30 October, 2007

Zarganar Questioned and Freed with Warning

ပြည်သူ့ရှေ့ ကရဲရဲရင့်ရင့်ရပ်တည်တိုက်ပွဲဝင်တဲ့ အနုပညာရှင် ကိုဇာဂနာ အဖမ်းခံရပြီးနောက်ပြန်လွတ်လာ

photo: comediansclub.blogspot.com
မနေ့က ညနေက ကိုဇာဂနာကို စစ်အစိုးရမှ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားခဲ့ပြီး သတိပေး တားမြစ် ချက်များလုပ်အပြီး၊ အင်္ဂါနေ့မနက်မှာတော့ ကိုဇာဂနာကို ပြန်လွှတ်ပေးလိုက် ပါတယ်။

ကိုဇာဂနာဟာ အခြားအနုပညာရှင်တွေနဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ဘုန်းတော်ကြီးတွေကို စက်တင်ဘာလအ တွင်းက ဆူးလေဘုရားရှေ့မှာ ဆွမ်းလောင်း လူခဲ့ပါတယ်။ စက်တင်ဘာ (၂၅) ရက်နေ့မှာ အဖမ်းခံခဲ့ရပြီး၊ အောက်တိုဘာ (၁၇) ရက်နေ့မှာ လွတ်မြောက် လာခဲ့ပါတယ်။
အဲဒီနောက် သူဟာ ကိုယ်ပိုင်ဘလော့ တစ်ခု ဖွင့် ပြီး၊ “စစ်ခွေးအတွေး” ဆိုသောဟာသအပါအ၀င် ထောင်အတွင်း (စစ်ခွေးတိုက်အတွင်း) တွေ့ကြုံခဲ့ရတဲ့ အဖြစ် အ ပျက် တွေကို ဟာသနှောပြီး ရေးသား ခဲ့ပါတယ်။

ဒီဗွီဘီ အပါအ၀င် အခြားသတင်းဌာန တွေနဲ့လည်း ရဲရဲတောက် အင်တာဗျူးတွေကို ဟာသနှောပြီး လုပ်ခဲ့ပါတယ်။ သူ့အင်တာဗျူးတွေ၊ သူ့ဘလော့မှာ တင်ထားတဲ့ ရေးသား ချက် တွေဟာ ဟာသတွေနှောထားပေမဲ့ စစ်အစိုးရကို ပြောင်လှောင် စိန်ခေါ်ထားတာတွေပဲ ဖြစ်ပါတယ်။

ထောင်ထဲမှာ သူတွေ့ကြုံခဲ့ရတဲ့ အခြားနိုင်ငံရေး အကျဉ်း သားတွေရဲ့ အခက်အခဲ၊ ဒုက္ခအပေါင်းကို အပြည့်အစုံ ပြန်လည်ဖောက်သည် ချခဲ့ပါသေးတယ်။ “ဗုဒ္ဓံ သရဏံ ဂန်းစာမိ” “ဦးနှောက်မရှိပဲနဲ့ တိုင်းပြည်ကို နှစ် ၄၀ ကြာ အုပ်ချုပ်နိုင်သော စစ်ဗိုလ်ချုပ်များ” စတဲ့ ပျက်လုံးတွေဟာ ကိုဇာဂနာရဲ့ ထင်ရှားတဲ့ နောက်ဆုံးပေါ် ပြက်လုံးတွေ ဖြစ်ပါတယ်။

ကိုဇာဂနာဟာ သူ့ရဲ့နိုင်ငံရေး လူပ်ရှားမူတွေကြောင့် ယခင်က လည်းထောင်ကျခဲ့ ဖူးပါတယ်။ ၁၉၉၈ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၀ ခုနှစ်မှာ တစ်ကြိမ် အဖမ်းခံ ခဲ့ရပါတယ်။ ၁၉၉၄ မှာတော့လွတ်မြောက် လာခဲ့ပါတယ်။ စစ်အစိုး ရ ကနေ ၂၀၀၇ ခုနှစ်အစောပိုင်းမှာ ကိုဇာဂနာရဲ့ အနုပညာ လူပ်ရှားမူတွေကို ပိတ်ပင်ထားတာ ယနေ့တိုင်ပါ။

No comments: