05 August, 2009

ခုတလော တက်ဂ်တဲ့စာ

ကိုအောင် (ပျူနိုင်ငံ) တက်ဂ်ပါသည်။

တွေးနေမိတာက
ကံ ကံ၏ အကျိုး ဆိုသောကိစ္စ။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ငြိမ်းချမ်းအောင်.. မနှစ်ကထက်စာရင် ဒီနှစ် မောင်ရင် အသက်တနှစ်ပိုကြီးလာတာကလွဲလို့ အချိန်ပိုမစီးလာပါလား ငါ့ကောင်ရေ..။

ကျန်းမာရေး
ရုပ်၊ နာမ် နှစ်ခုလုံး ကျန်းမာမှ ကျန်းမာရေး ကောင်းတယ်လို့ ယူဆနိုင်တယ်ဆိုပါတယ်။ လူတွေက ကိုယ့်ကိုကိုယ်တော့ ကျန်းမာနေကြတယ်လို့ထင်တတ်ကြတယ်။ ဖျားနာနေတာမဟုတ်ရင်ကျန်းမာနေတယ်လို့ ယေဘူယျပြောနိုင်ပေမဲ့ …အတ္တ
အလုံးစုံကိုဖယ်ခွါနိုင်ပြီး အန္တိမ စင်ကြယ်ခြင်းကိုမရသေးသ၍ လူ့စိတ်ဆိုတာ တနည်းနည်းနဲ့တော့ ဖောက်ပြန်ရူးသွပ်နေကြတာပါပဲ။ ရုပ်ကျန်းမာရေးကတော့ ကျနော်ကောင်းနေပါတယ်။

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
facebook… ပါ။ (အင်တာနက်နဲ့ဝေးနေချိန်မှလွဲ၍ facebook သုံးခဲ့တဲ့ ၂နှစ်အတွင်းမှာ တရက်မှ မပျက်မကွက် ဖွင့်ပြီး ဖတ်ဖြစ်ခဲ့တာ facebook ပါပဲ။)

ရောက်ဖြစ်နေတာက
ကွန်ပြူတာအရှေ့။

ရေးဖြစ်နေတာက
ဒီရက်ထဲမှာ ဘာမှ မရေးဖြစ်ပါဘူး။ တကယ်ပါ။

နားထောင်ဖြစ်နေတာက
ယူကျူ့မှ မြန်မာသီချင်းများ။

ရွတ်နေမိတဲ့ ကဗျာက
ဘာကဗျာမှ မရွတ်ဖြစ်ပါဘူး။ တကယ်ပြောတာပါ။

ဖြစ်ချင်နေတာက
ဘီလီယံနာ။ (ကျနော်ဘီလီယံနာဖြစ်ရင် လုပ်စရာလေး တစ်ခုရှိလို့ပါ)

သနားနေမိတာက
ပေးစရာငွေမရှိ၊ ပြေးစရာ မြေမရှိ၊ အိုးထဲမှာ ဆန်မရှိ၊ မနက်ဖြန်အကြောင်း ငါမသိ.. စသည်ဖြင့် ဆင်းရဲနုံချာလှသော ကျောမွဲ နင်းပြားများ။

လွမ်းနေမိတာက
နတ်ပြည်။

မေ့လျော့ပစ်နေမိတာက
မနက်ဖြန်။

ခါးသက်နေမိတာက
လူ့ဘ၀။

တမ်းတနေမိတာက
လူ့ဘဝ

ကြိတ်ပြီးချီးကျူးနေမိတာက
တိုင်းပြည်အကျိုးဆောင်ရွက်ရင်း အကျဉ်းကျခံနေရသူများ။

ကြိတ်ပြီးအထင်သေးနေမိတာက
အရိုးအရင်းကိုက်ပြီး နေ့စားကျွန်ခံ သခင်အားရကျွန်ပါးဝ ရိုက်ရဲနှက်ရဲ သတ်ရဲဖြတ်ရဲ လက်မရွံ့အာဏာပါးကွက်သား မြန်မာပြည်မှ ကြံ့ဖွတ်နဲ့စွမ်းအားရှင် လူဆိုးများ။

ဆန္ဒမရှိတဲ့နေရာ
ကပ်ရောဂါထူပြော၊ တောရိုင်းဥပဒေ ကြီးစိုး၊ တနေ့ထက်တနေ့အသက်ရှူကြပ်လာနေတဲ့ လူသားကမ္ဘာ။

ဆန္ဒရှိနေတဲ့ကိစ္စ
အမှန်အတိုင်းပြောရရင်တော့ လူသတ်ချင်စိတ်ပေါက်နေတယ်။

မုန်းတီးနေမိတာက
ကံကြမ္မာ

ချစ်နေတာက
ချစ်စရာကောင်းတဲ့ …. ။

စိတ်ပျက်နေမိတာက
၃၁ ဘုံ။

စွဲလန်းနေမိတာက
၃၁ ဘုံ။

လိုအပ်နေတာက
ပိုက်ဆံ။

တောင်းနေမိတဲ့ဆု
ဂျက်ပေါ့နဲ့ဒက်ထိ တိုးပါစေ။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ထလော့မြန်မာ မြန်မာထလော့။

ဝန်ခံချင်တာက
ကိုအောင်ကို အားနာသဖြင့် စိတ်ကူးပေါက်ရာ ထင်သလို ချရေးလိုက်ခြင်းဖြစ်သည်။

5 comments:

ဆောင်းယွန်းလ said...

လွမ်းနေမိတာက
နတ်ပြည်။

မေ့လျော့ပစ်နေမိတာက
မနက်ဖြန်။

ခါးသက်နေမိတာက
လူ့ဘ၀။

တမ်းတနေမိတာက
လူ့ဘဝ
လူပီသမှုထဲမှာ ဖြစ်တတ်တဲ့သဘောတွေချည့်ပါပဲလား
ကိုငြိမ်းချမ်းအောင်ရေ...
အဆင်ပြေရင်တော့ ကဗျာတွေပြန်ရေးပါဦးဗျာ

ကိုအောင် said...

စိတ်ကူးပေါက်ရာ ရေးထားတယ် ဆိုပင်မဲ့ မှန်တာတွေ
ကြည့်ဘဲ၊ တဂ်ကို ရေးပေးတာ ကျေးဇူးပါ ကိုငြိမ်းချမ်း။

ATN said...

အင်း...

လတ်တလော ခံစားမှုတွေကို ဖတ်သွားတယ်...
ခံစားချက်တွေက အတော်များများ တူနေသလိုပဲ ငါ့ညီရေ့...း)

kay said...

:)
ထီပေါက်ချင်သူတွေ တယ်များပါလား။

MDW said...

စွဲလမ်းတဲ့ ၃၁ ဘုံထဲမှာ အပါယ်လေးဘုံရောပါသလားဟင်။ :)