02 November, 2007

Panties Game

ပျော်ရွှင်စရာပန်တီဂိမ်းကစားကြရအောင်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အမျိုးသမီး အတွင်းခံဘောင်းဘီဖြင့်ပစ်ကစားသည့် အင်တာနက် ဂိမ်းတမျိုးကို အမေရိကန် နိုင်ငံ
ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Mochi Media ကုမ္ပဏီက စတင်ထုတ်လုပ်လိုက်သည်။ ထုတ်လုပ်ပြီးပြီးချင်းကစားသူ သိန်းဂဏန်းအထိ တက်သွားခဲ့သည်။
“Panties for Peace” ဟု အမည်ရသည့် အဆိုပါဂိမ်းသည် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သည့် ပထမဆုံး ဂိမ်းဖြစ်၍၊ ရွေ့လျားခုန်ပေါက်နေသည့် ဗိုလ်ချုပ်မှူးကြီး၏ ပြောင်စပ်စပ်ဓါတ်ပုံများအား အတွင်းခံဘောင်းဘီဖြင့် ပစ်ရသည်။ ဗိုလ်ချုပ်ရူးကြီးအား အတွင်းခံ ဘောင်းဘီ ထိမှန်ပါလျှင် ဗိုလ်ချုပ်ရူးကြီးပျောက်ဆုံးသွားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်အခြေစိုက်သည့် Lanna Action for Burma အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့မှစ၍ အမျိုးသမီး အတွင်းခံဘောင်းဘီများကို မြန်မာသံရုံးသို့ပို့သည့် လှုပ်ရှားမှုအား စတင်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံအများစုရှိ အမျိုးသမီးများသည် ဤလူပ်ရှားမူတွင် ပူးပေါင်းပါဝင် လာခဲ့သည်။ ဗိုလ်ချုပ်ရူးကြီးကို အမျိုးသမီး အောက်ခံဘောင်းဘီဖြင့် ပစ်ပေါက်လိုသူများ ဒီနေရာကိုသွားပါ။

5 comments:

Winkabar said...

ကြံကြီးစီရာ လုပ်တတ်တယ်နော်လူတွေကလည်း။
အံ့သြသွားတာပဲ။ လင့်က သွားလို့မရဘူး။ကြည့်ပေးပါဦး။

Nyein Chan Aung said...

ဟုတ်ပါ့ ဒေါ်ပိစိရေ... ကြံကြီးစီရာ လုပ်တတ်ကြတယ်..။ လင့်ခ်ကိုပြန်စမ်းကြည့်တယ်..၊ မရဘူးဖြစ်နေတယ်။ သွားလို့ရတဲ့ လင့်ခ်ပျောက်နေလို့ ပြန်ရှာနေတယ်။ ရတာနဲ့ ပို့ပေးလိုက်မယ်နော်..။

Anonymous said...

hote tal, link is dead

Anonymous said...

Try again...the game is back up!!

Anonymous said...

http://www.readyaimvote.com/pantiesforpeace/index.html