21 March, 2008

မတ် ၁၃ အသားကင်ဆိုင် နွေဦးညနေခင်း

အဲဒီညပေါ့
အလိုမတူပဲ လမင်းကို ငါ ချစ်တင်းနှောခဲ့မိတာ
နွေဦးက ရူးလောက်အောင် ဖမ်းစား
အဝေးက ငါစောင့်မျှော်နေခဲ့ ရောက်လာလတ္တံ့သော အ၀ါရောင်အလင်းတစ်စ
ငါ့ ခန္ဒာကိုယ်က နာကျင်ခြင်းမဲ့ အိုကြီးအိုမ ၀ိညာဉ်တစ်စ
လေထဲမှာ တဖျတ်ဖျတ်လွင့်လို့ ပေါင်းဖက်မွေ့ကြ
အဲဒီတဒင်္ဂမှာ ညက ငါ့ကို ပျားရည်နဲ့ ၀မ်းချခဲ့။
မြက်ခင်းပြင်ပေါ်မှာ
ကြယ်တွေ လင်းလက်မနေခဲ့ပါ
သူကလေးရဲ့ မျက်လုံးတွေပဲ တဖျတ်ဖျတ်တောက်ပလို့နေကြ
သူစိမ်းဆန်ပေမဲ့ ယဉ်ကျေးပြူငှာတဲ့ ရေမွှေးရနံ့သင်းပျံ့ပျံ့ကလေး
ရင်ထဲအထိ တိုးလျှိုးပေါက် ချဉ်းနင်းဝင်ရောက်
ဖမ်းစားနိုင်လွန်းတယ်
အဖွင့်အပိတ်မြန်ပြီး အလိုမကျတဲ့ စကားတွေပြောတတ်တဲ့ နူတ်ခမ်းပါးကလေး
ငါ သတိလက်လွတ် ငေးကြည့်နေမိတဲ့အရာ
သူကလေးရဲ့ ဆေးရောင်စုံခြယ်သ လှပတဲ့မျက်နှာ
အဲဒီခဏကလေးမှာ
တပ်မက်စိတ်ဟာ မီးတစ်စလို ရင်ကိုလောင်မြိုက်
နှလုံးသားဟာ ပရမ်းပတာ မြူးတူးခုန်ပေါက်လို့
သံချေးတက် ဓါးမတစ်ချောင်းဟာ
ရေခဲစိမ်ပန်းသီးကို ခွဲစိတ်ဖို့ မသင့်တော်ပါဘူးကွာ
ဖမ်းဆုပ်ဖို့ ခက်တဲ့ အဲဒီ အလင်းတစ်စကိုပဲ
အငမ်းမရ ငါဟာ ဖမ်းဆုပ်
ကလေးရယ်
မင်းမျက်လုံးတွေ ရီဝေနေခဲ့
အချစ်က ရင်ဘတ်ထဲအထိ ၀င်ကြည့်မှ မြင်ရတဲ့ အရာမျိုး
အဲဒီ ခါးသက်လွန်းတဲ့ဝေဒနာ
အလွမ်းဆိုတာ အလင်းထက် ပိုမြန်တတ်သလား
မဝေးလိုပေမဲ့ ဝေးခဲ့ရ
မထားလိုပေမဲ့ ထားခဲ့ရ
မင်းအပါးက ထပြန်လာခဲ့ရပေမဲ့
သူပုန်ဆန်နေကျ ကိုယ့်ဝိညာဉ်ဟာ အခုထိ ကိုယ့်ဆီ ပန်ရောက်မလာတော့။

ငြိမ်းချမ်းအောင်

4 comments:

စိုးထက် - Soe Htet ! said...

ဝိဉာဉ် လွှင့်ထားတဲ့ ကဗျာ လာခံစားသွားပါတယ် :D

Saung Yune La (aka) Way said...

ကလေးရယ်
မင်းမျက်လုံးတွေ ရီဝေနေခဲ့
အချစ်က ရင်ဘတ်ထဲအထိ ၀င်ကြည့်မှ မြင်ရတဲ့ အရာမျိုး
အလွမ်းဆိုတာ အလင်းထက် ပိုမြန်တတ်သလား
အဲဒီ ခါးသက်လွန်းတဲ့ဝေဒနာ
မဝေးလိုပေမဲ့ ဝေးခဲ့ရ
မထားလိုပေမဲ့ ထားခဲ့ရ
မင်းအပါးက ထပြန်လာခဲ့ရပေမဲ့
သူပုန်ဆန်နေကျ ကိုယ့်ဝိညာဉ်ဟာ အခုထိ ကိုယ့်ဆီ ပြန်ရောက်မလာခဲ့တော့။
ကောင်းတယ်ဗျာ..နောက်ဆုံးအပိုဒ်လေးကိုအကြိုက်ဆုံးဘဲ....

Fenridal said...

See here or here

ကောင်းကင်ကို said...

ကဗျာလေးခံစားသွားတယ် အစ်ကို