14 January, 2008

၂၀၀၈ နှစ်ဦး အစီရင်ခံစာ

လူထုအရေးဆိုသံများ
လမ်းမတွေပေါ်
ပွင့်အံလျှံကျ
မိစ္ဆာတို့ ဖိန့်ဖိန့်တုန်အောင်ကြောက်တဲ့
သံမဏိလက်သီးပြင်းပြင်းများ
တစ်ချက်ပြီး… တစ်ချက်
ဒါ.. ကိုထင်ကျော် စလိုက်တဲ့ မီးပွား
စက်တင်ဘာ အရေးအခင်းဖြစ်တယ်
ဒါ.. ကိုမင်းကိုနိုင်ရို့လိုက်တဲ့ မီးတုတ်
လူထုလူပ်ရှားမူဖြစ်တယ်
ဒါဟာ.. သံဃာတွေဦးဆောင်တဲ့ တော်လှန်ရေး
ရွှေဝါရောင် အရေးတော်ပုံဟေ့ ။

တော်လှန်ရေးသစ်က
ဒီရေလိုင်းလုံးတွေလို
ဝုန်းဒိုင်းကြဲ
အိပ်မောကျနေသူတွေကို
ရိုက်ပုတ်လူပ်နိုး
မျှော်လင့်ချက်အသစ်တွေ
ရုဒ်မက်အသစ်တွေနဲ့
တစ်ဖန်ရှင်သန် နိုးထလာခဲ့ရပြန် ။

သွေးစက်တွေနဲ့
ခဏခဏ လိမ်းကျံခံထားရတဲ့
လမ်းမတွေဟာ
မိစ္ဆာတွေကို ကျိန်စာတိုက်တယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေဖက်က
ရည်တည်တယ်
အဖိနှိပ်ခံတွေနဲ့
ထပ်တူထပ်မျှ ခံစားတယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေရဲ့ အောင်ပွဲကို
စောင့်နေခဲ့ပြီ ။

တစ်ရက်ပြီး…. တစ်ရက်
အချိန်တွေ အကုန်မြန်လွန်းခဲ့
တချို့လူတွေအတွက်
မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းရဲ့
သံဃာတွေနဲ့ ကျောင်းသားတွေအတွက်တော့
ကမ္ဘာကြေတောင် ဥဒါန်းမကြေတဲ့ပွဲ ။

သွေးမတိတ်သေးတဲ့
သမိုင်းက
ဒဏ်ရာအနာတရတွေကို
မှတ်တမ်းတင်ထားလိုက်တယ် ။
ပြီး.. အသစ်ရေးဖို့ အသင့် စောင့်နေခဲ့ ။

“ မြန်မာပြည်အရေးဟာ
ကမ္ဘာ့အစီအစဉ်ရဲ့
ထိပ်ဆုံးမှာ ဆက်ရှိနေရမယ် ” တဲ့
အနောက်ကမ္ဘာကပြောတယ် ။
စိုးရိမ်မူ၊ သနားညှာတာမူ၊ ပံ့ပိုးကူညီမူတွေရဖို့
ဘုန်းကြီးတွေ…. ကျောင်းသားတွေ
တိုင်းပြည်ကို အသက်စွန့်ပြီး
ချစ်ရဲသူတွေ
စွန့်လွှတ်ပေးဆပ်သွားခဲ့ကြ ။

“ ရုဒ်မက် အတိုင်းဆက်သွားမယ် " တဲ့
အိုနာကျိုးကန်း မိစ္ဆာကပြောတယ်
သူ့ကိုကြည့်တော့ ယိုင်နဲ့နဲ့
ဘုန်းကြီးသွေးနဲ့ ရာဇပ္ပလ္လင်ကို ဆေးခဲ့ရတဲ့
မိစ္ဆာအိုဟာ
စိတ်ခြောက်ခြားနေတယ်
သူ့ကိုယ်သူ ယုံကြည်မူတွေ
အောက်ဆုံးအထိ
လျှောကျသွားတယ်
ရူးကြောင်ကြောင်ဖြစ်နေတယ် ။

အာဆီယံနိုင်ငံတွေက
ရပ်တည်ချက် အမျိုးမျိုးပြောင်းတယ်
တရုတ်က
ရူးချင်ယောင်ဆောင်တယ်
ခုတော့..
မြန်မာ့အရေးဟာ
မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ
ဝကွက် ရောက်ရှိနေရှာ ။

အခြေအနေတွေကတော့
ဝရုန်းသုန်းကား
ဝုန်းဒိုင်းကြဲပဲ
ပိုစတာ ကမ်ပိမ်းတွေ
စတစ်ကာကမ်ပိမ်းတွေ
အစိုးရ ဆန့်ကျင်ရေးစာရွက်စာတမ်းတွေ
နေရာအနှံ့ ပြန့်ကျဲနေတယ် ။
ရှော့ဝေ့ရေဒီယိုမှာ
ရပ်ကွက်ထဲမှာ
Taxi ပေါ်မှာ
တယ်လီဖုန်းလိုင်းပေါ်မှာ
အစိုးရမကောင်းကြောင်းတွေပြောနေကြတယ်
လူထုက
အစိုးရကို စိန်ခေါ်လိုက်တယ်
အစိုးရက
တဖြည်းဖြည်း နောက်ဆုတ်ပေးနေရတယ် ။

ခံရတာ များလွန်းလို့
ကျားနာခဲ ခဲကြလိမ့်မယ်
အသာတကြည်မပေးလို့
ရသလို ယူကြရတော့မယ်
“ ရရင်ရ၊ မရရင်ချ ” မူကို ကိုင်စွဲကြရတော့မယ်
အရေးတော်ပုံမှာ
ပါဝင်ကြဖို့ လူထုကြီးက
စိတ်လူပ်ရှားနေတယ်
ခေါင်းဆောင်ကို မျှော်နေတယ်
ဒီတစ်ခါ တိုက်ပွဲတွေမှာ
အင်တိုက်အားတိုက် ပါဝင်ကြမယ်လို့
ကတိပေးသူတွေလည်း ရှိရဲ့ ။

ဆယ်စုနှစ် နှစ်ခုနီးပါး ရှည်ကြာသွားတဲ့
ကစားပွဲဟာ
အဆုံးသတ်ချိန် နီးကပ်လာခဲ့
လူထုအတွက် နောက်ဆုတ်စရာ
နေရာလပ် မကျန်တော့သလို
အခွင့်ထူးခံ စစ်ဗိုလ်တစ်စု အတွက်
ရှေ့တိုးစရာ ကွက်လပ်မကျန်တော့
ကစားကွက်ကုန်သွားခဲ့ပြီ ။

စိတ်ဓာတ်ပျက်ပြားနေတဲ့
စစ်တပ်ဟာ
အရေးတော်ပုံမှာ
ပြည်သူလူထုနဲ့ ပူးပေါင်းလိမ့်မယ်
စစ်တပ်အတွက်
တခြားထွက်ပေါက်လည်း
ကင်းမဲ့ ။

ကျိန်စာမိနေတဲ့ စစ်ဗိုလ်တစ်စုကတော့
တိုင်းပြည်ကို
ပရမ်းပတာ စီမံခန့်ခွဲနေဆဲ
သွေးရူးသွေးတန်း ရှေ့ဆက်နေဆဲ
လူ့အခွင့်အရေးလူပ်ရှားသူကို
ထောင်ဆယ်နှစ်ချလိုက်တယ်
ဖိအားတွေကြောင့်
ဆယ်ရက်နဲ့ ပြန်လွှတ်ပေးလိုက်ပြန်တယ်
သတင်းစီးဆင်းမူကို ထိမ်းချုပ်ဖို့
စိတ်ကူးယဉ်တယ်
လူထုဒေါသကိုကြောက်လို့
ရူးချင်ယောင်ဆောင်လိုက်ရပြန်တယ်
ခံစစ်နဲ့ ကစားနေရတယ်
နောက်ကို တထစ်ပြီးတထစ် ဆုတ်ပေးနေရတယ် ။

တိုင်းပြည်ကတော့
ပြဿနာ မျိုးစုံ
ကူးစက်ရောဂါမျိုးစုံနဲ့
သေအံ့ ဆဲဆဲ ။
စနက်တံ
အဖြုတ်ခံလိုက်ရတဲ့
ဗုံးတစ်လုံးလို
ပေါက်ကွဲလု တဲတဲ ။

ကမ္ဘာ့ ပစ္စက္ခအခြေအနေအောက်မှာ
စစ်အာဏာရှင်တွေအတွက်
နေရာ ကျဉ်းသွားခဲ့
အာရှမှာ
မြန်မာဟာ
အထီးတည်း စစ်အာဏာရှင်အဖြစ်
ကြွင်းကျန်ရစ်တယ် ။

ဆင်းရဲမွဲတေလွန်းတဲ့
လူထုကြီးဟာ
သမိုင်းသစ်ဖွင့်လှစ်တော့မယ် ။
နိုင်ငံရေးအသိနိုးကြားလာတဲ့
လူထုကြီးဟာ
သမိုင်းသစ်ရေးခြစ်ရတော့မယ် ။

လုံးဝ နောက်မဆုတ်နဲ့
ရှေ့ဆက် တက်ရမယ်
ရှေ့ဆက်ပြီး… တက်ကြရမယ်
တိုက်ပွဲအရှိန်ကို မြှင့်တင်ကြရမယ်
အောင်စိတ်ကို ခိုင်ခိုင်မြဲမြဲကိုင်စွဲ
အောင်ပွဲက ဒို့ကိုစောင့်နေပြီ ။
သေချာတယ်
“ဒီ…. ၂၀၀၈” ဟာ
စစ်အာဏာရှင်တွေရဲ့ နိဂုံးပဲ
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမယ်
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမယ်ဟေ့…… ။

ငြိမ်းချမ်းအောင်
၁၄ ဇန်န၀ါရီ ၂၀၀၈

5 comments:

ဆောင်းယွန်းလ said...

တော်လှန်ရေးက
အိပ်မောကျနေသူတွေကို
ရိုက်ပုတ်လူပ်နိုး
မျှော်လင့်ချက်အသစ်တွေ
ရုဒ်မက်အသစ်တွေနဲ့
တစ်ဖန်ရှင်သန် နိုးထလာခဲ့ရပြန် ။

သွေးစက်တွေနဲ့
ခဏခဏ လိမ်းကျံခံထားရတဲ့
လမ်းမတွေဟာ
မိစ္ဆာတွေကို ကျိန်စာတိုက်တယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေဖက်က
ရည်တည်တယ်
အဖိနှိပ်ခံတွေနဲ့
ထပ်တူထပ်မျှ ခံစားတယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေရဲ့ အောင်ပွဲကို
စောင့်နေခဲ့ပြီ ။

တစ်ရက်ပြီး…. တစ်ရက်
အချိန်တွေ အကုန်မြန်လွန်းခဲ့
တချို့လူတွေအတွက်
မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းရဲ့
သံဃာတွေနဲ့ ကျောင်းသားတွေအတွက်တော့
ကမ္ဘာကြေတောင် ဥဒါန်းမကြေတဲ့ပွဲ ။

သွေးမတိတ်သေးတဲ့
သမိုင်းက
ဒဏ်ရာအနာတရတွေကို
မှတ်တမ်းတင်ထားလိုက်တယ် ။
ပြီး.. အသစ်ရေးဖို့ အသင့် စောင့်နေခဲ့ ။

တိုင်းပြည်ကတော့
ပြဿနာ မျိုးစုံ
ကူးစက်ရောဂါမျိုးစုံနဲ့
သေအံ့ ဆဲဆဲ ။
စနက်တံ
အဖြုတ်ခံလိုက်ရတဲ့
ဗုံးတစ်လုံးလို
ပေါက်ကွဲလု တဲတဲ
ကဗျာကလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတခုလုံးကိုခြုံငုံ
မိပြီး မာန်အပြည့်ပါတယ်ဗျ.လေးစားပါတယ်ဗျာ.ဒီလိုအရေးအသားတွေကလက်ရှိအခြေအနေနဲ့အကိုက်ညီဆုံးဖြစ်ပြီး.ကျနော်တို့ရဲံ့ပြည်သူတွေအတွက်အဓိကလိုအပ်နေတဲ့အ
ရေးအသားမျိုးလည်းဖြစ်တယ်ဗျ.
အမြဲအားပေးနေပါတယ်

Kaung Kin Ko said...

ဟုတ်တယ်ဗျာ။ နောက်ဆုတ်စရာနေရာလပ် မကျန်တော့ ဘူး။ နောက်မှာ ချေက်ကြီး

~P~ said...

အရမ်းကောင်းတဲ. စာသားလေးတွေပါ။ ဆက်ပြီး ဒီလိုမျိုးလေးတွေ ရေးနိုင်ပါစေလို.ဆုတောင်းပေးပါတယ်။ အမြဲအားပေးပါတယ်။

Anonymous said...

ဒီကဗျာကိုရေးထားတဲ့စိတ်ဓာတ်က အားမာန်အပြည့်ပဲအစ်ကိုရယ်။ အားပေးပါတယ်။ အောင်မြင်ပါစေ လို့လည်းဆုတောင်းပေးပါတယ်။ ၂၀၀၈ မှာမျှော်မှန်းထားတဲ့အတိုင်း အမိမြန်မာပြည် လည်းအဖြစ်အပျက်ဆိုးတွေအားလုံးကနေလွတ်မြောက်နိုင်ပါစေ။

Anonymous said...

VERY POWERFUL!