18 October, 2007

45th Birthday of Ko Min Ko Naing - Wishing you Be Healthy and Long Live

ဒီကနေ့ကျရောက်တဲ့ ကိုမင်းကိုနိုင်ရဲ့ (၄၅) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီပို့စ်ကို တင်ဆက်ပါတယ်။

၂၀၀၇ မေ (၂၇) NLD ပါတီ (၁၉) နှစ်မြောက် မွေးနေ့တွင် ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးရှေ့တွင် ပြောသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ရဲရဲတောက် မိန့်ခွန်း အောက်တွင်နားဆင်နိုင်ပါသည်




သစ္စာ


အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏ သွေးမနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဉာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနဲလျှင်
သင်တို့ ၀ိဉာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း

လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။

မင်းကိုနိုင်




- ကျောင်းသားဆိုတာ
အမိဗမာပြည်ရဲ့ တောင်းဆိုချက်
သမိုင်းလိုအပ်ချက်နဲ့ ကိုက်ညီစွာ
ကာလတိုင်းမှာ တတပ်တအား
တိုက်ပွဲကြားမှာ တတပ်တအား
တိုက်ပွဲကြားမှာ ဖြတ်သန်းရင်း
မီးပြင်းအတွင်းမှာ
ကြီးပြင်းရှင်သန်ခဲ့သူတွေဖြစ်ကြတယ်။


- ကျောင်းသားဆိုတာ
လူတန်းစားတရပ်မဟုတ်
အလုပ်သမား လယ်သမား
ပြည်သူတွေရဲ့သား
ပြည်သူများရဲ့ သမိုင်းစဉ်
ကျောင်းသားအစဉ်ပါခဲ့တယ်။

- ကျောင်းသားဆိုတာ
ထာဝရ ရှင်သန်
ဥဒေါင်းသဏ္ဏာန် အမိဗမာပြည်ကြီးရဲ့
ရူမငြီးတဲ့ သမီးသားပေါင်း
ခွပ်ဒေါင်းရင်နှစ်လေးများ ဖြစ်ကြပါတယ်။

- ဒေါင်းအမိရဲ့
ကောင်းအတိဖြစ်သော သားမြေးမြစ်
ခွပ်ဒေါင်းအစစ်မှန်သမျှ
ဘယ်တော့မှ ဒူးမထောက်
မကြောက်တရား တံခွန်ထူ
ရန်သူမှန်သမျှ တိုက်ခိုက်ရဲ
ဇွဲနပဲနဲ့ ဆက်ပြီးဆင်
အောင်ပွဲမြင်နိုင်သူတွေ ဖြစ်ကြတယ်။

- ခွပ်ဒေါင်းဆိုတာ
ဗမာပြည်ရဲ့သမိုင်းကြောင်း
တိုက်မောင်း တိုက်စည်ကြီးတွေဖြစ်ကြတယ်။

- ကျောင်းသားသမိုင်းဆိုတာ
ဗမာပြည်ရဲ့သမိုင်းကြောင်း
ဆက်ပေါင်းပြီး အားသွန်ဖြည့်
ဂုဏ်ရောင်ပြည့်တဲ့ မော်ကွန်းစဉ်
တိုက်ပွဲဝင်တဲ့ မှတ်တမ်းနီကြီးဖြစ်ပါတယ်။

- ခွပ်ဒေါင်းတို့ရဲ့ တွန်ကျူးသံ
ပဲ့တင်ညံကာ ဝေလေတိုင်း
ဗမာ့သမိုင်းဟာ တဆင့်တက်
ဖောက်ပြန်သူတွေ သွေးလေပျက်
ပြည်သူတွေအတွက်တော့ အားမာန်ဖြစ်
မျှော်လင့်ချက်သစ်တွေ မွေးဖွားပေးခဲ့တယ်။


- ဒေါင်းနိုင်ငံ
ကောင်းနိုင်ရန် အစဉ်ရူ
ပြည်သူ့ဘက်က အမြဲနေ
မော်ကွန်းတွေကို ဆက်ပြီးရေး
ခွပ်ဒေါင်းသွေားဟာ ထာဝစဉ်နီ
ကမ္ဘာတည်သရွေ့သမိုင်းကြောင်း
ခွပ်ဒေါင်းဆက်ဆက်………….. တွန်ဦးမည။်
ခွပ်ဒေါင်းဆက်ဆက်………….. တွန်ဦးမည်။

No comments: