အင်ဂျင်စက်တွေလဲသလို
ဦးဏှောက်တွေကို ထုတ်လဲပစ်လိုက်လို့ ရရင်ကောင်းမယ်
ပြီးတော့ ကွန်ပြူတာမှာ ဖိုင်စီသလို
အတွေးအခေါ်တွေကို ပြန်စီပစ်လိုက်ချင်တယ်
မိန်းတိမ်းနမ့်ဆိုတဲ့ သိုးဆောင်းစကားတစ်လုံး
လူသားတွေအတွက် အကြုံးမ၀င်ခဲ့
မျိုးချစ်စိတ်မရှိတဲ့ နိုင်ငံမှာ သူရဲကောင်းမပေါ်နိုင်ဘူး
အခုတော့ ငါ့ဦးဏှောက်တွေ ဆွံ့အနေတယ်
သားကြောဖြတ်ခံထားရသူတစ်ယောက်လို
လူတွေရဲ့ အတွေးအခေါ်တွေ မြုံနေကြတယ်
“သတ္တိ” လို့ လက်ဖျံမှာဆေးမင်ကြောင်ရေးထိုးပြီး
သွေးကြွနေတဲ့ သူတွေလည်းရှိတယ်
ဆယ်အိမ်ခေါင်းနဲ့ ပေါင်းပြီး
သူကြီးကို ငပေါပါလို့ ထင်နေသူတွေလည်းရှိတယ်
ဘာပဲဖြစ်ဖြစ်
အာရှတိုက်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ်ဟာ
အာဖရိကတိုက်က ပြည်တွင်းဒုက္ခသည်တွေရဲ့ ပစ္စုပ္ပန်ထက်သာတယ်
အမေရိကန်ကျောင်းသားတစ်ယောက်မှာ
သမတ္တဖြစ်ခွင့်ရဖို့ အိပ်မက် မက်ခွင့်ရှိတယ်
မြန်မာပြည်ကကျောင်းသားတစ်ယောက်မှာ
ထောင်ကျခွင်ရဖို့ မျှော်လင့်နိုင်တယ်
ဥရောပတိုက်က သတင်းစာဆရာတစ်ယောက်မှာ
နိုဘယ်လ်ဆုရဖို့ မျှော်လင့်ခွင့်ရှိတယ်
တရုတ်ပြည်က သတင်းထောက်တစ်ယောက်မှာ
သေဒဏ်ကျခံရဖို့မျှော်လင့်နိုင်တယ်
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားတစ်ယောက်နဲ့
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘယ်သူက ပိုအလုပ်ဖြစ်သလဲ
တရုတ်သမတ္တနဲ့ တရုတ်လယ်သမား
ဘယ်သူက ပိုတန်ဖိုးရှိသလဲ
နေပြည်တော်က ခွေးတစ်ကောင်နဲ့
နယ်စပ်က ဒုက္ခသည်တစ်ယောက်
ဘယ်သူက တိုင်းပြည်ကို ပိုချစ်သလဲ
အသက်ရှူကြပ်နေတဲ့ ကမ္ဘာကြီးထဲမှာ
မနက်ဖြန်မနက်လင်းလာတဲ့အခါ စစ်ဖြစ်နိုင်တယ်။ ။
ငြိမ်းချမ်းအောင်
၇ ဒီဇင်ဘာ ၂၀၀၇
ပြန်ခေါက်ထားပါ...
ဘိတ်-ထားဝယ်ခရိုင်၌ ငှက်ဖျား ဆေးဝါးများ ပြတ်လပ်
2 hours ago
3 comments:
အမေရိကန်ကျောင်းသားတစ်ယောက်မှာ
သမတ္တဖြစ်ခွင့်ရဖို့ အိပ်မက် မက်ခွင့်ရှိတယ်
မြန်မာပြည်ကကျောင်းသားတစ်ယောက်မှာ
ထောင်ကျခွင်ရဖို့ မျှော်လင့်နိုင်တယ်
ဥရောပတိုက်က သတင်းစာဆရာတစ်ယောက်မှာ
နိုဘယ်လ်ဆုရဖို့ မျှော်လင့်ခွင့်ရှိတယ်
တရုတ်ပြည်က သတင်းထောက်တစ်ယောက်မှာ
သေဒဏ်ကျခံရဖို့မျှော်လင့်နိုင်တယ်
အဲဒီ့ အပိုဒ်ကို အကြိုက်ဆုံးပဲဗျာ။ ကဗျာကိုရုပ်လုံးအရမ်းကြွစေတယ်။
အသက်ရှူကြပ်နေတဲ့ ကမ္ဘာကြီးထဲမှာ
မနက်ဖြန်မနက်လင်းလာတဲ့အခါ စစ်ဖြစ်နိုင်တယ်။ ။
နိဂုံးအပိုဒ်ကလဲ ကဗျာဖတ်သူကို အသက်ရှူတကယ်ကြပ်သွားစေတယ်ဗျာ။
နေပြည်တော်က ခွေးတစ်ကောင်နဲ့
နယ်စပ်က ဒုက္ခသည်တစ်ယောက်
ဘယ်သူက တိုင်းပြည်ကို ပိုချစ်သလဲ
စကားလုံးတွေကထိမိတယ်ဗျို.
အမေရိကန်ကျောင်းသားတစ်ယောက်မှာ
သမတ္တဖြစ်ခွင့်ရဖို့ အိပ်မက် မက်ခွင့်ရှိတယ်
မြန်မာပြည်ကကျောင်းသားတစ်ယောက်မှာ
ထောင်ကျခွင်ရဖို့ မျှော်လင့်နိုင်တယ်
ဥရောပတိုက်က သတင်းစာဆရာတစ်ယောက်မှာ
နိုဘယ်လ်ဆုရဖို့ မျှော်လင့်ခွင့်ရှိတယ်
တရုတ်ပြည်က သတင်းထောက်တစ်ယောက်မှာ
သေဒဏ်ကျခံရဖို့မျှော်လင့်နိုင်တယ် .............သွေးထွက်အောင်မှန်တယ်ဗျာ......ကိုကောင်းကင်နဲ့အကြို..ကိုကောင်းကင်နဲ့အကြိုက်ချင်းတူနေတယ်
Post a Comment