲ့တင်ထပ်ပြီး ပြန်ထွက်လာတယ်
“ဘယ်တော့မှ ဒူးထောက် အညံ့ခံမှာ မဟုတ်ဘူး” တဲ့
သူရဲကောင်းသွေးဟာ အနီရောင်အလံတစ်ခုအဖြစ် ကောင်းကင်ပေါ်မှာ တလူလူလွှင့်နေတယ်။
အမှောင်ခေတ်တစ်ခုလုံး သင်္ခြိုင်းကုန်းတစ်ခုလိုပါပဲ
ကန်းနေတဲ့ အနာဂတ်နဲ့
ပြန်မရနိုင်တော့တဲ့ အတိတ်နဲ့အတူ
ကွယ်သွားတဲ့ အမြင်အာရုံနဲ့ ပျက်စီးသွားတဲ့ ဦးဏှောက်တွေကို စာအုပ်ထဲမှာချရေးထားတယ်။
ဝိညာဉ်တွေစောင့်ရှောက်တဲ့ မြို့တော်မှာ တစ္ဆေကြောက်စရာတောင် မလိုတော့ဘူး။
လူတိုင်း ကိုယ်ချင်းစာစိတ်ထားကြရင် ကောင်းမှာပဲ
လမ်းဘေးက ခွေးလေလွင့်တစ်ကောင်ကိုပဲဖြစ်ဖြစ် စာနာစိတ်ထားပါ။
သင်ကောက်ယူဖယ်ရှားလိုက်တဲ့ အမိုက်တစ်စဟာ
ပုရွက်ဆိတ်တစ်ကောင်ရဲ့ စံနန်းဂူဝကို ပိတ်ဖုံးထားတဲ့ သေမင်းနံရံ တံတိုင်းတစ်ခုလည်း ဖြစ်နိုင်တယ်။
တိုတောင်းလှတဲ့ ဘ၀မှာ လမ်းပေါ်မှာ ပိတ်နေတဲ့ အမိုက်တွေကို ရှင်းလိုက်ပါ
အလှတရားတွေကို ဖျက်ဆီးနေတဲ့ သတ္တ၀ါတွေကို သုတ်သင်ဖယ်ရှားပစ်ပါ
သင့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပါ
အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းဆိုတာ ခေတ်က သင့်ပခုန်းပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင်ခြင်းပါပဲ
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးတစ်ပွင့်တောင်မှ တတ်နိုင်သလောက်
လောကကို အလှဆင်ပါတယ်။ ။
မတ် ၂၆ ရွှေဝါရောင်တော်လှန်ရေး (၆) လပြည့်အတွက် ရည်စူးရေးဖွဲ့သည်။
ငြိမ်းချမ်းအောင်
27 March, 2008
နံရံကိုထိမှန်၍ ပြန်ထွက်လာသော အသံများ၏ ညီမျှခြင်း
Labels:
My poem
Subscribe to:
Post Comments (Atom)
9 comments:
လူတိုင်း ကိုယ်ချင်းစာစိတ် ထားကြရင် ကောင်းမှာပဲ
လမ်းဘေးက ခွေးလေလွင့်တစ်ကောင်ကိုပဲဖြစ်ဖြစ် စာနာစိတ်ထားပါ။
သင်ကောက်ယူဖယ်ရှားလိုက်တဲ့ အမိုက်တစ်စဟာ
ပုရွက်ဆိတ်တစ်ကောင်ရဲ့ စံနန်းဂူဝကို ပိတ်ဖုံးထားတဲ့ သေမင်းနံရံ တံတိုင်းတစ်ခုလည်း ဖြစ်နိုင်တယ်။
တိုတောင်းလှတဲ့ ဘ၀မှာ လမ်းပေါ်မှာ ပိတ်နေတဲ့ အမိုက်တွေကို ရှင်းလိုက်ပါ
အလှတရားတွေကို ဖျက်ဆီးနေတဲ့ သတ္တ၀ါတွေကို တိုက်ထုတ်ပါ
သင့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပါ
အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းဆိုတာ ခေတ်က သင့်ပခုန်းပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင်ခြင်းပါပဲ
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးတစ်ပွင့်တောင်မှ တတ်နိုင်သလောက်
လောကကို အလှဆင်ပါတယ်။ ။
ကြိုက်တယ်ဗျာ..ခွန်အားအပြည့်ပေးနိုင်တဲ့ကဗျာလေးတစ်ပုဒ်ပါဘဲ
POWERFUL! love it.
loanma
အကိုငြိမ်းချမ်းရေးလိုက်ရင်..စာသားတွေကတကယ်
ထိတယ်အကိုရာ။သူရဲကောင်းတစ်ယောက်ဖြစ်ဖို.
မရည်ရွယ်ပေမဲ့၊မတရားမှုမှန်သမျှကိုတော့ ဘယ်တော့မှဒူးထောက်အညံ့မခံဘူး။ကိုယ်ချင်းစာ
စိတ်ကလေးကိုသူတို.ရင်ထဲဘယ်လိုထည့်ပေးရပါ့...။
"လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးတစ်ပွင့်တောင်မှ တတ်နိုင်သလောက်
လောကကို အလှဆင်ပါတယ" I really like that verses. Great poem as usual. take a break once in a while from Burmese issues, unless you can burn out. hote bu lar?
မိုက်တယ်အကို
လန်ထွက်နေတာပဲ
ဒီ့ထက်ကောင်းတဲ့ ကဗျာတောင် ဒီ့ထက် ကောင်းမယ် မထင်ဘူး။ ညီမျှခြင်းက ၃၆၀ ဒီဂရီလို့ ခံစားရတယ်။
ပဲ့တင် သံ ကဗျာ ကို လာခံစားသွားပါတယ် ... :P
အရမ်းထိတဲ့ကဗျာတစ်ပုဒ်ပဲ အစ်ကိုရေ။ စာကြောင်းတိုင်း စာကြောင်းတိုင်းက အားမာန်အပြည့်ပဲ။ တစ်ပုဒ်လုံးကိုကြိုက်တယ်။
လူတိုင်း ကိုယ်ချင်းစာစိတ် ထားကြရင် ကောင်းမှာပဲ
လမ်းဘေးက ခွေးလေလွင့်တစ်ကောင်ကိုပဲဖြစ်ဖြစ် စာနာစိတ်ထားပါ။
သင်ကောက်ယူဖယ်ရှားလိုက်တဲ့ အမိုက်တစ်စဟာ
ပုရွက်ဆိတ်တစ်ကောင်ရဲ့ စံနန်းဂူဝကို ပိတ်ဖုံးထားတဲ့ သေမင်းနံရံ တံတိုင်းတစ်ခုလည်း ဖြစ်နိုင်တယ်။
တိုတောင်းလှတဲ့ ဘ၀မှာ လမ်းပေါ်မှာ ပိတ်နေတဲ့ အမိုက်တွေကို ရှင်းလိုက်ပါ
အလှတရားတွေကို ဖျက်ဆီးနေတဲ့ သတ္တ၀ါတွေကို သုတ်သင်ဖယ်ရှားပစ်ပါ
သင့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပါ
အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းဆိုတာ ခေတ်က သင့်ပခုန်းပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင်ခြင်းပါပဲ
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးတစ်ပွင့်တောင်မှ တတ်နိုင်သလောက်
လောကကို အလှဆင်ပါတယ်။ ။
စာသားတွေ ထိတယ်ဗှာ
Post a Comment