18 October, 2007

Hot News



မြန်မာပြည်ရဲ့ ချာလီချက်ပလင် (သို့) ပြည်သူ့ သူရဲကောင်း ရဲဘော်ကြီး ဇာဂနာကို ပြန်လွှတ်ပေးလိုက် ရပြီ...

လူရွှင်တော်ဇာဂနာ ခေါ် ဒါရိုက်တာ ကိုသူရ မနေ့ည(၇)နာရီလောက်မှာ ပြန်လွတ်လာ ခဲ့ပါသည်။ ထိန်းသိမ်းရေး စခန်းမှာ(၂၁)ရက်ကြာ ထိန်းသိမ်း ခံလာရတဲ့ ကိုဇာဂနာဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကျန်းမာရေး သိပ်မကောင်းတဲ့ အတွက် နေအိမ်မှာ အနားယူနေ ရပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းအရ ရုပ်ရှင်သရုပ်ဆောင်ကို ကျော်သူ၊ ဇနီး မရွှေဇီးကွက်နှင့် ဟာသ သရုပ် ဆောင် ဇာဂနာကို ယမန်နေ့ညက စစ်အစိုးရက ပြန်လွှတ်ပေး လိုက်သည်ဟု ကြားသိရပါသည်။

သရုပ်ဆောင် ကိုကျော်သူနှင့် မရွှေဇီးကွက်၏ သားကြီးဖြစ်သူ မောင်ပြည်သိန်းကျော်က “သတင်းတော့ ကြား တယ်။ ရန်ကုန်အိမ်ကို ဖုန်းဆက်လို့ မရသေးဘူး။ အဖေ လွတ်တယ် မလွတ်သေးဘူး ဆိုတာ ကျနော် မသိ သေးဘူး။ လွတ်ရင်တော့ ကောင်းတာပေါ့။ တကယ် ထွက်တာ ဆိုရင် ၀မ်းသာပါတယ်”ဟု အမေရိကန်နိုင်ငံ ဖီးနစ်မြို့မှ ပြောကြားသည်။

ကိုမင်းကိုနိုင်ကိုလည်း ပြန်လွှတ်ပေးလိုက်ပြီဟု အတည်မပြုရသေးသော သတင်းများ အရ သိရသည်။

No comments: