“မင်္ဂလာနှစ်သစ်ပါ ကမ္ဘာကြီး…”
ဒီလိုပဲ..စိုးရိမ်ပူပင်စိတ်တွေနဲ့
နှစ်သစ်တစ်ခုထဲ ငါခြေကျွံကျခဲ့ပြန်ပြီ။
အမှန်အတိုင်းပြောရရင်
၂၀၁၀ မှာ
ငါလိုချင်တာတွေ မရခဲ့ဘူး
ငါမလိုချင်တာတွေတော့ရခဲ့တယ်၊
ငါလုပ်ချင်တာတွေမလုပ်ခဲ့ရဘူး
ငါမလုပ်ချင်တာတွေတော့လုပ်ခဲ့ရတယ်။
စိတ်ညစ်တာကတော့
သေကောင်ပေါင်းလဲပါပဲ “နှင်းရယ်…”
ချစ်တတ်တဲ့စိတ်သာမရှိရင် ငါငုတ်တုတ်သေသွားနိုင်တယ်
ချစ်တတ်တဲ့စိတ်သာမရှိရင် ငါအငွေ့ပျံပြီးလွင့်ပျောက်သွားနိုင်တယ်
“နှင်းရယ်…”
မင်းမျက်နှာကြည့်နေရတာလောက် သာယာနာပျော်ဖွယ်ကောင်းတဲ့အချိန်မရှိပါဘူး
မင်းအကြောင်းစဉ်းစားနေရတာလောက် ရင်ခုန်ကြည်နူးဖွယ်ကောင်းတဲ့အရာမရှိခဲ့ဘူး
ဖြစ်နိုင်ရင်
အ၀တ်အသစ်လဲသလို
၂၀၁၁ မှာ
ဘ၀ကို အသစ်ပြန်လဲပစ်လိုက်ချင်တယ်
တကယ်ပါ
၂၀၁၀ ထဲမှာ
ကျွန်တော်စိုက်ခဲ့တဲ့နှင်းဆီပင်လေးပိုးကျပြီးသေသွားတယ်
၂၀၁၀ ထဲမှာ
ကျွန်တော်ပျိုးခဲ့တဲ့စံပယ်ပင်လေးလည်းမရှင်သန်ခဲ့ရှာဘူး
ကျွန်တော်စိုးရိမ်တယ်
ကြုံလှီသေးကွေးတဲ့ ကျွန်တော့်သစ်ခွပင်ကလေးတွေ
ကျွန်တော်မရှိခိုက် ဘယ်သူရေလောင်းပေးမှာလဲ
ဘာပဲဖြစ်ဖြစ်
“မင်္ဂလာနှစ်သစ်ပါ ကမ္ဘာကြီး…”
ကျွန်တော်ယဉ်ကျေးစွာ နှုတ်ဆက်ဖြစ်ခဲ့တယ်။
ငြိမ်းချမ်းအောင်
Interview With Bo Naing Maung Zaw
11 hours ago
2 comments:
ဟိုးးး အရင်တုန်းက ပွင့်ခဲ့ဖူးတဲ့ ဇီဇ၀ါပန်းလေးရော ... လန်းနေဆဲပဲလား ... ။
ဘာပဲဖြစ်ဖြစ် ... ပန်းဆိုတာက တပွင့်ကြွေ တပွင့်သစ်ပါလေ ... ။
တပင်ပျိုးလို့ တပင်ညှိုးရင် အတိုးနဲ့ နှစ်ပင်ပျိုးလို့ရတာပဲ။
အဖိုးတန်တဲ့ပန်းက ပိုပြီးပြုစုရသလို ထိမ်းသိမ်းစောင့်ရှောက်ရလဲ ခက်တယ်။
အလေ့ကျ ပန်းကလေးတွေရဲ့ အလှကိုလဲ မြင်တတ် ခံစားတတ် ချစ်တတ်မယ် ထင်တာပဲ။
ဒါနဲ့ ... စံပယ်ပင် စာလုံးပေါင်း မှားနေသလားလို့ ... ။ စံပင်ပင် ဖြစ်နေလို့ပါ။
"ဖြစ်နိုင်ရင်
အ၀တ်အသစ်လဲသလို
၂၀၁၁ မှာ
ဘ၀ကို အသစ်ပြန်လဲပစ်လိုက်ချင်တယ်"
ကဗျာဆရာရေ...
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ရွှင်လန်းချမ်းမြေ့နိုင်ပါစေ။
Post a Comment