01 November, 2007

ငြိမ်းချမ်းရေးတဲ့လား....နား

အစိမ်းရောင်တွေ ကြွေနေတာပါ

ကြည့်စမ်း.. တစ်စစီ.. တစ်စစီ...

သေချာပါတယ်

အရူးအမူးကို ချစ်ခဲ့တာပါ

သူမ..

ည..

လရောင်..

ရင်ခုန်နေတဲ့ ချိုးတစ်ကောင်...


လက်နက်ချသွားတဲ့

မြို့ပြကတော့ အိပ်ချင်သိုးသိုးနဲ့

ငြိမ်းချမ်းရေးသီချင်းကို ဆိုနေပြန်ရော…..။


ငြိမ်းချမ်းအောင်

၂၀၀၀ ခုနှစ် “နွေဦးအိုးဝေ” ဂျာနယ်။

၁ နိုဝင်ဘာ၊ ၂၀၀၇ နေ့တွင် ခေါင်းစဉ်အပါအ၀င် အနည်းငယ် ပြန်ပြင်ထားသည်။

မူလခေါင်းစဉ်မှာ “အစိမ်းရောင်ငြိမ်းချမ်းရေး” ဖြစ်သည်။

No comments: