28 December, 2007

ကချေသည် စကား

ကျနော့်ကဗျာ “ကချေသည်” မှာ “အမည်မသိ” နဲ့လာရေးသွားတဲ့ Comment ပါ။ “ကချေသည် စကား” တဲ့။ ဒီ Comment က ကျနော်ခံစားလို့ ရတဲ့ ကဗျာတစ်ပုဒ်ပါ။ ဒါကြောင့် ကဗျာ အဖြစ်တင်လိုက်ပါတယ်။ အမည်မသိ ဆရာခင်ဗျား Comment အတွက် ကျေးဇူးပါနော်..

Anonymous Anonymous said...

ကချေသည် စကား


ကျေနပ်ပါကွယ်
ပင်ပန်းနွမ်းနယ်နေပေမဲ့
အချစ်ရဲ့ တန်ခိုးကြောင့်
မရိုးနိုင်တဲ့ အကတွေနဲ့
ဖျော်ဖြေလိုက်ပါရစေ... ။

သီချင်းတပုဒ် ...
ပြီးတော့ နောက်တပုဒ်လေ
သီချင်းတွေ မဆုံးခင်
မိုးလည်း မလင်းစေချင်ပါ
မိုးလင်းတဲ့အခါ ဒီနေရာက
ထွက်ခွာသွားရတော့မှာ ... ။

မျက်နှာက ပြုံးနေပေမဲ့
နှလုံးသားမှာ ငိုကြွေး
အလွမ်းတေးတွေ သီဆို
ခွဲရမှာကို ကြိုသိနေလို့ပါ ... ။

ရွှေနားတော်သွင်း တေးသီချင်း
မင်းအတွက် အပျင်းပြေ
သီဆိုနေပါ့မယ် ...
ကကြိုးကကွက်ဆန်းပြား
မင်းရှုစားဖို့
ကြိုးစားက-နေတယ် ...
နှလုံးသားနဲ့ ခံစား
နှလုံးသားနဲ့ နားဆင်
မင်း မြင်လှည့်ပါ့ကွယ် ... ။

December 28, 2007 1:07 AM

1 comment:

Anonymous said...

ကဗျာကို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်