20 April, 2009

ရာသီဘွဲ့

မိုးလွန်မှထွန်ချရင်
ထွန်သွားတုံး
အခွင့်အရေးဆုံးတာပဲ
အဖတ်တင်မယ်။

ကဆုန်နယုန်မှာ
ရေစုန်မမျောခင်
တပေါင်းတန်ခူးမှာ
အကြောင်းထူးမှဖြစ်မယ်။ ။

ငြိမ်းချမ်းအောင်

6 comments:

ဆောင်းယွန်းလ said...

မိုးလွန်မှထွန်ချရင်
ထွန်သွားတုံး
အခွင့်အရေးဆုံးတာပဲ
အဖတ်တင်မယ်။
ရာသီဘွဲ့ကဗျာလေးကောင်းတယ်ဗျို့
နှစ်သစ်မှာ ရွှင်လန်းပါစေဗျာ

မိုးမြင့်အောင် said...

အနှစ်သာရနဲ့ပြည့်တဲ့ သံဝေဂကဗျာလေးတစ်ပုဒ်လို့ပဲခံစားလိုက်ပါတယ်

ကိုအောင် said...

ကဗျာကို နှစ်ခြိုက်စွာ ဖတ်ရူအားပေးသွားပါတယ်။ အလည်မရောက်ဖြစ်တာတွေ အတွက် ခွင့်လွှတ်ပါ။
ကျနော် အလုပ်နည်းနည်းများနေလို့ ကိုငြိမ်းချမ်းရေ။
အားပေးလျက်ပါ။

ကဗျာဦး said...

ရာသီဘွဲ့

မိုးလွန်မှထွန်ချရင်
ထွန်သွားတုံး
အခွင့်အရေးဆုံးတာပဲ
အဖတ်တင်မယ်။

ကဆုန်နယုန်မှာ
ရေစုန်မမျောခင်
တပေါင်းတန်ခူးမှာ
အကြောင်းထူးမှဖြစ်မယ်။ ။

ငြိမ်းချမ်းအောင်

ကဗျာကတိုတိုလေးနဲ့မိုက်တယ်

Anonymous said...

ရာသီဘွဲ့ ဖတ်ပြီး ငယ်ငယ်က သမိန်ပေါသွပ် ကာတွန်းထဲမှာ ဖတ်ခဲ့ဖူးတာလေး သတိရလို့။

"တပေါင်းတန်ခူးမှာ အကြောင်းမထူးရင် မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်တော့မယ်" ဆိုတာလေ။ :)

Moe Hlaing Nya said...

အမှန်တရားအတွက်
ငါတို့ ကဗျာဟာ
လွတ်လပ်ရေးကြေငြာစာတမ်း
သွေးကြွေးတွေအတွက်
ဆွေးနွေးဖို့မလိုတဲ့
ဖက်ဆစ်တိုက်ဖျက်ရေး
ကြွေးကြော်သံ
ဒေါင်းအလံနဲ့သပြေညို
တရားမျှတပြီး
လွတ်လပ်တဲ့ အနာဂါတ်ကို
ကြိုနေတယ်...
အောင်ပွဲဆီကို မြင်းရိုင်းတွေလို
ကဆုန်ဆိုင်းဖို့
ငါတို့ စိတ်ဓါတ်တွေသန်မာဖို့လိုနေတယ်...။