01 April, 2008

လွမ်းနေတဲ့ ပိတောက်ဝါ

ကောင်းကင်ကို တွန်းဖွင့်ကြည့်တော့
တစ်ပင်လုံးဝါ၀ါဝင်း
တစ်ခွင်လုံးစိန်းစိန်းစို
တောင်လည်းစို
တောလည်းစိန်း
တိမ်လည်းညို
တိုက်လာတဲ့ လေထဲမှာတောင်
လွမ်းရိပ်တွေကဝေ့ဝေ့၀ဲ
တစ်နှစ်ခင်းလုံး ဇွဲခတ်ပြီး အောင့်ထားရပုံမျိုးနဲ့
ချစ်ခြင်းနဲ့ ပွင့်လာတဲ့ ပန်းတွေ
လောကတစ်ခွင်လုံး ထိန်ထိန်ညီးလို့။

သင်္ကြန်မိုးပြေးနဲ့အတူ
ရောက်လာတဲ့ အို.. ပိတောက်ဝါ
ချိန်ခါသင့်လို့ ပွင့်တာလား
တူးပို့နဲ့လန်းဖို့ ရောက်လာသလား
တန်ခူးလေနဲ့ မြူးဖို့ ၀ါဝါထိန် တောက်ခဲ့တာလား
ရှာပုံတော်အလွမ်းဇာတ်ကို တစ်ခန်းရပ်ဖို့ လာလေသလား
ဖော်ဝေးသူကို မျှော်ငေးပူဆွေးဖို့ ရောက်လာကြတာများလား။

တစ်မြေစီ ဝေးကွာခြားပြီမို့
သွေဖည်တိမ်းကာ စိမ်းပါသလား အချစ်ရယ်
ဟောဒီမှာ … နွေဦး
မင်း.. ခူးယူလိုက်ပါ
ဟောဒီမှာ … ဧပရာယ်ဖူး
မင်း.. မြူးတူးပျော်ရွှင်ပါ
ဟောဒီမှာ … ပိတောက်ဦးတွေ
မင်း.. ဆွတ်ယူဆင်မြန်းပါလေ။
ဟောဒီ မြေကမ္ဘာမှာ
မျက်ရည်တွေရှိသလို
အပျော်အပြုံး တွေလည်းရှိပါတယ်
ဒဏ်ရာဒဏ်ချက်တွေရှိသလို
ချိုမြိန်တဲ့ နေ့ရက်တွေလည်း ရှိမှာ
လူ့ဘ၀ ရခဲလှ ခဏတာမှာ
အပျော်တွေကို စိုက်ပျိုးပါ
အပြုံးတွေနဲ့ အလှဆင်ပါ
အချစ်ဦးမို့ မေ့လို့မရပါ ချစ်သော ပိတောက်ဝါ။

သစ္စာမဖောက်တဲ့ ပိတောက်တွေက
တစ်နှစ်တစ်ခါ ရောက်လာခဲ့ပေမဲ့
လွမ်းရေးထက် ၀မ်းရေးခက်တဲ့ ခေတ်ကြပ်ကြီးထဲ
အချစ်ရေးထက် စစ်ရေးကခက်ပြီမို့
တိုင်းရေးပြည်ရေး ရတက်မအေးနိုင်လို့
တစ်ယောက်ပျိုကညာရဲ့ ကေသာဦးမှာ
ပိတောက်ပျိုအ၀ါကို ခူးဆွတ်ကာ ပန်ဆင်ပေးလိုပေမဲ့
ပြည်တော်ပြန် အ၀င်ခက်သမို့
ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲသာမို့
ဆယ်မိုးဆယ်နွေ ရှည်ကျော်ခဲ့ အလွမ်းရက်ရှည်ခရီးထဲ
ရည်မျှော်ကာ မပျော်ရက်နိုင်သူကို
ချစ်ဦးသူခင်က
ပန်းကြွေပိတောက်တွေနဲ့အတူ
လွမ်းနေလောက်ပြီပေါ့။

ငြိမ်းချမ်းအောင်

11 comments:

Apprenticeship said...

KO Htut yay.... Hkan sar chat twe pin htan hla chi lar :P. Chittat dar ka soe dal naw... Lawn lawn ya dar ma kaung bu ha. Di New Year daw a lawn ne kin ze byar :) Very catchy and expressive.Keep up with great thoughts...

စိုးထက် - Soe Htet ! said...

ပိတောက် လွမ်းတာခြင်းကတော့ သိပ် ကွာကြမယ် မထင်ပါဘူး :)

Anonymous said...

mite tel byo.. lwam tel, di poem phut pyi taw po lwam tel.

Anonymous said...

great thoughts!! want to read more poem about Thingyan.

မြန်မာပြည်ကိုလွမ်းတယ် said...

သင်္ကြန်မိုးပြေးလေးရယ်၊ရွှေဝါရောင်ပိတောက်
ပန်းလေးရယ်၊ရွှေပြည်တော်ကြီးရယ်ကို
လွမ်းနေတဲ့ပိတောက်ဝါနဲ.တူတူ လွမ်း
သွားတယ်အကိုရေ။

Pinkgold said...

လွမ်းရေးထက် ၀မ်းရေးခက်တဲ့ ရွှေထက်ကိုတော့ ရုံးက GM ကပြောတယ် သင်္ကြန် ဘာမှ မလုပ်ဖြစ်ရင် ရုံးမှာ အလုပ်လုပ်ကြ ၇အောင်လား ညီမလေးတဲ့.. အဖြစ်က ဆိုးတယ် အကိုရဲ့ .. ရိုးရိုး သိချင်လို့ မေးတယ်ထင်လို့ အိမ်မှာပဲ နေဖြစ်လိမ့်မယ် ဖြေလိုက်တာလေ.. အိအိ

Kaung Kin Ko said...

ကောင်းကင်ကို တွန်းဖွင့်ကြည့်တော

ကျွန်တော့်ကို တွန်းလိုက်ရင် ကျွန်တော်လဲသွားမှာပေါ့ :-D

နောက်တာဗျာ။ ကဗျာလေး အရမ်းကြိုက်တယ် အစ်ကို

ဆောင်းယွန်းလ said...

ကဗျာဖတ်ရင်းအလွမ်းတောထဲရောက်သွားသလိုဘဲ...
ကဗျာလေးကိုကြိုက်တယ်ဗျာ...ရွှင်လန်းပါစေ

Anonymous said...

လမ်းတစ်လျှောက်သင်းပါဘိ
ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း

ရှေးကဗျာလေးအနဲ့အတူ
လွမ်းမိတယ်။

Tin said...

နှစ် လ ရာသီ အလီ လီ
ဘယ်လို ပင် ပြောင်း ခဲ့ ပြောင်း ခဲ့
်တို့  တွေ အား လုံး အသက်တွေကြီး ခဲ့ ပေမဲ့
မပြောင်းလဲ တဲ့
အမြဲ ကြုံ တွေ့ ရ
နု ပျို လှ ပ
ဒို့ ဒုက္ဒ က... လွတ် ရာ နတ္ထိ
ဆေး မရှိ။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ....:D

Anonymous said...

How thoughtful and poetic you are.. Keep going.. i wish i could write the poem like that...poor me:( i can't write..